Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ပွင့်သစ်စ ၂၀၂၀ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာအတွက် သုတေသန စတင်ခြင်း။

 

ယခု ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေမည့် အစီရင်ခံစာသည် ဆဌမအကြိမ်မြောက် ထုတ်ပြန်သော ပွင့်သစ်စ/မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု (Transparency in Myanmar Enterprises – TiME) အစီရင်ခံစာဖြစ်ပြီး ၎င်းအစီရင်ခံစာအတွက် သုတေသနလုပ်ငန်း စတင် လုပ်ဆောင်မည် ဖြစ်ပါသည်။ ကော်ပိုရိတ်ကိုယ်ရေးအချက်အလက်များ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ရေရှည်တည်တံခိုင်မြဲမှုဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် အစီရင်ခံခြင်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အများပြည်သူသိရှိစေရန် အွန်လိုင်းပေါ်၌ ထုတ်ပြန်သော ကုမ္ပဏီများအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပမည် ဖြစ်ပါသည်။ MCRB နှင့် ပရိုဗိုနို မိတ်ဖက်ဖြစ်သည့် Yever တို့သည် စာရင်းပြုစုထားသော ကုမ္ပဏီပေါင်း၂၅၀ကျော်ဖြစ်သည့် အစုရှယ်ယာရှင် ၁၀၀ ကျော်ပါဝင်သော အများပိုင်ကုမ္ပဏီများ၊ ဘဏ်များ၊ အဓိကအခွန်ထမ်းများနှင့် အခြားသြဇာလွှမ်းမိုးမှုရှိသော ကုမ္ပဏီများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့် အခြားပါဝင်ရန် ဆန္ဒရှိသော ကုမ္ပဏီများကို အကဲဖြတ်သုံးသပ်၍ ဆန်းစစ်ပါမည်။ နောက်ထပ်သတင်းအချက်အလက်များအတွက် ထိုနေရာတွင် ကြည့်ရှုပါ။

 
 
 
 
 
 
 

မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းအတွက် ‘ခွဲတမ်း’- သဘောထားမှတ်ချက်ပေးရန် ဖိတ်ကြားခြင်း။

 

MCRB နှင့် AAR Japan တို့သည် မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်း မည်သို့မြှင့်တင်ရမည်ကို လေ့လာဆန်းစစ်သည့် အမျိုးသားမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အလုပ်အကိုင် ကော်မတီခွဲအတွက် မူဝါဒရွေးချယ်မှု စာတမ်းကို ပြင်ဆင်ခဲ့သည်။ ဤစာတမ်းတွင် မသင်မနေရခွဲတမ်းများကို စတင်မိတ်ဆက်ရန် ရွေးချယ်စရာများကို ဖော်ပြထားသည်။ အလုပ်ရှင်နှင့် မသန်စွမ်းသူများ၏ အမြင်များကို ဖိတ်ကြားခဲ့ပါသည်။ ကျေးဇူးပြု၍ သဘောထားမှတ်ချက်များကို မြင့်နိုင်ကျော် သို့ ပေးပို့ရန်။

 
 
 
 
 
 
 

အီလက်ထရောနစ်ကုန်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်အခွင့်အရေးများ - နေ့စွဲများကို သိမ်းဆည်းပါ။

 
MCRB မှ Svetlana Zens သည် ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက် နေ့တို့တွင် ရန်ကုန်မြို့ရှိ ၁၁ ကြိမ်မြောက် Mobile Money & Financial Inclusive Summit 2020 နှင့်် တတိယအကြိမ်မြောက် ပြုလုပ်ကျင်းပမည့် အာရှ E-Commerce နှင့် Last Mile Logistics ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍအတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများ၏ အရေးပါပုံကို ဆွေးနွေးမည် ဖြစ်သည်။ Phandeeyar, MIDO, FEM နှင့် MCRB တို့ ပူးပေါင်း၍ ကျင်းပသော ၄ ကြိမ်မြောက် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF) ကို ဖေဖော်ဝါရီလ ၂၈-၂၉ ရက်နေ့များတွင် Rose Garden ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး၊ နောက်ဆုံးပေါ်အွန်လိုင်းလွတ်လပ်ခွင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် သတင်းအချက်အလက်ရယူခွင့်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည် ဖြစ်ပါသည်။ တတိယအကြိမ်မြောက် MDRF (ဇန်နဝါရီလ ၂၀၁၉) အစီရင်ခံစာ ကို အွန်လိုင်းတွင် ရရှိနိုင်ပါသည်။
 
Svetlana Zens သို့ ဆက်သွယ်ရန်
 
 
 
 
 
 

MCRB သည် MEAA2020 ညီလာခံတွင် မြေယာနှင့် နစ်နာမှုများဆိုင်ရာ စာတမ်းကို မျှဝေခဲ့သည်။

 

MCRB သည် မြန်မာပတ်ဝန်းကျင်ဆန်းစစ်လေ့လာခြင်းဆိုင်ရာအသင်း (MEAA) မှ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပထမအဆုံးအကြိမ် ကျင်းပသော ညီလာခံတွင် ပါဝင်ခဲ့သည်။ Vicky Bowman သည် လုပ်ငန်းခွင် နစ်နာမှုတိုင်ကြားချက်များကို ဖြေရှင်းသည့်စနစ်များနှင့် ပတ်သက်၍ အဓိကကျသော မိန့်ခွန်း ပြောကြားခဲ့သည်။ Deputy Director နှင်းဝတ်ရည်မှလည်း ၂၀၁၉ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော မြေယာသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာဥပဒေနှင့် ပတ်သက်ပြီး လေ့လာဆန်းစစ်မှုမကို တင်ပြခဲ့သည်။ တင်ပြချက်များကို ဤ နေရာတွင် ရရှိနိုင်ပါ 

 
 
 
 
 
 
 

အကျိုးတူမျှဝေခြင်းအပေါ် သုတေသနနှင့် အာရှရှိ လူမှုရေးဆိုင်ရာ လုပ်ငန်းများ

 

MCRB သုတေသန လုပ်ဖော်ကိုင်ဖက် Simone Anzboeck သည် မကြာသေးမီက နန်ယန်း ဈေးကွက် စင်တာ (NCEM) ၏ တွဲဖက်ပါမောက္ခ Zhao Meng တို့ ပူးပေါင်းပြီး စင်ကာပူ နန်ယန်း စီးပွားရေးကျောင်းမှ သုတေသနစီမံကိန်းတစ်ခုဖြစ်သော ‘ အကျိုးအမြတ်မျှဝေခြင်းကို ဖန်တီးရန် စွမ်းဆောင်ရည်များ - အရှေ့တောင်အာရှနှင့် တောင်အာရှပိုင်းတို့တွင် လူမှုရေးနှင့် စီးပွာရေး ညီမျှမှုကို အကောင်းဆုံး ဖြစ်စေခြင်း။’ MCRB ၏ ဟောင်ကောင်အခြေစိုက် Asia Philanthropy and Society (CAPS) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ruth Shapiro သည် MCRB ၏ အောက်တိုဘာလတွင် ကော်ပိုရိတ်ပရိတလုပ်ငန်းများ အုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် တင်ပြခဲ့သည့် လူမှုရေးလုပ်ငန်းများဆိုင်ရာ စာတမ်းတစ်ခုဖြစ်သည့် ‘Business For Good: Maximising the value of social enterprises in Asia’ ကို ထုတ်ပြန်ခဲ့သည်။

 
 
 
 
 
 
 
facebook linkedin