Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

ရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာသုံးသပ်ချက်ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ-နိုဝင်ဘာ ၂၄ရက်

OECD၏ ဒုတိယအကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာသုံးသပ်ချက်ကို နိုဝင်ဘာ ၂၄ ရက်၊ ၁၄း၃၀ မိနစ်အချိန်တွင် အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ပြီး ထုတ် ပြန်မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးသောင်းထွန်း ကအဖွင့်စကားပြောကြားမည်ဖြစ်သည်။ MCRB မှ Vicky Bowman က စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးမည်ဖြစ်သည်။ ရင်းနှီး မြှုပ်နှံမှု မူဝါဒလေ့လာသုံးသပ်ချက်တွင် MCRB ၏အကြီးတန်းအကြံပေး Margaret Wachenfeld ပြုလုပ်ထားသည့် သုတေသနကိုအခြေပြုထားသည့် တာဝန်ယူမှုရှိ သည့် စီးပွားရေးလုပ်ငန်း အပြုအမူများနှင့် လုံခြုံစိတ်ချရပြီး သေချာစွာသတ်မှတ် ပြဌာန်းထားသော မြေယာမူဝါဒများကို အားပေးခြင်းဆိုင်ရာ အခန်းတစ်ခု လည်းပါဝင်သည် ။

ဆွေးနွေးပွဲကို တက်ရောက်လိုပါက စာရင်းပေးသွင်းနိုင်ပါသည်။

မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ ဆွေးနွေးပွဲများ -ရက်မှတ်ထားပေးပါရန်။

MCRB ၊အစ္စရေးနိုင်ငံသံရုံး၊ Access Israel နှင့် အစ္စရေးကုန်သည် စက်မှုအသင်း တို့ပူးပေါင်းပြီး ကျင်းပမည့် မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ ဆွေးနွေးပွဲများ တွင် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့မှ တက်ရောက် ဆွေးနွေး မည်ဖြစ်သည်။ နိုဝင်ဘာ ၂၄ တွင်၂နာရီအချိန်တွင်ကျင်းပမည့် ပထမဆွေးနွေးပွဲ မှာ “မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ စီးပွားရေးအကျိုးအမြတ်” ဖြစ်ပြီးယင်းသို့ဆောင်ရွက်ခြင်းကြောင့် ရရှိသည့်အတွေ့အကြုံများကို မြန်မာ နှင့်နိုင်ငံတကာမှ လုပ်ငန်းအတွေ့အကြုံရှိသူများက ဆွေးနွေးမည် ဖြစ်သည်။ ဒုတိယမှာ ဒီဇင်ဘာ ၁၆ရက်တွင်ပြုလုပ်မည့် “စားသုံးသူဝန်ဆောင်မှုများဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာကဏ္ဍ” ဖြစ်ပြီး ဘာသာပြန်နှင့် လက် သင်္ကေတပြမှုများလည်း ပါဝင်ပါမည်။

ပထမ အခမ်းအနားကို တက်ရောက်လိုပါက စာရင်းသွင်းနိုင်ပါသည်။
ကမ်းရိုးတန်းများကို ဂရုပြုပါသလား ။

MCRBမှ ကိုဝင်းမင်းသည် အမျိုးသားအဆင့် ကမ်းရိုးတန်းရင်းမြစ်များ စီမံခန့်ခွဲမှု အကြံပေးကော်မတီတွင် ပါဝင်ပြီး အမျိုးသားအဆင့်ဘက်စုံပါဝင်သော ကမ်းရိုး တန်းရင်းမြစ်များ စီမံခန့်ခွဲမှုအစီအစဉ်မူကြမ်းကို ရေးဆွဲရာတွင် ကူညီပေး နေပါသည်။ MCRBသည် ကမ်းရိုးတန်းဒေသတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ထိခိုက်မှုများကို သေချာအောင် ရှာဖွေလိုပြီး လုပ်ငန်းများဖော်ဆောင်နေသော စီးပွားရေးလုပ်ငန်းများကလည်း ယင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ထည့်သွင်းစဉ်းစားစေလိုပါသည်။အထူးသဖြင့် ရေနံသဘာဝဓာတ်ငွေ့၊ဆိပ်ကမ်းနှင့် ပို့ဆောင်ဆက်သွယ်ရေး၊ခရီးသွား၊ပုလဲနှင့် ငါးလုပ်ငန်းကဏ္ဌများတွင် ဖြစ်သည်။ စိတ်ဝင်စားပါက ကိုဝင်းမင်းထံ ဆက်သွယ်နိုင်ပါသည်။

