Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

မြေယာဥပဒေများကို မည်သို့ပြုပြင်သင့်သနည်း။

အမျိုးသားမြေယာဥပဒေသစ်တစ်ရပ်ပေါ်ပေါက်‌ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက  ကြီးကြပ်ဆောင်ရွက်နေပြီး မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန် ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB) ကလုပ်ငန်းအစီအစဉ်မူကြမ်း အပေါ်   သဘောထားမှတ်ချက်များ ပေးပို့ထားပါသည်။ တည်ဆဲဥပဒေမူဘောင်များ အောက်တွင် တာဝန်ယူမှုရှိစွာလုပ်ကိုင်လိုသူများ ကြုံတွေ့နေရသည့် အခက်အခဲ များကိုလည်း ထည့်သွင်းစဉ်းစားရန် အစိုးရကိုတိုက်တွန်းထားပါသည်။ ကုမ္ပဏီ များနှင့် အကြံပေးပညာရှင်များထံမှ ယင်းနှင့်ပတ်သက်သော အထောက်အထား များ ရရှိစုဆောင်းနိုင်ရန် MCRBသည် UNDP နှင့်လက်တွဲ၍ လုပ်ဆောင်သွား မည်ဖြစ်သည်။ 

အကြံပြုချက်များ ပေးပို့လိုပါက မသီသီသိမ်းထံ ဆက်သွယ်ပေးပို့နိုင်ပါသည်။

ဒုတိယဒါရိုက်တာကို (ပြန်လည်)ကြိုဆိုခြင်း။

မသီသီသိမ်းသည် (MCRB) တွင် လွန်ခဲ့သောငါးနှစ်က တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုတဖန် ဒုတိယ ဒါရိုက်တာအဖြစ် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပါသည်။ မူဝါဒရေးရာနှင့် အက်ဒဗိုကေစီပိုင်းဆိုင်ရာများကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်သည်။  မသီသီသည် မူဝါဒပိုင်းဆိုင်ရာ၊ ဥပဒေမူဘောင် လေ့လာ ဆန်းစစ်မှု နှင့် အစိုးရမူဝါဒများ ကိုပြောင်းလဲလာစေရန်ဖန်တီးလုပ်ဆောင်ခြင်းများကို ကြီးကြပ်မည်ဖြစ်သလို MCRB၏ကဏ္ဍ အလိုက်ဆောင်ရွက်မှုများဖြစ်သော သတ္တုတွင်း၊ဒီဂျစ်တယ်အခွင့်အရေးစသည်တို့ကိုလည်းကောင်း ကဏ္ဍအားလုံး နှင့် ဆက်စပ်ပါဝင်သော အလုပ်သမား၊မြေယာ၊ ထိခိုက်လွယ်သူများပေါ် စီးပွားရေးလုပ်ငန်းများမှ သက်ရောက်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှု အားလေ့လာ ဆန်းစစ်မှု နှင့် အများပြည်သူပါဝင်နိုင်မှု စသည်တို့တွင်လည်းကောင်း ဦးစီး လုပ်ကိုင်သွားမည်ဖြစ်သည်။

မသီသီသိမ်း အကြောင်းပိုမိုသိရှိလိုပါက
ပွင့်သစ်စ ၂၀၂၀ အစီရင်ခံစာ နောက်ဆုံးစစ်ဆေးနေခြင်း ။

ပွင့်လင်းမြင်သာမှုများဖော်ဆောင်နေသော ပွင့်သစ်စအဖွဲ့သားများသည် ၂၀၂၀ ပွင့်သစ်စ အစီရင်ခံစာအတွက် နောက်ဆုံးစစ်ဆေးဆောင်ရွက်မှုများကို လုပ် ဆောင်နေပါသည်။ မြန်မာကုမ္ပဏီပေါင်း ၂၇၀ ကျော်ကို အကဲဖြတ်ခဲ့ပြီး အများစု မှာ ယင်းတို့၏ ကော်ပိုရိတ်ထုတ်ဖော်ကြေညာမှုများတွင် တိုးတက်လာကြသည် ကိုတွေ့ရပါသည်။ အစီရင်ခံစာကို ယခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် ထုတ်ပြန် မည် ဖြစ်သည်။

