Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

ကုမ္ပဏီများအတွက် ဩဂုတ်လ ၂၅ ရက်နေ့တွင်ကျင်းပမည့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာမူဝါဒ ဒုတိယမြောက်သင်တန်းတက်ရောက်ရန် အမည်စာရင်းသွင်းပါ

MCRB သည် ကမ္ဘာ့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် (UNDP) မြန်မာနိုင်ငံရုံးနှင့် အရှည်သဖြင့်တည်တံ့ခိုင်မြဲမှု အကြံပေးကုမ္ပဏီ Yever တို့နှင့်အတူပူးပေါင်း၍ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာမူဝါဒဆိုင်ရာ သင်တန်းစဉ်များမှ ဒုတိယမြောက်သင်တန်း ကို ဩဂုတ်လ ၂၅ ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးမူဝါဒပုံစံတစ်ရပ်နှင့် လက်တွေ့ဖော်ဆောင်ကျင့်သုံးပုံကိုလည်း သင်တန်းမှပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်ရန်အတွက် ဤ လင့်ခ်မှတဆင့် အမည်စာရင်းပေးသွင်းနိုင်ပါသည်။

ပိုမိုဖတ်ရှုလိုပါက

လုပ်ငန်းခွင် ကျန်းမာပျော်ရွှင်မှုသည် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ထမ်းများကို အထောက်အကူပြုစေသည်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများကြောင့် လုပ်ငန်းခွင် စိတ်ကျန်းမာရေး ၏အရေးပါမှုမှာ မြင့်တက်လာလျက်ရှိသည်။ MCRB အနေနှင့် ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင် စိတ်ကျန်းမာရေးနှင့် လုပ်ငန်းခွင်ကျန်းမာပျော်ရွှင်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို အရင်းအမြစ်တစ်ခုအနေဖြင့် ထည့်သွင်းထားပြီးဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဒေါ်ခင်ယမုံဇော် ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပွင့်သစ်စ အစီရင်ခံစာ

ကုမ္ပဏီပေါင်း ၂၇၀ ကျော်ပါဝင်သော ၂၀၂၂ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာအတွက် ဒုတိယနှင့် နောက်ဆုံးအကြိမ် အကဲဖြတ်အမှတ်ပေးမှုကို ယခုလတွင်စတင်ပြီဖြစ်ပြီး နောက်ဆုံးရမှတ်များကို စက်တင်ဘာလနှောင်းပိုင်းတွင် အပြီးသတ်စုစည်းသွားမည်ဖြစ်သည်။ ပထမအကြိမ် အကဲဖြတ်ခဲ့သည့်အတိုင်း စံနှုန်းပေါင်း ၁၅၁ခု ပေါ်တွင်အခြေခံပြီး အချက်အလက်များ ထုတ်ပြန်သည့်နေရာတွင် တိုးတက်မှုရှိမရှိကို အမှတ်ပေးသွားမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာကို လာမည့် စတုတ္ထသုံးလပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ပွင့်သစ်စ အစီရင်ခံစာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဒေါ်ယွန်းသီရိထွေးထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေခြင်း

မသန်စွမ်းသူများ ပါဝင်သော သို့မဟုတ် ဉီးဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းငယ်များပါဝင်သည့် တတိယအကြိမ်မြောက် ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၄ရက်နေ့တွင် MCRB၊ ရွှေမင်းသားဖောင်ဒေးရှင်းနှင့် MILI အဖွဲ့တို့ပူးပေါင်း၍ ကျင်းပခဲ့သည်။ ပါဝင်တက်ရောက်သူပေါင်း ၇၀ ခန့်ရှိပြီး အသေးစားငွေချေးလုပ်ငန်းများအပါအဝင် အခြား သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်အခွင့်အလမ်းများ အကြောင်းကိုဆွေးနွေးခဲ့သည်။ လက်သင်္ကေတပြဘာသာပြန်ခြင်းနှင့် စာတမ်းထိုးပေးခြင်းများကိုလည်း ဆွေးနွေးပွဲတွင် စီစဉ်ထားရှိခဲ့ပြီး လာမည့်ဆွေးနွေးပွဲကို ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။အသေးစိပ် သိရှိလိုပါက ဦးမြင့်နိုင်ကျော်ထံသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

တွင်းထွက်သယံဇာတတူးဖော်ခွင့် တည်နေရာပြ ပထဝီမြေပုံ

MCRB သည် Yever နှင့်အတူပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အချက်အလက်များကိုဖော်ပြပေးမည့် ‘တာဝန်ယူမှုတာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဆီ မြန်မာပြည် မြေပုံ’ (TRIM-Map)အမည်ဖြင့် ရှေ့ပြေး စီမံချက်တစ်ခုကို အပြီးသတ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းစီမံချက်နှင့်အတူယှဉ်တွဲ၍ ၂၀၁၈ခုနှစ် ခွင့်ပြုမိန့်လိုင်စင်အချက်အလက်များဖြင့် နောက်ဆုံးအကြိမ်ထွက်ရှိထားသည့် (၆)ကြိမ်မြောက် မြန်မာနိုင်ငံ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) အစီရင်ခံစာပါ တွင်းထွက်သယံဇာတများနှင့် ပုလဲ တူးဖော်ခွင့်တည်နေရာပြ ပထဝီဝင်မြေပုံကို တစ်ပါတည်း ကြည့်ရှုနိုင်ရန်ဆောင်ရွက်လျက်ရှိပါသည်။

MCRB မှ တိုင်းရင်းသားဒေသများရှိ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အွန်လိုင်း ဆွေးနွေးပွဲစကားဝိုင်း တစ်ရပ် စီစဥ်

ဇူလိုင်လ ၂၈ ရက်နေ့ တွင် MCRB သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ မှ တက်ရောက်သူ ၂၅ ဦး နှင့် တိုင်းရင်းသားဒေသများရှိ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ နှင့်ပတ်သက်သော အွန်လိုင်း ဆွေးနွေးပွဲစကားဝိုင်း တစ်ရပ် ပြုလုပ်ခဲ့ပါသည်။ 

အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက် ပိုမိုအားကောင်းလာစေရန်၊  အသိပညာများဖလှယ်ရန် အတွက် အရေးပါသော အခွင့်အလမ်းကောင်း ဖြစ်ပြီး ဤဆွေးနွေးပွဲစကားဝိုင်းများအား ၃ လ တစ်ကြိမ် ဆောင်ရွက်ရန် စီစဥ်ထားပါသည်။ ရှေ့လာမည့် စကားဝိုင်းအား အောက်တိုဘာလ နောက်ဆုံးအပတ်တွင် စီစဥ်သွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဒေါ်ခင်မို့မို့မြင့် ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
facebook linkedin