Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

မြန်မာ့စီးပွားရေးက တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ပါဝင်ပတ်သက်
ဆက်နွယ်နေသူ
များ အပေါ် စစ်တမ်းကောက်ယူခြင်း ကို ဖြေဆိုပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။

 

မြန်မာ့စီးပွားရေးကဣ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ စစ်တမ်းကောက်ယူချက်ကို ဖြေကြားပေးခဲ့သော ကျွန်ုပ်တို့ နှင့် ပါဝင်ပတ်သက်ဆက်နွယ်နေသူများ အားလုံးကို ကျေးဇူးတင်ရှိ ပါသည်။ ဖြေကြားရာတွင် အင်တာနက် ချိတ်ဆက်နှုန်း သို့မဟုတ် အခြားသော ပြဿနာ များကြောင့် အခက်အခဲတစုံတရာရှိခဲ့ပါက တောင်းပန်ပါသည်။

 
 
 
 
 
 
 

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု စည်းမျည်းများ မူကြမ်း အပေါ် မှတ်ချက်များ။

 

MCRB သည် EarthRights International၊ Oxfam International နှင့် WWF တို့နှင့် အတူတကွ ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ဥပဒေ အတွက် စည်းကမ်းများမူကြမ်း ၏ တတိယ အကြိမ် မူကြမ်း အပေါ်တွင် ရေးသားထားသည့် မှတ်ချက်များကို တင်သွင်းခဲ့ကြသည်။ ယခင်အစောပိုင်း က ရေးသားထားခဲ့သော မှတ်ချက်များ အပြင် တဆင့် ထပ်ဆင့်ရေးသားထားသည့် မှတ်ချက်များ နှင့် အများပြည်သူလူထု နှင့် ဆွေးနွေးတိုင်ပင်သည့် လုပ်ငန်းစဉ်များမှ ရရှိသည့် အချက်အလက်များလည်း ထည့်သွင်းထားသည်။ စည်းမျဉ်းများ မူကြမ်းကို မြန်မာလွှတ်တော် မှ များမကြာမီ တွင် လက်ခံစဉ်းစားမည်ဟု မျှော်လင့်ရသည်။

 
ဆက်လက်ဖတ်ရှု လိုပါက
 
 
 
 
 
 

မြန်မာနိုင်ငံတွင် တပြေးညီ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အားလုံးချိတ်ဆက်နိုင်မည့် မူဝါဒ (Universal Access Strategy)

 

မြန်မာ့စာတိုက် လုပ်ငန်း နှင့် ဆက်သွယ်ရေးဌာန သည် နိုင်ငံတကာအတိုင်ပင်ခံကုမ္ပဏီ Intelecon ၏ အကူအညီနှင့်အတူ မြန်မာနိုင်ငံတွင် တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ (Universal Service Strategy – USS) ကို ဖော်ဆောင်လျက်ရှိပါသည်။  ၎င်းသည် တပြေးညီ ဝန်ဆောင်မှု (Universal Service) အတွက် ရန်ပုံငွေရှာခြင်း ယန္တရားနှင့် ရှေ့ပြေးစီမံကိန်းများ အတွက် ဖော်ဆောင်လျက်ရှိသည့် မူဘောင်တစ်ရပ်ဖြစ်ပါသည်။ ဒုတိယအကြိမ် အကြံပြုဆွေးနွေးပွဲ ကို ၂၀၁၇ ဖေဖော်ဝါရီလ ၁၆ရက်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကိုအားလုံးချိတ်ဆက်နိုင်မည့် မူဝါဒ (Universal Service Strategy) မူကြမ်း အပေါ်တွင် ထင်မြင်ချက်များကို ရှာဖွေရန် အတွက် MCRB ၏ ထောက်ပံမှု နှင့် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။
Intelecon တပြေးညီ ဆက်သွယ်ရေးဝန်ဆောင်မှု မဟာဗျူဟာ (Universal Service Strategy) မူကြမ်း၊ Universal Service Fund အတွက် လမ်းညွှန်ချက်မူကြမ်း နှင့် USF အတွက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ပုံ မူကြမ်း ကို အစိုးရထံသို့ April လတွင် တင်ပြမည်ဖြစ်သည်။ ၎င်းမူကြမ်း များသည် June လတွင် အချောသတ်ခြင်းမပြုလုပ်ခင် မေလတွင် ထပ်မံပြုလုပ်မည့် အများပြည်သူ အကြံပြုဆွေးနွေးပွဲ အလုပ်ရုံ အတွက် ရည်ရွယ်ပါသည်။

