Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သတင်း
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 

ကမ်းလွန် ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အတွက် ထိရောက်သော သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူ လေ့လာဆန်းစစ်ချက်  လုပ်ငန်းစဉ် အဆင့်များ အား တည်ဆောက်ခြင်း

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန မှ အစိုးရအဖွဲ့အစည်း၊ ကမ်းလွန် ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများ နှင့် အခြားသက်ဆိုင်သော သူများအား နေပြည်တော်တွင် ဂျူလိုင်လ ၁၁ ရက်နေ့ တွင် ကနဦး သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် ၊ သဘာဝ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ချက် လုပ်ငန်းစဉ် များ လုပ်ဆောင်စဉ် ရရှိခဲ့သော သင်ခန်းစာများအား ဆွေးနွေးရန် အစည်းအဝေး ဖြစ်မြောက်အောင် စီစဉ်ခဲ့ပါသည်။  ထို့အပြင် လာမည့် ၂၀၁၆၊၂၀၁၇ ရာသီ တွင် အနာဂတ်ကမ်းလွန် ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ၏ လုပ်ငန်းစဉ် တစ်ခု ဖြစ်သော ရေနံတွင်းတူးသော လုပ်ငန်းစဉ် များအားလည်း ကြိုတင်မျှော်မှန်း ရန် အတွက်လည်း ဖြစ်ပါသည်။ ပြီးပြည့်စုံသော အစည်းအဝေး အစီရင်ခံစာ ကို မကြာမီထုတ်ဝေမည် ဖြစ်ပါသည်။ သို့သော်လည်း ယခုချိန် အတောအတွင်းမှာပင် အစည်းအဝေးနှင့် ပတ်သက်သည့် အကျဉ်းချုပ် နှင့် တင်ပြချက်များ ရရှိနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

တာဝန်ယူမူ ရှိသော စီးပွားရေးလုပ်ငန်း အခြေခံ သင်တန်း

 

MCRB သည် Peace Nexus, International Alert နှင့် Myanmar Business Coalition on Aid (MBCA) တို့နှင့် ပူးပေါင်း၍ တာဝန်ယူမူရှိသော စီးပွားရေး အကြောင်းအရာ နှင့် ပတ်သက်သော အခြေခံ သင်တန်းအား ဇူလိုင်လ ၂၇ - ၂၈ တွင် မြဝတီမြို့ တွင် ပြုလုပ်ခဲ့ပါသည်။ ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ စိုက်ပျိုးရေး၊ ကျွန်းသစ်စသည့် ကဏ္ဍအသီးသီးမှ လူဦးရေ ၂၅ ဦး မှ ပါဝင်တက်ရောက်းခဲ့ကြပါသည်။

 
 
 
 
 
 
 
မကြာမီပြုလုပ်ရန် ရှိသော လူ့အခွင့်အရေးနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ
 

MCRB သည် အထက်ပါ အလုပ်ရုံဆွေးနွေးပွဲ အား ၂၀၁၆ စက်တင်ဘာလ ၅ ရက်နေ့ (အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန် နေရာမှာ အတည်မပြုရသေး) တွင် ကုမ္ပဏီများအတွက် ၎င်းတို့ ကုမ္ပဏီ၏ လူ့အခွင့်အရေးပိုင်းဆိုင်ရာ မူဝါဒချမှတ်မှုပိုင်းဆိုင်ရာ နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် စီစဉ်နေပြီ ဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား မိမိတို့၏ လူ့အခွင့်အရေးပိုင်း ဆိုင်ရာ အား လေးစားလိုက်နာကြောင်း နှင့် ပတ်သက်သော ချဉ်းကပ်နည်းများ အား တိုးတက်ပြောင်းလဲလျု

 

