Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ် - ကျင်းပမည့်ရက်ကို မှတ်ထားပေးပါရန်။

 

စတုတ္ထအကြိမ်မြောက်ကျင်းပမည့် မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ် ကို MCRB၊ ဖန်တီးရာနှင့် မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ MIDO နှင့် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ FEMတို့ က ပူးပေါင်းဦးစီးကာ ၂၀၂၀ ဖေဖော်ဝါရီ ၂၈ နှင့် ၂၉ တို့တွင် ကျင်းပမည်ဖြစ်သည်။ကမ္ဘာတစ်ဝန်းမှ  တက်ရောက်သူပေါင်း ၂၄၀ ပါဝင်ခဲ့သည့် တတိယအကြိမ်မြောက်အခမ်းအနား၏ အနှစ်ချုပ် အစီရင်ခံစာကို အွန်လိုင်းတွင် ရယူနိုင်ပြီ ဖြစ်သည် ။

 
MDRF FB page ကို Follow ပြုလုပ်ထားပါရန်။
 
 
 
 
 
 

၂၀၁၉ ခုနှစ်အတွက် တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာဆု များချီးမြှင့်

 

Myanmar Responsible Tourism Institute (MRTI) က ချီးမြှင့်သည့်  ၂၀၁၉ ခုနှစ်အတွက် တာတန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာဆု နှင့် ဆန်ကာတင်စာရင်းဝင်များကို ဒီဇင်ဘာ ၆ရက်က ရန်ကုန်မြို့ရှိ Park royal Hotel တွင်ဆုချီးမြှင့် ခဲ့သည်။ MCRB မှ ကိုဝင်းမင်းက ရွေးချယ်မှုတွင် ပါဝင်ခဲ့သည်

 
Follow MRTI FB page
 
 
 
 
 
 

ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ များ၏ စည်းမျဉ်းများ သတ်မှတ်ခြင်း

 
နိုဝင်ဘာ၂၂ရက်က MCRB အပါအဝင် “ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)” ၏ပဲ့ကိုင်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် တွဲဖက် ဥက္ကဌ နှင့် ဆွစ်ဇာလန် သံအမတ်ကြီး Mr. Tim Enderlin တို့က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဦးဆောင်သည့်လုံခြုံရေးဆိုင်ရာ စိစစ်ကြီးကြပ်မှု ကော်မတီ နှင့်တွေ့ဆုံ ကာ ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများအား မိတ်ဆက်ခဲ့ပြီး ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများ၊ အများပြည်သူအတွက် လုံခြုံရေးဆောင်ရွက်နေသူများ နှင့် မည်သို့ သက်ဆိုင်သည်များကို ဆွေးနွေးခဲ့သည်။ ဒီဇင်ဘာ ၁၅ မှ ၁၇ရက်တွင် MCRB မှ တွင်းထွက်ကဏ္ဍတာဝန်ခံ ကိုအောင်ကျော်စိုးက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် International Forum on Security and Law ကို တက်ရောက်ကာပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများ ကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲ အသံထွက်စာအုပ်

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကိုကြိုဆိုသောအားဖြင့် အမြင်အာရုံမသန်စွမ်းသူများ လက်လှမ်းမီဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ “မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိအလုပ်ရှင်များအတွက် လက်စွဲစာအုပ်” ကို အသံထွက်စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။ ယင်းကို မြန်မာနိုင်ငံမျက်မမြင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဤနေရာတွင် ရယူနားဆင်နိုင်ပါသည်။  

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

၂၀၂၀ ခုနှစ် အတွက် IHRBမှ သတ်မှတ်သည့် စီးပွားရေးလုပ်ငန်းများအတွက် ထိပ်တန်း လူ့အခွင့်အရေး ကိစ္စရပ်များ

 

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကို အထူးပြု၍ လာမည့်နှစ်အတွင်း စီးပွားရေးနှင့် လူ့အခွင့်အရေး မျက်နှာစာတွင်  အရေးပါမည့် ထိပ်တန်း ကိစ္စရပ် ၁၀ခုကို IHRBက ထုတ်ပြန်ခဲ့သည်။ IHRB၏ ၁၀နှစ်ပြည့်အခမ်းအနား ကို လည်း ယခုလဆန်းတွင် ကျင်းပခဲ့သည်။

 
ကြည့်ရှုလိုပါက
 
 
 
 
 
 

MCRB၏ အစီရင်ခံစာသစ်များ အွန်လိုင်းတွင် ရယူနိုင်ပြီ

 

MCRB မှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အခမ်းအနားများဖြစ်သည့် ‘မြန်မာနိုင်ငံတွင် LGBT+ များ တန်းတူအခွင့်အရေးအတွက် စီးပွားရေးလုပ်ငန်းမျာက မည်သို့ ထောက်ပံ့ပေးနိုင်ပုံကို ဆွေးနွေးကြသည့် သက်ဆိုင်သူများပါဝင်သော ပထမအကြိမ် အစည်းအဝေးအစီရင်ခံစာ (English) နှင့် သတ္တုတွင်းကဏ္ဍ၏ ကဏ္ဍအလိုက်သက်ရောက်မှုကိုလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို မြန်မာ ဘာသာဖြင့်ရရှိနိုင်ပြီ ဖြစ်သည်။

 
 
 
 
 
 
 

MCRB ဝန်ထမ်းများ၏သတင်းများ

 

Open Data Myanmar & Alin Sae Tamarn Library တွင်လုပ်ကိုင်ခဲ့ပြီး ဘဏ္ဠာရေးလက်ထောက်အဖြစ် လာရောက်လုပ်ကိုင်နေသော အဖွဲ့ဝင်သစ် မ‌ရွှေရတီဦးကို MCRBမှ ကြိုဆိုပါသည်။

အကြီးတန်းတွဲဖက် ကိုဝင်းမင်းက မလေးရှားနိုင်ငံတွင်တစ်ပတ်ကြာကျင်းပသည့် အိုဘာမား ခေါင်းဆောင်အစီအစဉ်ကို တက်ရောက်ခဲ့သည်။

MCRB၏ တွင်းထွက်ကဏ္ဍမှ အဖွဲ့ဝင် မခင်မို့မို့မြင့်သည် နော်ဝေနိုင်ငံ Stavanger နှင့် Oslo တို့တွင်  Petrad foundation က ကျင်းပသည့် ဆယ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သည်။ Oil for Development Programme မိတ်ဖက်နိုင်ငံများ မှ ရေနံကဏ္ဍနှင့် အရပ်ဖက် အဖွဲ့အစည်း တို့ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်ကြမည် ဖြစ်သည်။

 
 
 
 
facebook linkedin