Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ် MCRB ထုတ်ပြန်

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် “မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်”ကို ထုတ်ပြန်ခဲ့သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ အချို့သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ၎င်း၏အကျိုးဆက်အနေဖြင့် လူ့အခွင့်အရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အရေးကိုလည်း မည်သို့ ထိခိုက်စေနိုင်ကြောင်းကို စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့ အစည်းနှင့် အစိုးရဌာနများမှ ပိုမိုနားလည်သဘောပေါက်စေရန်အတွက် အကူအညီပေးရန် ဖြစ်ပါသည်။ ဤစာတမ်းနှင့်အတူ တွင်းထွက်တူးဖော်ရေးလုပ်ငန်းဆိုင်ရာ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အစရှိသဖြင့် ကဏ္ဍအလိုက် ပြုစုရေးသားထားသည့် ဖြည့်စွက်စာတမ်းများကို လည်း ရေးသားထားပြီး ကုမ္ပဏီများအတွက် လက်တွေ့ကျသည့် အကြံပြုချက်များနှင့် ထပ်ဆင့်ကဲ သတင်းအချက်အလက်များနှင့် ဆက်သွယ်ရမည့် လိပ်စာများအစရှိသည့် အရင်းအမြစ်များလည်း ပါဝင်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

MCRB က “Doing Good Index 2020” နှင့် လက်တွဲ လုပ်ကိုင်မည်

 

(MCRB)သည်၂၀၂၀ ခုနှစ်၊  ဇန်နဝါရီလတွင် ထွက်ရှိလာမည့် Doing Good Index (DGI 2020)  ၏ ဒုတိယအကြိမ် အကဲဖြတ် သုံးသပ်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ သုတေသန မိတ်ဖက်အဖြစ်  ဆောင်ရွက်ပေးရန် Centre for Asian Philanthropy and Society (CAPS) နှင့် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။   MCRB က ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ အထူးသဖြင့် ကုမ္ပဏီများမှ ပရဟိတအဖြစ် လှုဒါန်းခြင်းအပြင် ဆက်စပ်နေသည့် စီးပွားရေး ကျင့်ဝတ်၊ အခွန်နှင့် ပွင့်လင်းမြင်သာမှုပိုင်းဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ စိတ်ဝင်စားမှုရှိသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

မကြာမီ ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲ။ စီးပွားရေးလုပ်ငန်းများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲ။ ဒီဇင်ဘာ ၅ရက်။

 

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အစဉ်လိုက်ပြုလုပ်နေသည့် ဆွေးနွေးပွဲများ၏ အတွဲစဉ်အဖြစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် MCRB သည် UMFCCI ၊ Telenor ၊ Coke တို့နှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်း၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်း ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် နှင့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့မှ တာဝန်ရှိသူများမှ ဤဆွေးနွေးပွဲ၌ ပါဝင်ဟောပြောပေးသွားမည်ဖြစ်သည်။
ဤပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် ၄/၂၀၁၈ အပါအဝင် မြန်မာနိုင်ငံ၌ လတ်တလော
ပြောင်းလဲတိုးတက်လာသည့် ဖြစ်ရပ်များအား ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။ ဤဆွေးနွေးပွဲတွင် ပါဝင်လိုသည့် ကုမ္ပဏီများအနေဖြင့် မဖြူဖြူဇင်ကို ဆက်သွယ်နိုင်ပါသည်။

 
မဖြူဖြူဇင်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

EU နှင့် မြန်မာနိုင်ငံကြားရှိ ကုန်သွယ်မှု ဆက်ဆံရေး

 

MCRB ၏ တွဲဖက်ထူထောင်သူဖြစ်သည့် IHRB ၏ အမှုဆောင်ချုပ်ဖြစ်သော John Morrison သည် EU ၏ ကုန်သွယ်မှုဆိုင်ရာ ကော်မရှင်နာဖြစ်သည့် Cecilia Malmström ထံသို့ မြန်မာနိုင်ငံစီးပွားရေးနှင့် ပတ်သက်၍ စာတစ်စောင် ရေးသားခဲ့သည်။ ၎င်းစာတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ၌ ကမ္ဘာ့ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည့် Independent International Fact-Finding Mission (FFM) on Myanmar တွင် ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးနှင့် အရေးယူပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်သည့် အကြံပြုချက်များကို အလေးပေး ထည့်သွင်းရေးသားခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

အာရှရှိ ဥပဒေပညာရှင်များအတွက် စီးပွားရေးလုပ်ငန်း၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကြားရှိ ဆက်သွယ်ချက်များ

 

MCRB ၏ ဒါရိုက်တာ Vicky Bowman သည် နိုဝင်ဘာ ၃ရက်မှ ၅ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်) မြို့၌ ကျင်းပခဲ့သည့် 31st LAWASIA conference ညီလာခံသို့ တက်ရောက်၍ ဟောပြောခဲ့သည်။ ၎င်းညီလာခံသို့ အာရှတိုက် တစ်ခွင်ရှိ စီးပွားရေးလုပ်ငန်းနယ်ပယ်၌ လုပ်ကိုင်သည့် ရှေ့နေဦးရေ ၄၅၀ ကျော် တက်ရောက်ခဲ့သည်။ Vicky Bowman ၏ အဖွင့်အမှာစကား၌ MCRB မှ လုပ်ဆောင်ခဲ့သည့် Biodiversity,Human Rights and Business၊ နစ်နာမှုဖြေရှင်းရေး ယန္တရားများနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ လုပ်ဆောင်မှုများကို အလေးပေး ဆွေးနွေးခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) နှင့် ရှမ်းပြည်နယ်၌ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို သိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်း

 

ဇွန်လတွင် အစပြုကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲ အနေဖြင့် MCRB သည် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးရေး အဖွဲ့အစည်း (ရှမ်း) တို့နှင့် အတူ ပူးပေါင်းကာ အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် တောင်ကြီးမြို့၌ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပြီး ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌လည်း တူညီသော အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။ ၎င်းတောင်ကြီးပွဲတွင် ဟောပြောဆွေးနွေးပေးခဲ့သူများမှာ အပါချီ ဘိလပ်မြေ စက်ရုံ/ရွှေတောင်နှင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းအသင်း (MEAA) တို့ ပါဝင်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ငါးမွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍရှိ ကလေးအလုပ်သမား

 

MCRB ၏ မနှင်းဝတ်ရည်သည်ရန်ကုန်မြို့တွင် အောက်တိုဘာ (၁၇)ရက်က ကျင်းပခဲ့သည့်  အစိုးရမဟုတ်သော ဂျပန်အဖွဲ့အစည်း Human Rights Now ၏ မြန်မာ့ငါးဖမ်းလုပ်ငန်းရှိ ကလေးလုပ်သားဆိုင်ရာ အစီရင်ခံစာအား ထုတ်ပြန်မိတ်ဆက်သည့် ပွဲသို့ တက်ရောက်ခဲ့ပြီး “ကလေး သူငယ်အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ”  အနှစ်ချုပ်စာလွှာ အပါအဝင် ကလေးသူငယ်အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ MCRB ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB ၏ ၂၀၁၃-၁၈ လုပ်ငန်းများအား အကဲဖြတ်ခြင်း

 

MCRB ၏ ၂၀၁၃-၁၈ လုပ်ငန်းများအပေါ် လွတ်လပ်သောအဖွဲ့မှ မကြာမီက ပြုလုပ်ခဲ့သော အကဲဖြတ်ချက်များကို ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်ပေါ်တွင် ရရှိနိုင်ပါ သည်။ ယင်းအကဲဖြတ်ချက်အတွက် ပါဝင်ဖြေကြာပေးသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 
facebook linkedin googleplus