မိမိတို့လုပ်ငန်းနှင့် ပတ်သတ်ပါဝင်ဆက်နွယ်သူများ နှင့် ပြောဆိုဆက်သွယ်ရာတွင် တိုးတက်ပြောင်းလဲလိုသူ၊  စိတ်ပါဝင်စားသည့် မည့်သည့် မြန်မာစီးပွားရေးလုပ်ငန်း မဆို ပါဝင်တက်ရောက်နိုင်ပါသည်။ အထက်ပါ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆင်တူ အလုပ်ရုံဆွေးနွေးပွဲတစ်ခု အား ၂၀၁၄ တွင် ပြုလုပ်ခဲ့ပါသည်။ ၎င်း နှင့်ပတ်သက်သည့် အကြောင်းအရာများ အား ဤတွင် ကြည့်ရှုနိုင်ပါသည်။
အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များကို မေးမြန်းလိုပါက [email protected] အား ဆက်သွယ်နိုင်ပါသည်။

 
 
 
 
 
 
 

နေပြည်တော် တွင် ပြုလုပ်သော သြစတြေးသျ - မြန်မာ ကုန်သည်ကြီးများအသင်း ၏ “သတ္တုတွင်း ကဏ္ဍ ဆိုင်ရာ ကောင်းမွန်သော စီမံအုပ်ချုပ်မှု” အလုပ်ရုံဆွေးနွေးပွဲတွင် MCRB မှလည်း တတ်အားသရွေ့ ပါဝင်

 

MCRB ၏ တွင်းထွက် သယံဇာတ စီမံကိန်းတာဝန်ခံ ဦးအောင်ကျော်စိုး သည် ဇူလိုင်လ ၂၇ ရက်နေ့ နေပြည်တော်တွင် သြစတြေးသျ - မြန်မာ ကုန်သည်ကြီးများအသင်းမှ ကြီးမှူးကျင်းပသော သတ္တုတွင်း ကဏ္ဍ ဆိုင်ရာ ကောင်းမွန်သော စီမံအုပ်ချုပ်မူ- သဘာဝပတ်ဝန်းကျင် နှင့် လူမူရေးကဏ္ဍသက်ရောက်မူ အပေါ်တွင် ဖြေရှင်းရာတွင် အကောင်းဆုံးလုပ်ထုံးလုပ်နည်း ဆွေးနွေးပွဲ တွင် တက်ရောက်ပါဝင်ခဲ့ပါသည်။ ထိုပွဲတွင် MCRB ၏ ထပ်မံပေါ်ထွက်လာသော ကဏ္ဍလိုက် သက်ရောက်မူများအား လေ့လာဆန်းစစ်ခြင်း တွေ့ရှိချက်များအား တင်ပြခဲ့သည်။

 

MCRB သည် ၎င်း၏ သတ္တုတွင်း ကဏ္ဍ၏ သက်ရောက်မူများအား လေ့လာဆန်းစစ်ခြင်း မှာ တိုးတက်မူလမ်းစဉ်ပေါ်တွင် ရောက်နေပြီး နောက်ဆုံး မူကြမ်း အတွက် ဆွေးနွေးအကြံဥာဏ်ရယူခြင်း အခမ်းအနားကိုလဲ အောက်တိုဘာလ လဆန်းပိုင်း တွင် ပြုလုပ်ရန် စီစဉ်ထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ဒိန်းမတ်နိုင်ငံ အခြေစိုက် Danish Institute တို့မှ တိုကျို တွင် စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တွင် ပါဝင်ဆွေးနွေး

