Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

Doing Good Index ၂၀၂၀တွင် မြန်မာနိုင်ငံ အဆင့်မြင့်တက်လာ

အသစ်ထုတ်ဝေလိုက်သော Doing Good Index ၂၀၂၀ အစီရင်ခံ ( DGI2020) တွင် မြန်မာနိုင်ငံက အခြေအနေတိုးတက်လာခဲ့သည်။ ၂၀၁၈ခုနှစ်က “လုံလောက်စွာဆောင်ရွက်ခြင်းမရှိ-Not Doing Enough” ဟုသောအနေအထားမှ “ဆောင်ရွက်မှုအဆင်ပြေလာသည်-Doing OK”ဟူသော အခြေအနေသို့ရောက်ရှိလာြခင်းဖြစ်သည်။ ယင်းမှာ အကျိုးအမြတ်မယူသောအဖွဲ့များ မှတ်ပုံတွင်ရေးတွင် တိုးတက်မှုရှိလာသလို  ခြုံငုံကြည့်ပါကလည်း ထိရောက်မှုများရှိလာ၍ ဖြစ်သည်။ DGI2020 သည် မြန်မာနိုင်ငံအပါအဝင် အာရှ ၁၈နိုင်ငံ၏ လှူဒါန်းမှုများနှင့်  ပုဂ္ဂလိက လူမှုရေးရင်းနှီးမြှုပ်နှံမှုများ အပေါ်လေ့လာခြင်းဖြစ်သည်။ မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB က CAPS နှင့်ပူးပေါင်းကာ စစ်တမ်းကောက်ယူမှုများ  ဆောင်ရွက်ခဲ့သည်။  လူမှုရေးဆိုင်ရာ  social delivery organisations’ (SDOs) များလုပ်ကိုင်နေသော အကျိုးအမြတ် မယူသောအဖွဲ့ (၁၀၅) ခုအား ပြည့်စုံသော မေးခွန်းများဖြင့် အွန်လိုင်းမှလည်းကောင်း လူကိုယ်တိုင်လည်းကောင်း  စစ်တမ်းများ ကောက်ယူကာ အစိုးရအရာရှိများ၊ ကျွမ်းကျင်သူများနှင့်လည်း ယင်းသုတေသနအတွက် မေးမြန်းမှုများပြုလုပ်ထားသည်။

ဆက်လက်ဖတ်ရှုလိုပါက

အင်တာနက်တောက်မှု တစ်နှစ်ပြည့်မြောက်၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလိုအပ်နေ

၂၀၁၃ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ (၇၇) အား လူ့အခွင့်အရေးအကာအကွယ်များထည့်သွင်းကာ မည်သို့ပြင်ဆင်သင့်ကြောင်းကို ဆွေးနွေးရန်အတွက် ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သော အွန်လိုင်းဆွေးနွေးပွဲတစ်ခုအား မေ လ (၂၁) ရက်နေ့တွင် မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ( MCRB) ကဦးဆောင်ကျင်းပခဲ့ပါသည်။    ပုဒ်မ (၇၇) သည်ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဖြတ်တောက်ရန်နှင့် ဝက်ဘ်ဆိုဒ်များအား ဖြတ်တောက်ရန် ကုမ္ပဏီများကို အမိန့်ပေးတောင်းဆိုနိုင်သော အာဏာကို အစိုးရအား ပေးအပ်ထားပါသည်။ MCRB နှင့် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် သည် ထိုဥပဒေအားပြင်ဆင်ရန်အတွက် ကုမ္ပဏီများနှင့် အခြားသောအဖွဲ့အစည်းများအားလုံးပါဝင်သော ပူးပေါင်း ဆောင်ရွက်မှုတစ်ခုကိုလုပ်ဆောင်ရန်   
စီစဉ်လျက်ရှိပါသည်။ MCRB နှင့် အခြားသောအဖွဲ့အစည်းများသည် နိုင်ငံတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာ၏ မိုဘိုင်းဒေတာများဖြတ်တောက်ခံရခြင်း၏ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန်လ (၂၁) ရက်နေ့တွင် သဘောထားထုတ်ပြန် ချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုလိုပါက
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ လိုက်နာရမည့်စည်းမျဉ်းများ အရည်အသွေးကောင်းမွန်စေရန်ဆောင်ရွက်

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ သက်ဆိုင်သည့် သတင်းအချက်အလက်များ ပိုမိုရရှိနိုင်ရန်အတွက် အခြေခံလေ့လာမှု တစ်ရပ်ဆောင်ရွက်နေပါသည်။ ရည်ရွယ်ချက်မှာ ကာကွယ်ပေးမှုအရည်အသွေးများ ကောင်းမွန်စေရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာစေရန်အတွက်ဖြစ်သည်။ လေ့လာမှုကို ကျွမ်းကျင်သူ အကြံပေး နီးလ်ဟပ်ဘီ ကူညီပေးထားပြီး Voluntary Principles Association က ထောက်ပံ့ပေးထားပါသည်။ MCRB သည်   ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ VPSHR ပဲ့ကိုင်ကော်မတီ တွင် အတွင်းရေးမှူးအဖြစ်ပါဝင်ပါသည်။