ပွင့်သစ်စ အကြောင်းပိုမိုသိရှိလိုပါက

ကော်ပိုရိတ် စီမံအုပ်ချုပ်မှုအကြောင်း ပိုမိုလေ့လာြခင်း။

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန ( MCRB)၏ ဒါ ရိုက်တာြဖစ်သော ဗစ်ကီဘိုမန်သည် မြန်မာဒါရိုက်တာများ အင်စတီကျုက ဦးစီးပြီး စက်တင်ဘာ ၂၉ တွင် မြန်မာဘာသာဖြင့် ဆွေးနွေးကျင်းပခဲ့သည့် အကျိုးအမြတ် ပိုင်ဆိုင်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကို ဦးဆောင်ဆွေးနွေးပေး ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ BCLP Law Firm နှင့် Natural Resources Governance Institute (NRGI)တို့မှ ဝင်ရောက် ဆွေးနွေးခဲ့ပြီး အွန်လိုင်းတွင် ကြည့်ရှုနိုင်ပါသည်။ ၎င်းသည် မြန်မာဒါရိုက်တာ များအင်စတီကျု၏ လေ့လာသင်ယူမှုအတွဲမှ အပိုင်းတစ်ပိုင်း ဖြစ်သည်။ လေ့လာသင်ယူမှုအတွဲသည် Corporate Governance Action Planning အတွက် ကာလတိုသင်တန်းများ နှင့်  ဒါရိုက်တာအသိမှတ်ပြု သင်တန်း၏ ထင်ရှားအရေး ပါသော အရာလည်းဖြစ်သည်။

မြန်မာဒါရိုက်တာများ အင်စတီကျု၏ သင်တန်းသတင်းအသစ်များအကြောင်းကို ဖတ်ရှုလိုပါက

ကျွနုပ်တို့ယုံကြည်သည့် ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်အလက်အကာအကွယ်ပေးမှု ။

ဆိုဒ်ဘာလုံခြုံမှုလအတွင်းလုပ်ဆောင်မှုများအဖြစ် ( MCRB)၏ ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာ တွဲဖက်တာဝန်ခံ Svetlana Zens သည် Myanmar Information Security Association (MISA) နှင့် US ICT Councilတို့က ဦးစီးကျင်းပသည့် ဆွေးနွေးပွဲတွင် ပုဂ္ဂိုလ်ရေးအချက်အလက်လုံခြုံမှုကို အဘယ်ကြောင့် အဖွဲ့အစည်းများက အလေးနက်ထားသင့်သည် နှင့် ချဉ်းကပ်မှု ပုံစံသစ်သည် ဒီဂျစ်တယ် အသွင်ပြောင်းမှုနှင့် ပုဂ္ဂိုလ်ရေး အချက်အလက် အကာအကွယ်ပေး မှုတွင် မည်သို့အရေးကြီးကြောင်းတို့ ကို သုံးသပ်ဆွေးနွေးပေး ခဲ့သည်။ ဆွေးနွေးသူများတွင် Wave Money မှ ကိုထင်အောင်လှိုင်၊ Telenor မှ ကို မင်းသူအောင်နှင့်  CyberBaykin တွဲဖက်တည်ထောင်သူ ကို ရဲသူရသက်တို့ ပါဝင်သည်။ ယင်းကို ဝယ်ဆိုဒ်တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။ အောက်တိုဘာ ၂၈-၂၉တွင်လည်း Svetlana Zens သည် 5th Emerging Asia Banking and Fintech Virtual Summit.တွင် ဆွေးနွေးမည်ဖြစ်သည်။

ဆွေးနွေးပွဲ ကိုကြည့်ရှုလိုပါက

သင်၏ စီးပွားရေးသင်တန်းကျောင်းတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအကြောင်းပို့ချနေပါသလား ။

စီးပွားရေးသင်တန်းကျောင်းများ နှင့် အခြားလေ့ကျင့်ရေးကျောင်းများတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ အယူအဆများကို တွဲဖက်သင်ကြားပေးရန် MCRB က ထက်သန်သော ဆန္ဒရှိပါသည်။  မကြာမီကပင် Myanmar Institute of Business (MIB) နှင့်တွဲဖက်၍ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း၊ ကျင့်ဝတ်နှင့်ညီသော ဈေးကွက်မြှင့်တင်မှုစသော သင်တန်းများအပါအဝင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာအကြောင်းအရာများကို ပို့ချခဲ့သည်။ ယင်းကို ကျွန်ုပ်တို့၏ ဆိုရှယ်မီဒီယာတွင် ကြည့်ရှုနိုင်ပါသည်။

သင်တန်းသားများက တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ပို့ချမှု အခြေခံများကို သင်ယူလိုပါက မာယာမူလာ ထံဆက်သွယ်နိုင်ပါသည်။
facebook linkedin