Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်အသစ်။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အေအေအာ ဂျပန် အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်း (AAR Japan)တို့မှ ပူးပေါင်း၍ “မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း - မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်” အား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဝေလိုက်သည်။ ဤလက်စွဲ စာအုပ်၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူများ လက်လှမ်းမှီသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်၊ မသန်စွမ်းသူများကို အလုပ်ပိုမို ခန့်အပ်နိုင်ရန်နှင့် ၎င်းတို့ အလုပ်မြဲရန် မည်သို့ လုပ်ဆောင်နိုင်ကြောင်း မြန်မာနိုင်ငံရှိ အလုပ်ရှင်များကို လက်တွေ့ကျသည့် အကြံဉာဏ်များပေးရန်အတွက် ဖြစ်သည်။ သင့်ကုမ္ပဏီသည် မသန်စွမ်းသူများ ပါဝင်လာစေနိုင်ခြင်းကို မြှင့်တင်ပေးသည့် စီးပွားရေးညွန့်ပေါင်းအဖွဲ့၌ ပါဝင်လိုပါက မနှင်းဝတ်ရည် [email protected] ထံဆက်သွယ်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ဆန္ဒအလျောက် လေးစားလိုက်နာနိုင်သည့် လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)။

 

ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ခြင်း ဆွေးနွေးပွဲများကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်၌ လည်းကောင်း နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ VPSHR လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပေးနေသော မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန (MCRB)မှ စီစဉ်ကျင်းပခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

စီးပွားရေးလုပ်ငန်းများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲ။

 

ဒီဇင်ဘာလ ၅ ရက်နေ့၌ MCRB သည် UMFCCI၊ Coca Cola နှင့် Telenor တို့နှင့်အတူ ပူးပေါင်း၍ မြန်မာ ကုမ္ပဏီများအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ဟောပြောပွဲတစ်ခု ကျင်းပခဲ့သည်။ ဆွေးနွေး ဟောပြောပေးခဲ့သူများအနက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဥက္ကဌ ဦးအောင်ကြည်၊ DICA ၏ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦး နှင့် Telenor မြန်မာမှ ကော်ပိုရိတ်ရေးရာ ထိပ်တန်းအရာရှိ Hans Martin Hoegh Heinrichsen တို့ ပါဝင်ခဲ့သည်။ ဤဆွေးနွေး ဟောပြောပွဲအား လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။ နောက်ဆက်တွဲ လုပ်ဆောင်သွားမည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌တွင်မူ အားလုံးပါဝင်နိုင်စေရေး (inclusive)နှင့် လေးစားမှုပေးသည့် လုပ်ငန်းခွင်များ အကြောင်း အလေးပေး ဆွေးနွေးသွားမည် ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ မြန်မာ့ စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှအကြံပြုချက်များ ပေးပို့

 

အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ မြန်မာနိုင်ငံ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓါတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများအား လျှော့ချခြင်းဆိုင်ရာ လေ့လာစိစစ်ခြင်းအတွက် MCRB မှ အကြံပြုလွှာ ပေးပို့ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အကြံပြုချက်များသည် တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ခင်း (၁၇)ခင်း၌ ၂၀၁၇ ခုနစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ကွင်းဆင်းသုသေတနပြုလုပ်စဉ် တွေ့ရှိခဲ့သည့် အချက်များကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ယင်းသုတေသနသည် ဆီအုန်းကဏ္ဍရှိ သက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်း (SWIA)၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းအစီရင်ခံစာကို ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေသွားမည် ဖြစ်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

ပွင့်သစ်စ ၂၀၁၉ ။ တိုးတက်မှု အစီရင်ခံစာ

 

