Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ဒီဂျီတယ်ရပိုင်ခွင့်ဖိုရပ််

 

ဇန်နဝါရီလ ၁၈ ရက်နှင့် ၁ရက်နေ့များတွင် ဆီဒင်အစိုးရ၏ အကူအညီဖြင့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ MIDO၊ Engage Media၊ Free Expression Myanmar တို့နှင့်အတူ ဖန်တီးရာတို့ ပူးပေါင်းကာ ဒုတိယအကြီမ် ဒီဂျစ်တယ်ရပိုင်ခွင့် ဖိုရမ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ၂ ရက်ကြာ ကျင်းပခဲ့ရာ လူပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဖိုရမ်တွင် တက်ရောက်လာသူများက လက်ရှိ ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာ အခြေအနေကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အွန်လိုင်းပေါ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် လုံခြုံရေး နှင့် အားလုံးတပြေးညီ ဆက်သွယ်ရေးကွန်ယက်ရရှိအသုံးပိုင်ခွင့်တို့နှင့် ပတ်သက်၍ ဒီဂျစ်တယ်ရပိုင်ခွင့်များ၏ အခြေအနေကိုလည်း သဘောထားဆန္ဒများပြုခဲ့ကြပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

“မသန်စွမ်းသူများအား အလုပ်ခန့်အပ်ခြင်း လက်စွဲစာအုပ်” အတွက် အကြံဉာဏ်များတောင်းခံခြင်း

 

အလုပ်ရှင်များအတွက် MCRB နှင့် the Association for Aid and Relief – Japan (AAR Japan) တို့မှ အတူတကွ ရေးသားထားသည့် မသန်စွမ်းသူများအလုပ်ခန့်အပ်ခြင်း မူကြမ်းစာအုပ်အား ဖေဖော်ဝါရီလ (၉)ရက်နေ့  နောက်ဆုံးထား ၍ ပေးပို့နိုင်ပါသည်။ မူကြမ်းအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့် MCRB ၏ ဝက်ဆိုက်ဒ်ပေါ်တွင် ရယူနိုင်ပါသည်။ ယင်းလက်စွဲစာအုပ်ကို အချောသတ်ပြီးပါက ကုမ္ပဏီများနှင့် မသန်စွမ်း အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပွင့်သစ်စအစီရင်ခံစာ (၂၀၁၈) - ကုမ္ပဏီများအား ၎င်းတို့၏ အမှတ်စာရင်း မူကြမ်းအား ပြန်လည်သုံးသပ်နိုင်ရန်  ပေးပို့ခြင်း

 

MCRB မှ Yever နှင့် မိတ်ဖက်ပြုလုပ်၍ ပွင့်သစ်စအစီရင်ခံစာ (၂၀၁၈) အား ၂၀၁၇ ခုနစ် အောက်တိုဘာလတွင် မိတ်ဆက်ခဲ့သည်။ အလတ်စားနှင့် အကြီးစား မြန်မာကုမ္ပဏီ ၁၇၅ ခုအား စံအမှတ်အဖြစ်  ရွေးချယ်  လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး၊ ယခုတွင် ထိုကုမ္ပဏီများအား ၎င်းတို့၏ အမှတ်စာရင်း မူကြမ်းအား ပြန်လည်သုံးသပ်နိုင်ရန်  ပေးပို့ထားပြီးဖြစ်သည်။ အကဲဖြတ်မှုခံယူလိုပါက (သို့မဟုတ်) အသေးစိတ်သိရှိလိုပါက မဖြူဖြူဇင်အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 
မဖြူဖြူဇင်အား ဆက်သွယ်ရန်
 
 
 
 
 
 

နောက်တွင်လေ့လာသွားမည့်  မိမိဆန္ဒအလျောက် ကျင့်သုံးရမည့် လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများ Voluntary Principles on Security and Human Rights (VPs)

 

မြန်မာနိုင်ငံသည် ၂၀၁၆ ခုနစ်တွင် မိမိဆန္ဒအလျောက်ကျင့်သုံးရမည့် လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းများ Voluntary Principles on Security and Human Rights (VPs) အား “အရင်ဦးဆုံး အနေဖြင့် နိုင်ငံတွင်း အတူတကွ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့” ရွေးချယ်ခဲ့သည့် နိုင်ငံသုံးနိုင်ငံ (အခြားနှစ်နိုင်ငံ မှာ Ghana နှင့် Nigeria) ထဲမှ တစ်နိုင်ငံဖြစ်သည် Peace Nexus နှင့် အထောက်အပံ့ဖြင့် David Nyheim သည် MCRB နှင့် အတူ မြန်မာနိုင်ငံတွင်ရှိသည့် VPs အဖွဲ့ဝင်များနှင့် အတူတကွ ဒေသခံ VPs အဖွဲ့များအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည့် အရာများကို လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။

 
အသေးစိတ်သိရှိလိုပါက ဦးအောင်ကျော်စိုး အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
 
 
 
 
 

ခရီးသွားလုပ်ငန်းကဏ္ဍသက်ရောက်မှုများအားလေ့လာဆန်းစစ်ခြင်း (SWIA) အစီရင်ခံစာ အားအကဲဖြတ်ခြင်း

 

MCRB ၏ ၂၀၁၅ ခုနစ်တွင် ပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်း (SWIA) အစီရင်ခံစာ သည် ပတ်သက်ဆက်နွယ်သူများ  (Stakeholders) အပေါ် မည်သို့ သက်ရောက်မှုရှိပုံနှင့် ယင်းမှာ၎င်းတို့အတွက် ဘယ်လို အသုံးဝင်ပုံတို့ကို နားလည်စေရန် အကဲဖြတ်မှုများ  ပြုလုပ်သွားမည်ဖြစ်သည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပတ်သက်ဆက်နွယ်သူများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ လူကြီးမင်းတို့၏ တုံပြန်ချက်များကို ဝေမျှပေးလိုပါက ဒေါ်ဝေဖြိုးမြင့် သို့ ဆက်သွယ်နိုင်ပါသည်။

 
ဒေါ်ဝေဖြိုးမြင့် သို့ ဆက်သွယ်ရန်
 
 
 
 
 
 

အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးဖိုရမ်တွင် MCRB မှ ပါဝင်ခြင်း

 

ဇန်နဝါရီလ ၁၈ရက်နေ့တွင် နေပြည်တော်မြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အလုပ်သမား ဥပဒေ  ပြုပြင်  ပြောင်းလဲရေး ဖိုရမ်တွင် Vicky Bowman  မှ ကုမ္ပဏီများ အနေဖြင့် တာဝန်ယူမှုရှိသော   စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မှု များမှ တဆင့် အလုပ်သမား ဥပဒေပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံတွင် မည်သို့ ကူညီပံ့ပိုးမှုများ ပေးနိုင်ကြောင်းကို ရှင်းပြခဲ့သည်။  ယခုပွဲမစတင်မှီ ၁ရက်အလို (ဇန်နဝါရီလ ၁၇ရက်) တွင် ၂၀၁၈ ခုနစ်တွင် အလုပ်ရှင်များ၊ အလုပ်သမား သမဂ္ဂများနှင့် အစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို  ဆွေးနွေးရန် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးရေးဖိုရမ်ကို ကျင်းပခဲ့ပြီး လမ်းပြမြေပုံ အချက်၅ ချက်ကို ရေးဆွဲအတည်ပြုခဲ့သည်။

 
ဆက်လက်ဖတ်ရှုရန်
 
 
 
 
 
 

ရခိုင်ပြည်နယ်တွင် ကျင်းပခဲ့သည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲ်

 

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရဌာနများအတွက် အလုပ်ရုံဆွေးနွေးပွဲများကို Oxfam ၏ပံ့ပိုးမှုဖြင့် ဒေသခံအရပ်ဖက်အဖွဲ့အစည်း Scholar Institute နှင့် MCRB အဖွဲ့သည် ဒီဇင်ဘာလ (၂၀၁၇) နှင့် ဇန်နဝါရီလ (၂၀၁၈) လ၌ ကျင်းပခဲ့သည်။ ဤအလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်း၏လုပ်ဆောင်ရမည့်လုပ်ငန်းများ (RBCs) နှင့် ပတ်သက်၍ မိတ်ဆက်ပေးခဲ့ပြီး သဘာဝပတ်ဝန်းထိခိုက်မှုဆန်းစစ်ခြင်း (EIA) ၏အခန်းကဏ္ဍကိုလည်း ဆွေးနွေးခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus