Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာတွင် CityMartက ဦးဆောင်

 

၂၀၁၉ပွင့်သစ်စ ၊မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏  ပွင့်လင်းမြင်သာမှု အစီရင်ခံစာ ကိုဧပြီလ ၃၀ရက်ကထုတ်ပြန်ခဲ့ရာ မြန်မာစီးပွားရေးလုပ်ငန်း ၂၄၈ခုအနက်ပုဂ္ဂလိကကုမ္ပဏီများက ထုတ်ဖော်ကြေညာမှုအပိုင်းတွင် ဦးဆောင်နေသည် ဖော်ထုတ်ပြသနိုင်ခဲ့သည်။ City Mart ကထိပ်ဆုံးဖြစ်ပြီး ၎င်းနောက်မှ     FMI၊ Max နှင့်  Shwetaungတို့က အသီးသီးနေရာယူကြသည်။ ယခုအစီရင်ခံစာကိုလည်း    Yever က အကျိုးအမြတ်မယူဘဲ MCRB နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

လုပ်ငန်းခွင်အတွင်း တန်းတူညီမျှမှုအတွက်  Fly the Rainbow Flag

 

MCRBနှင့်  Colors Rainbow တိုးပူးပေါင်းဆောင်ရွက်မည့် "

Fly the Rainbow Flag" လှုပ်ရှားမှုသို့ ပူးပေါင်းပါဝင်ရန် မြန်မာနှင့် နိုင်ငံတကာ က ကုမ္ပဏီ ၂၀ခန့်၏ ဆက်သွယ်လာမှုကို လက်ခံရရှိထားပါသည်။ မေလ ၁၇ ရက်တွင် နှစ်စဉ်ကျင်းပသည့် "နိုင်ငံတကာ လိင်တူချစ်သူများအပေါ် ရွံရှာမုန်းတီးရေးကို ဆန့်ကျင်သောနေ့ (IDAHOT) တွင် အမျိုးသမီးအချင်းချင်းကိုချစ်သူ (Lesbian)၊ အမျိုးသားအချင်းချင်းကို ချစ်သူ(Gay)၊ လိင်တူလိင်ကွဲကို ချစ်သူ (Bisexual)၊ ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ(Transgender) -(LGBT) များအပေါ် ဆိုရှယ်မီဒီယာများတွင် သော်လည်းကောင်း လက်တွေ့အားဖြင့်လည်းကောင်း တန်းတူးညီမျှရေးကို ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင်လိုပါက ဆက်သွယ်နိုင်ပါသည်။
 
ကိုမြင့်နိုင်ကျော်ထံဆက်သွယ်ပါရန်။
 
 
 
 
 
 

မကြာမီကျင်းပမည့် မြန်မာရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

 

MCRBသည်၎င်း၏မိခင် အဖွဲ့အစည်းဖြစ်သော  UK Institute for Human Rights and Business (IHRB) နှင့် တာဝန်ယူမှုရှိသော  လုပ်သားစုဆောင်းမှုအတွက် ဦးဆောင်အုပ်စု တို့နှင့် ပူးပေါင်းကာအိမ်နီးချင်းနိုင်ငံများတွင်  အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  မေလ ၁၅ရက်တွင် ကျင်းပမည်ဖြစ်သည်။  ၎င်းအလုပ်ရုံဆွေးနွေးပွဲသည် အတွေးအမြင်ဖလှယ်ရန်၊ စိန်ခေါ်မှုများကို   ဆွေးနွေးအဖြရှာရန် နှင့် အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်တစ်လျောက်တွင် လက်တွေ့ဆောင်ရွက်ရာတွင် တိုးတက်မှုများ ဖြစ်စေရန် ဖြစ်သည်။ ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားပါက ဆက်သွယ်နိုင်ပါသည်။

 
မနှင်းဝတ်ရည်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

'' လေထု အရည်အသွေး၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု နှင့် ပြုပြင်ပြောင်းလဲမှုအတွက် စီးပွားရေးလုပ်ငန်းများက အဘယ်ကြောင့် တွန်းအားဖြစ်စေသည်" စသောအကြောင်းရာများကို ဗစ်ကီဘိုမန် ပြောဆို

 

MCRB၏ဒါရိုက်တာ ဗစ်ကီဘိုမန်သည် Euromatters ၏ ဧပြီ-ဇွန် စာစဉ်တွင် တွေ့ဆုံမေးမြန်းခန်းတစ်ခုပါဝင်ဆောင်ရွက်ထားပါသည်။  Euromatters ကို ဥရောပသမ္မဂ ကုန်သည်စက်မှုအသင်းမှ သုံးလတစ်ကြိမ်ထုတ် ဝေသည် ။ တွေ့ဆုံမေးမြန်းခန်းတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု  နှင့်  ပွင့်လင်းမြင်သာမှုအတွက် စီးပွားရေး မောင်းနှင်မှုများနှင့် မြန်မာနိုင်ငံ ၏ သဘာဝပတ်ဝန်းကျင် အတွက် မြင်နိုင်သော ၊ မမြင်နိုင်သော  ဆုတ်ယုတ်မှုများအပေါ် သူ(မ)၏ စိုးရိမ်ပူပန်မှုများ ကို ဖော်ပြထားသည်။

 
Euromatters April-June issue
 
 
 
 
 
 
facebook linkedin