ပါဝင်လိုပါက မခင်မို့မို့မြင့် ထံဆက်သွယ်နိုင်ပါသည်။

လုပ်ငန်းခွင်တွင် LGBT+များ တန်းတူညီမျှမှု ခံစားရရှိရေး ဆိုင်ရာ ဘာသာစကားနှစ်မျိုးသုံးလမ်းညွှန် သစ်ထွက်ရှိ

MCRBသည် Colors Rainbow နှင့်  Business Coalition for Gender Equality (BCGE),  တို့နှင့်လက်တွဲကာ  အွန်လိုင်းမှအစည်းအဝေးတစ်ခုကို မေ၂၀ရက်က ကျင်းပခဲ့ပြီး “လုပ်ငန်းခွင်တွင် LGBT+များ တန်းတူညီမျှမှု ခံစားရရှိရေး- ဘာသာစကားနှစ်မျိုးသုံးလမ်းညွှန်” ကိုထုတ်ဝေခဲ့သည်။ MCRBသည်မကြာမီကပင် BCGE နှင့် Colors Rainbow တို့နှင့် မူဝါဒများဆိုင်ရာတွဲဖက်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့သည်။

လမ်းညွန်ကိုဖတ်ရှုလိုပါက

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မသန်စွမ်းများအပါအဝင် ကျွန်ုပ်တို့၏ အွန်လိုင်းဆွေးနွေးပွဲ-webinarများကို မပြတ်စောင့်ကြည့်နိုင်ပြီဖြစ်

MCRBသည် မကြာသေးမီက “အခက်အခဲတုန့်ပြန်မှုတွင် မသန်စွမ်းများပါဝင်ခြင်း ဆွေးနွေးပွဲ “(လက်ချောင်းသရုပ်ပြမှုပါဝင်သည်။)ကို စီးပွားရေးလုပ်ငန်းရှင်များ ကျား၊မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှု အသင်း (BCGE)နှင့် ပူးတွဲကျင်းပခဲ့ပြီး ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးမြတ်သူဝင်းက တက်ရောက်ဆွေးနွေးခဲ့သည်။
Air Quality Yangonနှင့်လည်းတွဲဖက်ပြီး “ကိုဗစ်-၁၉အပြီးတွင် ပိုမိုကောင်းမွန်သော လေထုအရည်အသွေး(ဖြစ်ပေါ်)တည်ဆောက်ရေး” ကို ဆွေးနွေးခဲ့သည်။
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်အကဲဖြတ်ရာတွင် “လူမှုရေးတာဝန်ယူမှု” နှင့် “ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာတွင် ဒေသဖွဲ့ဖြိုးတိုးတက်ရေးကို မည်သို့ဆောင်ရွက်သင့်သည်” တို့ကို လည်းMyanmar Environmental Assessment Association  အသင်းနှင့် ဆွေးနွေးခဲ့သည်။  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆွေးနွေးပွဲတွင်လည်း ပါဝင်ခဲ့သည်။
ဇွန်၂၂ ရက်က Yangon Climate Talk on 22 June တွင် ကိုဝင်းမင်းက တာဝန်ယူမှုရှိသော ခရီးသွားခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ကို ပါဝင်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲများအကြောင်းဖတ်ရှုလိုပါက

စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး၊ ဂုဏ်သိက္ခာဆိုင်ရာ စစ်တမ်း

စီးပွားရေးပူးပါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲအစည်း (OECD) က အရှေ့တောင်အာရှဒေသရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာစစ်တမ်း ကောက်ယူနေပြီး ယင်းအတွက် မြန်မာကုမ္ပဏီများက ဖြေဆိုမှုများကို ဖိတ်ခေါ်နေပါသည်။ စစ်တမ်းသည် ဘေးအန္တရာယ်ဖြစ်နိုင်ခြေဆိုင်ရာစီမံခန့်ခွဲမှုနှင့် သင့်လုပ်ငန်းကဆောင်ရွက်နေသော တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာမူဝါဒများ အကြောင်းကို မေးမြန်းထားပါသည်။

ထို့အတူ မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB က “မြန်မာကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး၊ ဂုဏ်သိက္ခာ ဆိုင်ရာ လက်စွဲစာအုပ် “ ကိုလည်း ဘာသာစကားနှစ်မျိုးဖြင့် မကြာမီထုတ်ဝေမည် ဖြစ်ရာ စောင့်မျှော်ဖတ်ရှု ကျင့်သုံးနိုင်မည် ဖြစ်ပါသည်။

စစ်တမ်းဖြေဆိုရန်အတွက်
facebook linkedin