 
ဆက်လက်ဖတ်ရှု လိုပါက
 
 
 
 
 
 

မီနီပွင့်သစ်စ - ကုမ္ပဏီတစ်ခုသည် ပထမဦးဆုံးအနေ
ဖြင့် အမှတ်ပေးမှုခံယူ လိုက်သည်။

 

Irrawaddy Green Towers သည် ပထမဦးဆုံး အနေဖြင့် မြန်မာ့စီးပွားရေး ကဣ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏  မီနီပွင့်သစ်စ အစပြုရာတွင် ကနဦးဆုံး အမှတ်ပေးခံရန် ပါဝင်လာသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ “မီနီပွင့်သစ်စ”သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ပြုလုပ်သော ပွင့်သစ်စ စီမံချက်တွင် ထပ်မံပေါင်းထည့်ထားသည့် လုပ်ဆောင်ချက်အသစ် ဖြစ်သည်။ အလတ်စားစီးပွားရေးလုပ်ငန်းများ  ကို ဦးတည်ထားကာ ပွင့်သစ်စစီမံချက်တွင်မပါဝင် သော်လည်း  ဆန္ဒအလျောက် ၎င်းတို့၏ ပွင့်လင်းမြင်သာမှု နှင့် ဝဘ်ဆိုဒ်ပွင့်လှစ်ချဟပြမှု ကို နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပွင့်သစ်စ လေ့လာစမ်းစစ်မှု တွင် အသုံးပြုသည့် တိုင်းတာချက် ၃၅ ချက်ကို ပင် အသုံးပြုကာ ဆန်းစစ်ပြုလုပ်ဆောင်ရွက်ခြင်း ကို အမှတ်ပေးခံလိုသည့် ဆန္ဒရှိသော ကုမ္ပဏီများ ဖြစ်သည်။
အမှတ်ပေးမှုခံယူမှုကို စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် မဖြူဖြူဇင် ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။  [email protected]

 
ဆက်လက်ဖတ်ရှု လိုပါက
 
 
 
 
 
 

အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အတူတကွလက်တွဲလုပ်ဆောင်ခြင်း

 

စီမံကိန်း နှင့် ဆက်သွယ်ရေး အရာရှိ မဖြူဖြူဇင် အနေဖြင့် “အရှေ့တောင်အာရှရှိ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးများ အတွက် UNCAC ၏ Fast-ခြေရာခံ အကောင်အထည်ဖော်ရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဒေသဆိုင်ရာ ညီလာခံတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။ ညီလာခံ မတိုင်ခင် တွင်လဲ MCRB မှလည်း ထို အကြောင်းအရာ အပေါ်တွင် စိတ်ပါဝင်စားမှု ရှိသဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအားလုံးကို အတူတကွစုပေါင်း၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသေးသည်။ ဗစ်ကီ ဘိုမန် အနေဖြင့်လည်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဗြိတိန်နိုင်ငံကုန်သည်ကြီးများ အသင်းက စီစဉ်ကျင်းပသည့် အကျင့်ပျက်ခြစားတိုက်ဖျက်ရေး အပေါ်တွင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲ တွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ လူထုအခြေပြု အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှင့် အခြားသောသူများ ထံမှလည်း ပူးပေါင်းဆောင်ရွက်စေလိုပါသည်။

 
ဆက်လက်ဖတ်ရှု လိုပါက
 
 
 
 
 
 

တနင်္သာရီတိုင်းဒေသကြီးတွင် ရေရှည်တည်တံသော ခရီးသွားလုပ်ငန်းဖြစ်ထွန်းရေး။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) နှင့် Fauna and Flora International (FFI) တို့သည် တနင်္သာရီတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တို့နှင့် ပူးတွဲ၍ တနင်္သာရီ ဒေသတွင် ရေရှည်တည်တံ့ သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတူတကွ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးချုပ် နှင့် အခြားသက်ဆိုင်သည့် ဝန်ကြီးဌာနများ နှင့် သာမက Mr.Serge Pun မှ ဦးဆောင်မှု ပြုသည့် တနင်္သာရီတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တို့နှင့် လည်း အနီးကပ်ပူးတွဲ လုပ်ကိုင်ဆောင် ရွက် လျက် ရှိသည်။ နောက်ဆက်တွဲ လုပ်ကိုင်ဆောင် ရွက်ရမည်ထဲတွင် ပါဝင်သည်မှာ ထိုဒေသတွင် ထိန်းသိမ်းစောင့်ရှောက်ရမည့် ဒေသများကို အကြမ်းဖျင်း သတ်မှတ်ရန် မူကြမ်းဇုန်ခွဲခြားသတ်မှတ်ခြင်းအစီအစဉ် နှင့် သင့်လျော်သော ခရီးသွားလုပ်ငန်းများနှင့်ထိန်းချုပ်မှုများ အပြင် ထိုဒေသ တွင်း ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦး များသိရှိနိုင်ဖို့ ရန် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးစံချိန်စံညွှန်းများ ကို သတ်သတ်မှတ်မှတ်ထားရှိရန် တို့ပင်ဖြစ်သည်။ ကျေးဇူးပြု၍ ဤအကြာင်းအရာကို စိတ်ပါဝင်စားပါက [email protected] ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 
သိန်းသန်းဌေး ထံသို့ ဆက်သွယ်ရန်။
 
 
 
 
 
 

စားအုန်းဆီ ကဣ လေ့လာဆန်းစစ် ခြင်း။

 

စားအုန်းဆီ ကဣ၏ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ သက်ရောက်မှု အပေါ် Fauna and Flora International (FFI) မှ ပြုလုပ်ထားသော ကျယ်ပြန့်သည့် သုတေသန နှင့် One Map Myanmar (OMM) ကလည်း စာအုန်းဆီ စိုက်ခင်းမြေကွက် များအပေါ်တွင် မြေပုံနေရာချထား ခြင်း ပြုလုပ်နေပါသည်တို့ အပေါ်တွင် တည်ဆောက်၍ MCRB၊ FFI နှင့် OMM တို့သည် မြန်မာနိုင်ငံတွင် စားအုန်းဆီစိုက်ခင်း ကဣ ၏ လက်တွေ့ အမှန်တကယ် နှင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်း ကျင်၊ လူမှုရေး နှင့် လူ့အခွင့်အရေး အပေါ် သက်ရောက်မှုများ ကို အကဲဖြတ်လေ့လာ ဆန်းစစ်မှု ပြုလုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ ထိုအကဲဖြတ်မှု များ ၏ တွေ့ရှိချက်များ အပေါ်တွင် အခြေခံ၍ စားအုန်းဆီကဣ ၌ ကောင်းမွန်သော အလေ့အကျင့်များ ပေါ်ပေါက်လာစေရန် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် အညီ အကြံပြုချက်များကို သက်ဆိုင်သည့် ပါဝင်ပတ်သက်ဆက်နွယ်နေသူများ အပါအဝင် ပြည်ထောင်စု နှင့် ဒေသတွင်း အစိုးရများ အတွက် ပေးအပ် သွားမည်ဖြစ်သည်။ MCRB အနေဖြင့် စားအုန်းဆီ ကဣ တွင် စိတ်ပါဝင်စားသည့် အရပ်ဘက်လူမှု့အဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများ ထံမှ သတင်းစကားများ ကြားလိုပါသည်။ ကျေးဇူးပြု၍ [email protected] ထံသို့ ဆက်သွယ်နိုင်ပါသည်။

 
အန်နာ ထံသို့ ဆက်သွယ်ရန်။
 
 
 
 
 
 

များမကြာမီတွင် ဖြစ်လာတော့မည့် မကျေနပ်မှုကို တိုင်ကြားနိုင်သည့် ယန္တရား ပိုင်းဆိုင်ရာ ကို ကုမ္ပဏီများ အတွက် သင်တန်းပေးခြင်း။

 

မြန်မာ့စီးပွားရေး ကဣ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)  သည် လူ့အခွင့်အရေး မူဝါဒနှင့်  မကျေနပ်ချက်များတိုင်ကြားနိုင်သည့် ယန္တရားများ ပိုင်းဆိုင်ရာတွင် ကုမ္ပဏီများ
အတွက် သင်တန်းပေး ရန် စီစဉ် နေပါသည်။ အဆိုပါ အလုပ်ရုံသင်တန်းများ သည် ကောင်းမွန်သည့် အလေ့အကျင့်များ နှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့် မကျေနပ်မှုတိုင်
ကြားခြင်း ယန္တရားဆိုသည်
မှာ မည်သည့်အရာ ဖြစ်သည်ကို အဓိကထား သင်ကြား ပေးမည် ဖြစ်ပြီး မတူညီကွဲပြားခြားနားသည့် ပါဝင်ပတ်သက်ဆက်နွယ်သူများ နှင့် အတူတကွလက်တွဲလုပ်ကိုင်၍ ၎င်းတို့၏ လိုအပ်ချက်များ ပြည့်မှီအောင်ပြုလုပ်ခြင်း စသည့် အခြားသော ကုမ္ပဏီများ ထံမှ ဥပမာများ ပေး၍ သင်တန်းပေးသွားမည်ဖြစ်သည်။ အကယ်၍ သင် သို့မဟုတ် သင်၏ကုမ္ပဏီ အနေဖြင့် ဝင်ရောက်ပါဝင်ရန် စိတ်ပါဝင်စားပါက မော်နီကာ (သို့) မဆုမြတ်နွှယ် ထံသို့ ဆက်သွယ်နိုင်ပါသည်။ [email protected]
or 09 520 1008

 
မော်နီကာ ထံသို့ ဆက်သွယ်ရန်။
 
 
 
 
 
 

စီးပွားရေးလုပ်ငန်းစုများ အတွက် ဆောင်ရန် ရှောင်ရန်များ

 

ြန်မာ့စီးပွားရေး ကဣ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် စီးပွားရေးလုပ်ငန်းစုများ အတွက် ဆောင်ရန် ရှောင်ရန် များ ကို မြန်မာနိုင်ငံရှိ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးကျင့် ဝတ် ဖော်ဆောင်လာစေရန် အတွက် ရည်ရွယ်၍ စာစောင်တစ်စောင် ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။ ထိုစာစောင်ထဲတွင် ကျွန်ုပ်တို့ အနေဖြင့် စာဖတ်သူများကို မြန်မာလုပ်ငန်းခွင် ဆိုငရာ ဥပဒေများ ကို ရည်ညွှန်းထားမည်ဖြစ်သော်လည်း အဓိကအားရုံစိုက်ထားမှုမှာ မူ စီးပွားရေးလုပ်ငန်းတစ်ခု ၏ လုပ်ကိုင်ဆောင်ရွက်ပုံ ဖွဲ့စည်းမှုပုံ အနေဖြင့် မြန်မာယဉ်ကျေးမှု အပေါ်တွင် ရိုသေလေးစားမှု ရှိစေရန် ပင်ဖြစ်သည်။ ဤ စာတမ်းအနေဖြင့် မြန်မာနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားများအတွက် ပြီးပြည့်စုံပြီး ဖတ်ရလွယ်ကူသည့် တာဝန်ယူမှုရှိ စီးပွားရေးလုပ်ငန်း အပေါ် လမ်းညွှန်ဖတ်စာ တစ်ခု အနေဖြင့် အထောက်အကူပြုပြီး ယဉ်ကျေးမှု ပဋိပက္ခများ ဖြစ်ပွားမှု မှ တားဆီးနိုင်ရန် အတွက် နိုင်ငံခြားစီးပွား ရေးလုပ်ငန်း ပညာပေးခြင်းအားဖြင့် ပဋိပက္ခများကို ဖြစ်မှုမှ တားဆီးနိုင်မည် ဟု မျှော်လင့်ရပါသည်။ မြန်မာ့စီးပွားရေး ကဣ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေဖြင့် အလုပ်ခွင်နေရာ နှင့် ရပ်ရွာအသိုင်းအ ဝန်း ရှိ ပါဝင်ပတ်သက် ဆက်နွှယ်နေသူ များ အကြားတွင် ယှဉ်ကျေးမှု ပဋိပက္ခများ ကို မည်သို့ ရှောင်ရှားရန် ဆိုသည့် အကြံဉာဏ်များ ကို မြန်မာ နှင့် နိုင်ငံခြားသား များ ထံမှ ကြားနိုင် ရန် စိတ်ပါဝင်စားလျှက် ရှိပါသည်။ ကျေးဇူးပြု၍ [email protected] ထံသို့ ဆက်သွယ်နိုင်ပါသည်။

 
လီယာ ထံသို့ ဆက်သွယ်ရန်။
 
 
 
facebook linkedin googleplus