Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

အားလုံးပါဝင်နိုင်သည့် လုပ်ငန်းခွင်များက စီးပွားရေးအတွက် ကောင်းမွန်စေ

 

မြန်မာနှင့်နိုင်ငံတကာကုမ္ပဏီများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မေ ၇ရက်က ကျင်းခဲ့ရာ တက်ရောက်လာသူများက
ဆိုရှယ်မီဒီယာ၊  လုပ်ငန်းခွင်တွင်းမှ ဘာသာရေး အတူညီမှုများ၊ အနိုင်ကျင့်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သည် စသည်ကိစ္စရပ် များပါဝင်သည့် မတူကွဲပြားမှု၊ လေးစားမှု နှင့် အားလုံးပါဝင်နိုင်သော လုပ်ငန်းခွင်ဖြစ်ရန်အတွက် မည်သို့ မြှင့်တင် ဆောင်ရွက်ကြမည်ကို လက်တွေ့ အကြံပြုချက်များဖြင့်  ဆွေးနွေးအကြံပြုခဲ့ကြသည်။

တင်ပြချက် (Presentations) များကို အွန်လိုင်းတွင် ရယူနိုင်ပါသည်။  ၎င်းသည်   တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အစဉ်လိုက်ပြုလုပ်မည့် ဟောပြောပွဲများ ၏ စတုတ္ထမြောက်  ဆွေးနွေးပွဲဖြစ်ပြီး IFC ၊ DaNa Facility၊ Nestle နှင့်  Chevron တို့ဖြင့် ပူးတွဲကျင်းပခြင်းဖြစ်သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပထမဆုံးလတွင်ပင် အကြိမ်ရေ ၁၆၀၀ (ဒေါင်းလုပ်) ရယူမှုရှိသည့် MCRB၏ စိတ်ဝင်စားမှုအမြင့်ဆုံးအစီရင်ခံစာ

 

ပဉ္စမအကြိမ်မြောက် ပွင့်သစ်စအစီရင်ခံစာသည် ကျွန်ုပ်တို့၏ အစီရင်ခံစာများအနက်စိတ်ဝင်စားမှု အမြင့်မားဆုံးရရှိသည့်အစီရင်ခံစာဖြစ်ပြီး ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ နှစ်ပတ်အတွင်း အကြိမ်ပေါင်း ၁၆၀၀ ကျော် ဒေါင်းလုပ်ရယူထားကြပါသည်။ မြန်မာကုမ္ပဏီများအနက် မည်သည်က ထုတ်ဖော်ကြေငြာမှုများအများဆုံး ပြုလုပ်ထားသည်၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မည်သို့ရှိသည်၊ သတင်းအချက်အလက်များမည်သို့ရရှိနိုင်သည်နှင့် အဂတိလိုက်စားမှုကို မည်သို့ ပြုပြင်ပြောင်းလဲ တိုက်ဖျက်ထားသည်တို့ကို လေ့လာနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာဒါရိုက်တာများ အင်စတီကျုက ဒုတိယအသုတ် ဒါရိုက်တာ သင်တန်းများ အတွက် လျှောက်လွာများ ခေါ်ယူနေ

 

မြန်မာ ဒါရိုက်တာများ အင်စတီကျု၏ ဒါရိုက်တာသင်တန်းများ သည် ဒါရိုက်တာ အရည်အချင်းပြည့်မီရေးအတွက် သင်ကြားပေးနေပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော လက်မှတ်ရသင်တန်းတစ်ခုဖြစ်သည်။ Singapore Management University and MIODက ဒီဇိုင်းရေးဆွဲထားပြီး (၂၀၁၉ ဇွန် ၁၁-၁၃ ) ၃ရက်သင်တန်းသည် ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံ၊ ၂၀၁၇ ကုမ္ပဏီများ ဥပဒေပါ ဒါရိုက်တာများ၏ အခန်းကဏ္ဍတို့ကို သင်ကြားပေးမည်ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

Doing Good Index စစ်တမ်းပြီးစီး

 

MCRB နှင့် CAPS တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်   Doing Good Index 2020 စစ်တမ်းကောက်ယူမှုပြီးစီးပြီ ဖြစ်ပါသည်။ စစ်တမ်းကို ဖြေဆိုပေးသူများကို ကျေးဇူးဥပကာရတင်ရှိပါသည်။ သို့သော် စစ်တမ်းအတွက် ထပ်မံလိုအပ်နေသေးသည်ဖြစ်ရာ 

သင်သည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း သို့မဟုတ် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း တွင် လုပ်ကိုင်နေသူဖြစ်ပါက အွန်လိုင်းစစ်တမ်းကိုဖြေဆိုပေးခြင်းဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံပါသည်။စစ်တမ်းကို  ဇော်ဂျီ သို့မဟုတ် ယူနီကုဒ်  ဖြင့် ဖြေဆိုနိုင်ပါသည်။ အခွန်နှင့် ဘဏ္ဍာရေး မူဝါဒ (tax and fiscal policy)၊ ထိန်းချုပ်ကွပ်ကဲမှု စနစ်များ (regulatory regimes)၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ဂေဟစနစ်နှင့် အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းများ (procurement) စသည်တို့တွင် သင်၏အတွေ့အကြုံများကို   မျှဝေပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည်။
 
စစ်တမ်းဖြေဆိုရန်။
 
 
 
 
 
 
facebook linkedin