MCRB နှင့် Yever တို့သည် အာဆီယံကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမှတ်ပေးစည်းမျဉ်းမှ စံသတ်မှတ်ချက် ၈၀ % ကျော်အား အသုံးပြု၍ ရေးဆွဲထားသည့် စံသတ်မှတ်ချက် စုစုပေါင်း ၁၄၂ ပေါ် အခြေခံ၍ ၂၀၁၉ ခုနှစ် ဧပြီလ၌ ထုတ်ဝေမည့် ပွင့်သစ်စ အစီရင်ခံစာအတွက် ကုမ္ပဏီပေါင်း ၂၅၀ ခန့်အား အကဲဖြတ်လျက်ရှိသည်။ ဤနှစ်တွင် ထိပ်တန်း မြန်မာကုမ္ပဏီများအား အကဲဖြတ်ရန် “ထုတ်ဖော်ကြေငြာခြင်းဆိုင်ရာ စံသတ်မှတ်ချက်”အပြင် “လုပ်ဆောင်မှု စံသတ်မှတ်ချက်”အားလည်း စိစစ်သွားမည်ဖြစ်သည်။ လက်ရှိအချိန်၌ ကုမ္ပဏီများမှ ရရှိခဲ့သည့် ရမှတ်အကြမ်းဖျင်းများကို ၎င်းတို့ထံ ပေးပို့ခဲ့ပြီး တုံ့ပြန်ချက်များအား ဇန်နဝါရီလ ၁၈ ရက် နောက်ဆုံးထား၍ ပေးပို့ပါရန် တောင်းဆိုထားပါသည်။ သင်၏ ကုမ္ပဏီမှ အချက်အလက်များအား ပိုမို၍ ထုတ်ပြန်ကြေငြာနိုင်ရန် နှင့် ရမှတ်မြင့်မားနိုင်ရန် မည်သို့လုပ်ဆောင် နိုင်ကြောင်း အကြံဉာဏ် နှင့် ထင်မြင်ချက်များ ရရှိလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

 
ဖြူဖြူဇင်အား ဆက်သွယ်ရန်
 
 
 
 
 
 

Doing Good Index 2020 အား ဇန်နဝါရီလ၌ စစ်တမ်းစတင်ကောက်ယူမည်

 

MCRB နှင့် CAPS သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ Doing Good Index 2020 စစ်တမ်းအား စတင်မိတ်ဆက်သွားမည် ဖြစ်သည်။ စစ်တမ်းမှ ရရှိခဲ့သည့် ရလာဒ်များအား အသုံးပြု၍ အာရှတိုက်ရှိ ပရဟိတအလှုငွေများ လှုဒါန်းခြင်းနှင့် လက်ခံရယူခြင်းအပေါ် သက်ရောက်မှုရှိနေသည့် မူဝါဒနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အကြောင်းအချက်များအား နိုင်ငံအများအပြားနှင့် ယှဉ်ပြိုင်၍ နှိုင်းယှဉ်သွားမည့် လေ့လာမှုအတွက် အသုံးပြုသွားမည် ဖြစ်သည်။ အကယ်၍ သင့်အဖွဲ့အစည်း သည် ထိန်းချုပ်ကွပ်ကဲမှုဆိုင်ရာ စနစ်များ (regulatory regimes)၊ အခွန်နှင့် ဘဏ္ဍာငွေ မူဝါဒများ၊ လူမှု-ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဂေဟစနစ်၊ အစိုးရ၏ ဝယ်ယူဖြည့်တင်းရေး လုပ်ငန်းများ (procurement) နှင့် စပ်လျဉ်းသည့် အတွေ့အကြုံများအား ကျွန်ုပ်တို့နှင့် မျှဝေလိုပါက ကျေးဇူးပြု၍ ဆက်သွယ်ပါ။

 
မအင်္ဂါ မခူရှီဗာအား ဆက်သွယ်ရန်
 
 
 
 
 
 

၂၀၁၈ခုနှစ် တာဝန်သိ ခရီးသွားလုပ်ငန်းဆုများ ဆွတ်ခူးရရှိသူများအား ချီးကျူးဂုဏ်ပြုခြင်း။

 

တာဝန်သိ ခရီးသွားလုပ်ငန်းဆုပေးပွဲအား မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းဌာန (MRTI)မှ ဒီဇင်ဘာ ၁၁ ရက်နေ့၌ ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် ဆုရရှိသူများအား ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာ့တာဝန်သိ ခရီးသွား လုပ်ငန်းဌာနသည် အရွယ်အစားနှင့် အမျိုးအစားအားလုံးရှိ တည်းခိုနေထိုင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ ဒေသတွင်းမှ ပါဝင်လှုပ်ရှားမှု၊ စီးပွားရေး ဆန်းသစ် တီထွင်မှု၊ အသိပညာ မြှင့်တင်ခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း အစရှိသည့် နယ်ပယ် ၆ ခုမှ ခရီးသွားလုပ်ငန်းကဏ္ဍရှိ ဦးဆောင်သူများနှင့် စွန့်ဦး တီထွင်သူများအား ဂုဏ်ပြုပေးခဲ့ပါသည်။ ဤဆုပေးပွဲအတွက် MCRB သည် silver sponsor အဖြစ် ပံ့ပိုးပေးရသည့်အတွက် အလွန်ပင် ဂုဏ်ယူမိပါသည်။ ဆုများ ဆွတ်ခူးရရှိသူများအားလုံးအား ဂုဏ်ပြုချီးမြှင့်လိုက်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

မြန်မာဒါရိုက်တာများ အင်စတီကျူ အသက်ဝင် လည်ပတ်နေပြီ

 

မြန်မာဒါရိုက်တာများ အင်စတီကျူ၏ ကြားကာလ အမှုဆောင်အရာရှိချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မချယ်ရီ ထရီဗယ်ဒီနှင့် အဖွဲ့ဝင်နှင့် ကော်ပိုရိတ် စပွန်ဆာ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ကိုအောင်မြတ်ခိုင်တို့အား ဂုဏ်ပြု ချီးမြှင့်လိုပါသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ခရစ္စမတ်အကြို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းအား မိတ်ဆက်မည့် ပွဲအခမ်းအနား အပါအဝင် အခြားအချက်အလက်များ ထပ်ဆင့် သိရှိလိုပါက [email protected] ကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။

 
 
 
 
 
 
 

ခွဲခွာနှုတ်ဆက်ခြင်း

 

ကျွန်ုပ်တို့၏ အဖွဲ့အစည်း၌ အချိန်ကာလအကြာမြင့်ဆုံး တာဝန် ထမ်းဆောင်ပေး ခဲ့သူများအနက်မှ တစ်ယောက် ဖြစ်သည့် မမော်နီကာ စုမြတ်နွယ် (တွဲဖက် တာဝန်ခံ)သည် ယူကေနိုင်ငံရှိ Bournemouth တက္ကသိုလ်၌ Risk Management & Finance မာစတာဘွဲ့ သွားရောက် သင်ယူမည် ဖြစ်သောကြောင့် ဝမ်းနည်းစွာဖြင့် နှုတ်ခွန်း ဆက်သလိုက်ရပါသည်။ ထို့အတူပင် ၂၀၁၈ ခုနှစ်ကာလအတွင်း ရုံးတွင်း၌ ဘာသာပြန်ဆိုသူအဖြစ် ပံ့ပိုးပေးခဲ့သည့် မမိုးစံပယ်သည် အမေရိကန်နိုင်ငံရှိ Grinnell College ၌ BA. in Economics ဘွဲ့အတွက် နောက်ဆုံးနှစ် ကျောင်းသူအဖြစ် ဆက်လက် ပညာဆည်းပူးသွားမည် ဖြစ်သောကြောင့် ခွဲခွာရမည် ဖြစ်ပါသည်။ ထို့အပြင် ယခုနှစ် နှစ်ကုန်ပိုင်း၌ အလုပ်သင်အဖြစ် လုပ်ကိုင်ပေးခဲ့သည့် Gianluca Ferrittu (MA Economics, Politics and International Institutions, University of Pavia) နှင့် မျိုးသီရိ (နိုင်ငံတကာဆက်ဆံရေး ဘာသာ၊ ဂုဏ်ထူးတန်း၊ ရန်ကုန်တက္ကသိုလ်)၊ မေသူခိုင် (နိုင်ငံတကာဆက်ဆံရေး ဘာသာ၊ ရန်ကုန် တက္ကသိုလ်)တို့အားလည်း ကျေးဇူးတင်ရှိလိုပြီး ရှေ့ဆက်ရာ၌ အရာရာ အဆင်ပြေပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

 
 
 
 
 
 
 

ခရစ္စမတ်နှင့် နှစ်သစ်ကူး အချိန်ခါ

 

MCRB ၏ ပတ်သက်ဆက်နွယ်သူများအားလုံးအား ပျော်ရွှင်စရာကောင်းသည့် ခရစ္စမတ်နှင့် နှစ်သစ်ကူး ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၂၀၁၉ ခုနှစ်၌လည်း မိတ်ဆွေနှင့်အတူ တာဝန်ယူမှုရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆက်လက် လက်တွဲလုပ်ကိုင်လိုပါသည်။

 
 
 
 
 
 
 
facebook linkedin googleplus