Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

လုပ်ငန်းခွင်အတွင်း သာတူညီမျှမှုရှိပြီး ခွဲခြားဆက်ဆံမှုမရှိသည့် “Fly the Rainbow Flag”လုပ်ဆောင်ကြမည့် စီးပွားရေးလုပ်ငန်းများ အလိုရှိသည်။

 

သင်၏ အဖွဲ့အစည်းသည် လုပ်ငန်းခွင်အတွင်း သာတူညီမျှရှိမှုကို မြှင့်တင်ပေးပြီး မတူကွဲဲပြားမှုကိုလက်ခံမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို လက်ခံသည့် အဖွဲ့အစည်း ဖြစ်ပါသလား။ MCRB သည် ပြည်တွင်းအဖွဲ့အစည်းအတစ်ခုဖြစ်သည့် Colors Rainbow နှင့် ပူးပေါင်းပြီး “Fly the Rainbow Flag” ကို ပူးပေါင်းလုပ်ဆောင်ကြ ရန် တိုက်တွန်းပါသည်။လက်တွေ့အားဖြင့် မေ ၁၇ ရက်တွင် International Day Against Homophobia, Transphobia and Biophobia (IDAHOT) ကို ကျင်းပမည်ဖြစ်ရာ ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားပါက ဒေါ်နှင်းဝတ်ရည်ထံ ဆက်သွယ်နိုင်ပါသည်။

 
ဒေါ်နှင်းဝတ်ရည်ကို ဆက်သွယ်ပါရန်။
 
 
 
 
 
 

မကြာမီ ကျင်းပမည်။ မတူကွဲပြားမှုနှင့် အားလုံးပူးပေါင်း ပါဝင်နိုင်မှု ဆိုင်ရာ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ။

 

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ များအနက် တစ်ခုဖြစ်သည့် Diversity and the respectful workplace ကို မေလ အစောပိုင်းတွင် ကျင်းပမည့်ဖြစ်ရာ လူ့စွမ်းအား အရင်းမြစ် တာဝန်ခံများနှင့် ဦးဆောင်သူများကို ရည်ရွယ်ဖိတ်ကြားပါသည်။ မေ (၇) ရက်တွင် ကျင်းပရန် ခန့်မှန်းထားပြီး တက်ရောက်လိုပါက ကို မြင့်နိုင်ကျော်ထံ ဆက်သွယ်စေလိုပါသည်။

 
ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

မသန်စွမ်းသူများနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ဆက်နွယ်ပတ်သက်သူများ အားလုံး ပါဝင်သည့် ဒုတိယအကြိမ်ဖိုရမ် ကျင်းပ။

 

MCRB , AAR (Japan)နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း တို့ပူးပေါင်းပြီး မတ် ၆ရက်နှင့် ၇ ရက်တို့တွင် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများမြှင့်တင်ရန် ရည်ရွယ်ပြီး ဆက်နွယ်ပတ်သက်သူများ အားလုံးပါဝင်သည့် ဒုတိယအကြိမ် ဖိုရမ်ကို ကျင်းပခဲ့သည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများက နမူနာကောင်းများ ၊ အလေ့ကျင့်ကောင်းမျာကို ဝေမျှခဲ့ပြီး ဆက်သွယ် ချိတ်ဆက်မှုများ ပြုခဲ့ကြသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

တာဝန်ယူမှုရှိသည့် ရွှေလုပ်ငန်းများ ဆိုင်ရာ ဆွေးနွေးပွဲ စစ်ကိုင်းတွင် ကျင်းပ

 

စစ်ကိုင်းတိုင်းအတွင်းရှိ အကြီးစား၊ အလတ်စား၊ တစ်နိုင်တပိုင်နှင့် လက်လုပ်လက်စား ရွှေတူးဖော်ရေးလုပ်ငန်းများ တာဝန်ယူမှုရှိစွာဆောင်ရွက်လာနိုင်စေရန်အတွက် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရန်နှင့် ဥပဒေ ၊ မူဝါဒပိုင်းဆိုင်ရာနှင့် လိုင်စင်ကိစ္စများ ဆွေးနွေးပွဲကို မတ်လ ၉ရက် နှင့် ၁၀ ရက်တို့တွင် မုံရွာမြို့ တွင် ကျင်းပခဲ့ရာ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ ဆွေးနွေးခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ဇီဝမျိုးစုံမျိုးကွဲများတွင် ရင်းနှီးမြှုပ်နှံခြင်း ။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်ရုံးတွင် MCRBက ဇီဝမျိုးစုံ မျိုးကွဲများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၅ရက်တွင် ကျင်းပခဲ့သည်။၎င်းနေ့ဝက်သင်တန်းအလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန တို့မှ ဝန်ထမ်း ၇၀ ဦးတက်ရောက်ခဲ့သည်။ MCRB၏မကြာသေးမီက ထုတ်ဝေထားသော ဇီဝမျိုးစုံမျိုးကွဲများ ၊လူ့အခွင့်အရေး နှင့် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အနှစ်ချုပ်စာတမ်း ကို အခြေပြုပြီး သင်ကြားခြင်း ဖြစ်ပြီး ၎င်းအနှစ်ချုပ်စာတမ်းကို မြန်မာဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် ရရှိနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

Doing Good Index: အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ အတွက် မေးခွန်းများ

 

သင်သည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း သို့မဟုတ် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း တွင် လုပ်ကိုင်နေသူဖြစ်ပါက အွန်လိုင်းစစ်တမ်းကိုဖြေဆိုပေးခြင်းဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံပါသည်။စစ်တမ်းကို ဇော်ဂျီ သို့မဟုတ် ယူနီကုဒ် ဖြင့် ဖြေဆိုနိုင်ပါသည်။ အခွန်နှင့် ဘဏ္ဍာရေး မူဝါဒ (tax and fiscal policy)၊ ထိန်းချုပ်ကွပ်ကဲမှု စနစ်များ (regulatory regimes)၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ဂေဟစနစ်နှင့် အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းများ (procurement) စသည်တို့တွင် သင်၏အတွေ့အကြုံများကို မျှဝေပေးစေလိုပါသည်။ စစ်တမ်းရလဒ်များကို Doing Good Index တွင် အသုံးပြုမည် ဖြစ်ပါသည် ။ ၎င်း Doing Good Index ၂၀၂၀ သည် မြန်မာနိုင်ငံ၌ စည်းမျဉ်းပိုင်းနှင့် ဝန်းကျင်အသိုင်းအဝိုင်းပိုင်း၌ တိုးတက်လာမှု ရှိမရှိနှင့် အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် မည်သည့် အခြေအနေတွင် ရှိနေကြောင်း ဖော်ပြပေးနိုင်မည်ဖြစ်သည်။၎င်းကို CAPS က ကောက်ခံထားပြီး MCRBက ပြည်တွင်းတွင် ဆောင်ရွက်သူအဖြစ် တွဲဖက်လုပ်ကိုင်ပါသည်။

 
စစ်တမ်းဖြေဆိုရန်။
 
 
 
 
 
 

၂၀၁၉ ပွင့်သစ်စ ကို မကြာမီထုတ်ပြန်မည်။

 

၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာကို ဧပြီလကုန်ပိုင်းတွင် ထုတ်ဝေမည်ဖြစ်ပြီး MCRBနှင့် အကျိုးအမြတ်မယူဘဲ အတူတကွ တွဲဖက်လုပ်ကိုင်သည့် Yever တို့က လုပ်ငန်းပေါင်း ၂၅၀ ကျော်ကို အမှတ်ပေးအကဲဖြတ်ခဲ့ကြသည်။ စံနှုန်းအားဖြင့် ၁၄၂ ခုရှိသော အမှတ်ပေးစည်းမျဉ်းတွင် ၈၀ ရာခိုင်နှုန်းမှာ အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု မူဘောင်ကို အသုံးပြုထား ပြီး ယခုနှစ်တွင် ထုတ်ဖော်ပြသမှုဆိုင်ရာ မေးခွန်းများ သာမက စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ မေးခွန်းများကိုလည်း ထည့်သွင်းထားသည်။ ပိုမိုသိရှိလိုပါက ဒေါ်ဖြူဖြူဇင် ထံ ဆက်သွယ်နိုင်ပါသည်။

 
ဒေါ်ဖြူဖြူဇင် ထံ ဆက်သွယ်ရန်။
 
 
 
 
 
 
facebook linkedin googleplus