Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ခရီးသွားလုပ်ငန်းဆိုင်ရာ ကွန်ဖရင့်

 
ဗဟို ချုပ်ကိုင်မှုစနစ် လျော့ချခြင်း၊ (Decentralization)၊ ခရီးစဉ် ဒေသ(Destination) နှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု (Development) စသည့် 3 Ds ပါဝင်သည့် အစီအစဉ်များ ဖြင့် စတုတ္တအကြိမ်မြောက် နိုင်ငံတော်အဆင့် လူထုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲအား ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇွန်လ ၆-ဂ ရက် အထိ ကျင်းပခဲ့ပြီး ကယားပြည်နယ်တွင် ဆက်စပ်ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေကြသည့် နိုင်ငံအဝန်းမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသအခြေခံ ခရီးသွားလုပ်ငန်းများ၊ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့်အရပ်ဖက်အဖွဲ့အစည်းများ မှ တက်ရောက်သူ ၃၅၀ ခန့် ရှိခဲ့သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ကျင့်ဝတ်ညီသော တာဝန်ယူမှုရှိသော လုပ်သားစုဆောင်းမှု ဖြစ်ပေါ်စေရန် တိုက်တွန်း

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည်  ၎င်း အားတည်ထောင်ပေးခဲ့သူ အဖွဲ့အစည်းဖြစ်သည့်  IHRB ၊ အခြားလူသိများသည့် အမှတ်တံဆိပ်များနှင့် ပူးပေါင်းပြီး မေလ ၁၅ရက်က ဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ၎င်းတို့၏ ဖောက်သည်ဈေးဝယ်သူများအပေါ် အမြင်များ ၊လုပ်ငန်းပိုင်းဆိုင်ရာအမြင်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုမှ ရလဒ်များကို မေ ၁၇ရက်တွင် အစိုးရထံသို့ ပေးပို့ကာ ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ ဒုတိယမြောက် အစီအစဉ်အကောက်အထည်ဖော်ရာတွင် အထောက်အကူပြုစေမည် ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အရပ်ဖက် အဖွဲ့အစည်းများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော ဥပဒေပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုသင်တန်းဖွင့်လှစ်

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ဗားမောက် ဥပဒေ ကျောင်းတို့ ပူးပေါင်းပြီး ရှမ်း၊ကချင်၊ကရင်ပြည်နယ်နှင့် တနင်္သံာရီ၊မကွေး၊စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့မှ အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအား သင်တန်းနှစ်ကြိမ်ဖွင့်လှစ်ပေးခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော ဥပဒေပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုနှင့် ပတ်သက်ပြီး အခြေခံကျကျ လေ့လာခွင့်ရခဲ့သည်။ ယင်းအတွက် တက်ရောက်ရသူများသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကိုလည်း အသုံးချနိုင်ရန် သိရှိခဲ့ရသည်။ အဆိုပါ နေ့ဝက်သင်တန်း ၂ကြိမ်တွင်မန္တလေး မူဆယ် ရထားလမ်းပိုင်း နှင့် ပတ်သက်ပြီး သရုပ်ပြသင်ကြားခြင်းလည်း ပါဝင်ရာ အစိုးရနေရာ၊ ကုမ္ပဏီနေရာ အပြင် ဒေသခံများနေရာများတွင်ပါ နေရာယူပြီး လေ့လာခွင့်ရခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

လုပ်ငန်းခွင်အတွင်း လေးစားမှုမြှင့်တင်ရေးအတွက် EU ဖိုရမ်တွင် ဆွေးနွေး

 
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီဘိုမန်သည် နေပြည်တော်တွင် ဇွန် ၅ရက်က ကျင်းပသည့် Myanmar EU Forum တွင် လေးစားမှုရှိသော လုပ်ငန်းခွင် ဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံတွင် အခွင့်အလမ်းကောင်းများရှိနေသည်ဟု ဆွေးနွေးတင်ပြခဲ့သည်။ မေလ ၁ရ ရက်တွင် ကျရောက်သည့်  နိုင်ငံတကာ လိင်တူချစ်သူများအပေါ် ရွံ့ရှာမုန်းတီးရေးကို ဆန့်ကျင်သော (IDAHOT)နေ့တွင် လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းပိုင် လူမှုမီဒီယာများတွင် အလံလွှင့်ထူကာ လုပ်ငန်းခွင်အတွင်း ကျားမရေးရာ တန်းတူညီမျှမှုအတွက် ပူးပေါင်းပါဝင်သော အပြည်ပြည်ဆိုင်ရာနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ ကိုလည်း ဂုဏ်ပြုပြောဆိုခဲ့သည်။ 
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin