Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

လဖက်ရည်ဖိုးပေးနေရခြင်း စနစ်ကို တိုက်ဖျက်ရန် အတွက် သင်၏ပူးပေါင်းပါဝင်မှုလိုအပ်ပါသည်။

 

၂၀၁၆ခုနှစ်က ထုတ်ဝေခဲ့သော " မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် အုပ်ချုပ်မှု စနစ်ကောင်းများ ဆိုင်ရာ လမ်းညွှန်" ကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဖြည့်စွက်ပြုပြင်နေပါသည်။ ယခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့တွင် ထုတ်ဝေမည်ဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပမာများ၊ ကိစ္စရပ်သစ်များ ဥပမာကောင်းများ ၊မြန်မာနိုင်ငံအတွင်းမှ စုပေါင်းတိုက်ဖျက်မှု ဥပမာများ၊သုတေသနများကို ရှာဖွေနေပါသည်။ အတွေ့အကြုံကောင်းများရှိပါက အခြားသူများပါ လိုက်နာနိုင်စေရန်အတွက် မျှ ဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ရက်မှတ်ထားပေးပါရန်။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၅)။ ကော်ပိုရိတ် ဆိုင်ရာ လှူဒါန်းမှု

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် "တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၅) ၊ ကော်ပိုရိတ် ဆိုင်ရာ လှူဒါန်းမှု "ကို အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဖောင်ဒေးရှင်းရှိသည့် မြန်မာကုမ္ပဏီများနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု နှင့် လှူဒါန်းမှုဆိုင်ရာများ အပေါ် စိတ်ဝင်စားမှုရှိသည့် NGO များကို ရည်ရွယ်ပါသည်။

 
မဖြူဖြူဇင်ထံ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

စတင်တွေ့ဆုံနှုတ်ဆက်ခြင်းမှ စားသောက်ခြင်းအထိ။ လုပ်သင့်လား။ မလုပ်သင့်သလား။

 
"လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှုကို လေးစားလိုက်နာခြင်း " လမ်းညွှန်စာစောင်သည် မြန်မာနိုင်ငံတွင်နေထိုင်သူများ နှင့် (သို့မဟုတ်) အလုပ်လုပ်ကိုင်သူများ အားလုံးလေးစားလိုက်နာရန်အတွက် ယဉ်ကျေးမှုဆိုင်ရာ လုပ်သင့်၊မသင့်များကို ဖော်ပြထားပါသည်။ MCRB နှင့် DICA တို့ ပူးပေါင်းထုတ်ဝေထားပြီး အင်္ဂလိပ်၊ မြန်မာ၊ ဂျပန်နှင့် တရုတ်ဘာသာများဖြင့် ရရှိနိုင်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မကြာမီက ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲများ၏ အစီရင်ခံစာများ

 

ဒေသခံများနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့်ကွန်ဖရင့် (လွိုင်ကော်၊ဇွန်၆-၈ရက်)  အစီရင်ခံစာ နှင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်စေရေး  ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ အစီရင်ခံစာ တို့ ကို အွန်လိုင်းတွင်ရယူနိုင်ပြီ ဖြစ်သည်။

 
 
 
 
 
 
 

အဖွဲ့ဝင်သစ်များကို ကြိုဆိုခြင်း

 

အဖွဲ့ဝင်သစ်များကို ကြိုဆိုခြင်း

Svetlana Zens သည်အင်တာနက်ဖြတ်တောက်ခြင်းအပါအဝင် ဒီဂျစ်တယ် အခွင့်အရေးနှင့်  ၂၀၂၀ ဖေဖော်ဝါရီတွင် ကျင်းပမည့် မြန်မာ ဒီဂျစ်တယ်အခွင့်အရေး ဖိုရမ် အတွက်  လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။သူ(မ)သည်  MCRB မတိုင်မီတွင်   ကာဇက်စတန် ရှိ ဥရောပသမဂ္ဂ ကော်မရှင် ၊ ဘယ်ဂျီယမ်ရှိ UNICEF-EU Partnership Office နှင့်  သြစတြီးယားရှိ  OSCE-Secretariat ရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မာယာမူလာသည် MCRBသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ဆက်သွယ်ရေး နှင့် ကဏ္ဍအစုံတွင်ချိတ်ဆက်ပါဝင်သည့် အရေးများကို လုပ်ကိုင်ရန်အတွက် စီမံကိန်းတွဲဖက်အနေဖြင့် ဝင်ရောက်ခဲ့သည်။ သူ(မ)သည် 

 University of London တွင် မြန်မာဘာသာစကားကို လေ့လာခဲ့သည်။
 
Svetlana Zens ကိုဆက်သွယ်ရန်။
 
 
 
facebook linkedin