ကိုဝင်းမင်းထံဆက်သွယ်လိုပါက

ဂျပန်ကုမ္ပဏီများ- လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ကို တင်ပြခြင်း

မြန်မာ့စီးပွား‌ရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန ( MCRB)၏ ဒါ ရိုက်တာြဖစ်သော ဗစ်ကီဘိုမန်သည် ဂျပန်ကုမ္ပဏီများဖြစ်သည့် မာရူဘီနီ၊ တာဆာကီပုလဲနှင့် ကီရင်တို့ကြုံတွေ့နေရသည့် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၄ရက်က ဟောပြောခဲ့သည်။ ဂျပန် အစိုးရက မကြာမီက ထုတ်ပြန်ခဲ့သည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရင်းမြစ်များ ဝဘ်ဆိုဒ်၏ဂျပန်ဘာသာဖြင့် ထုတ်ပြန်မှုအခမ်းအနားနှင့် အမျိုးသား အဆင့် ဆောင်ရွက်မှုအစီအစဉ် ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရင်းမြစ်များ ဝဘ်ဆိုဒ်သည် ကုမ္ပဏီများ နှင့်ဆက်နွယ်ပတ်သက်သူများအတွက် အလွန်အသုံးဝင်ပါသည်။ ကမ္ဘာလုံးဆိုင် ရာ လေ့လာတွေ့ရှိချက်များအပြင် ကုမ္ပဏီများက ၎င်းတို့၏ လူ့အခွင့်အရေး ဆိုင်ရာများတွင် ဝေဖန်ခံရပါက တုန့်ပြန်နိုင်သည့် လမ်းကြောင်းများကိုလည်း ဖော်ြပထားသည်။ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရင်းမြစ်များ ဝဘ်ဆိုဒ်၏ “know the Chain’ အစီအစဉ်၊ Ajinomoto၊ နှင့် MCRB၏ မိခင်အဖွဲအစည်း ဖြစ်သော Danish Institute for Human Rights မှ လည်း ဟောပြောသူများက ဟောပြော ထားသည့် မှတ်တမ်းတင်ထားသော အွန်လိုင်းအစည်းအဝေးများကို လည်း ဖော်ြပထားပါသည်။

မှတ်တမ်းတင်ထားသော အွန်လိုင်းအစည်းအဝေးများကို ကြည့်ရှုလိုပါက

ကျွနုပ်တို့ယုံကြည်သည့် ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်အလက်အကာအကွယ်ပေးမှု ။

စင်ကာပူအ‌ခြေစိုက် Magenta Global Ltd က အောက်တိုဘာ ၂၈-၂၉ တွင်ကျင်းပသည့် 5th Emerging Asia Banking and Fintech Virtual Summitတွင် MCRB မှ Svetlana Zens က အသိမြင်ဖွင့်ခြင်း၊ဘဏ္ဌာရေးအသိပညာများနှင့် ပုဂ္ဂိုလ်ရေး အချက်အလက် အကာအကွယ်ပေး မှုတို့တွင် ဆွေးနွေးခဲ့သည်။ ယင်းတွင် Anthem Asia မှ Director & Co-Founder နှင့် Myanmar Private Equity and Venture Capital Association (MPE&VCA)မှ Founding Member ဖြစ်သူ Genevieve Hengလည်း ပါဝင်ခဲ့သည်။ ဆွေးနွေးပွဲကို UNCDFမှ Country Technical Lead ဖြစ်သူ Paul Luchtenburgက ပံ့ပိုးဆွေးနွေးပေးခဲ့သည်။

ဆွေးနွေးပွဲ ကိုကြည့်ရှုလိုပါက

ပွင့်သစ်စ ၂၀၂၀ တွင် မည်သူ ထိပ်ဆုံးရောက်မည်နည်း။

MCRB နှင့် Yever တို့သည်ပွင့်သစ်စ ၂၀၂၀ အစီရင်ခံစာကိုအပြီးသတ်နိုင်ရန် ကြိုးစားနေ ကြ သည်။ ခရစ္စမတ်မတိုင်မီထုတ်ဝေရန်မျှော်လင့်နေကြသည်။ နားစွင့်နေပါရန်။

နားစွင့်နေပါရန်။
facebook linkedin