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာ Vicky Bowman နှင့် MCRB ၏ မိခင် အဖွဲ့အစည်းဖြစ်သော ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute for Human Rights (DIHR) မှ လူ့အခွင့်အရေး နှင့် ဖွံဖြိုးတိုးတက်မူပိုင်း ဆိုင်ရာဌာန မှ ဒါရိုက်တာ Allan Lerberg Jorgensen တို့သည် တိုကျိုမြို့တွင်  ဇွန်လ ၂၉ ရက်နေ့က “ တာဝန်ယူမူရှိသော စီးပွားရေး နှင့် တာဝန်ယူမူရှိသော ဝန်ဆောင်မူကွင်းဆက် - ဂျပန်နိုင်ငံအနေဖြင့် ကုလသမ္မဂ္ဂမှ ချမှတ်ထားသော စီးပွားရေး နှင့် လူ့အခွင့်အရေး အပေါ် လိုက်နာရန် လမ်းပြထားသော အခြေခံမူ များအား ၎င်း တို့ အနေဖြင့် မူဝါဒ နှင့် လက်တွေ့လုပ်ငန်းဖော်ဆောင်ရာတွင် မည်သို့ အကောင်အထည်ဖော်သင့်သည် များနှင့် ပတ်သက်၍ ပို့ချတင်ပြဆွေးနွေးခဲ့ပါသည်။

Institute of Developing Economies/Japan External Trade Organisation  (IDE-JETRO) သည် the Japanese Ministry of Economy, Trade and Industry (METI) ၏ အကူညီအထောက်အပံ့ဖြင့် ယခုပွဲ ကို ဦးဆောင် စီစဉ်ခဲ့ပါသည်။ ဆွေးနွေးပွဲ အား အယောက် ၂၀၀ ကျော တက်ရောက်ခဲ့ကြပါသည်။ Vicky Bowman ၏ တင်ပြ ပို့ချချက်များအား ဤနေရာတွင် လေ့လာနိုင် ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ထုတ်ပြန်မူများ

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒွန်နာ ဂတ်(စ်) ရေးသားသော  - မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန ၏ ကနဦးနှစ်များ နှင့် အခြားသော နိုင်ငံများမှ စီးပွားရေး နှင့် လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်း အစပြုရာတွင် အထောက်အကူပြုနိုင်မည့် သင်ခန်းစာများ အား ကိန်းဘရစ် တက္ကသိုလ်၏ စီးပွားရေး နှင့် လူအခွင့်အရေး စာစဉ် အတွဲ ၁ အမှတ် ၂ တွင် ထုတ်ဝေထားပါသည်။ အကျဉ်းချုံး ကောက်နုတ်ချက် အား MCRB ၏ ဝက်(ဘ်)ဆိုဒ် တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
တတိယ အကြိမ် မြန်မာ့စီးပွားရေးလုပ်ငန်းကြီးများ ၏ ပွင့်လင်းမြင်သာမူ အစီရင်ခံစာ (ပွင့်သစ်စ စီမံချက်) အား စက်တင်ဘာလတွင် ထုတ်ဝေမည်
 

၂၀၁၆ ခုနှစ် ၏ မြန်မာ့စီးပွားရေးလုပ်ငန်းကြီးများ ၏ ပွင့်လင်းမြင်သာမူ အစီရင်ခံစာ (ပွင့်သစ်စ စီမံချက်) တတိယအကြိမ်ကို ထုတ်ဝေနိုင်ရန် MCRB မှ အချောသတ်ပြင်ဆင်နေပြီဖြစ်သည်။ ၎င်း မှာ မြန်မာနိုင်ငံရှိ အခွန်ငွေ အများဆုံးပေးဆောင်သော သော ကုမ္ပဏီ အခု ၁၀၀ မှ ၎င်းတို့၏ ဝဘ်ဆိုဒ်များအား လေ့လာဆန်းစစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစီအစဉ်များ ၊ အဖွဲ့အစည်းပိုင်း ဆိုင်ရာ လုပ်ဆောင်မူများ ပွင့်လင်းမြင်သာမူ ရှိမရှိ ၊ နှင့် လူ့အခွင့်အရေး ပိုင်းဆိုင်ရာ ၊ ကျန်းမာရေး၊ လုံခြံရေး ပိုင်းဆိုင်ရာ နှင့် ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အမှတ်ပေးခြင်းဖြစ်သည်။  ယခုနှစ် အစီရင်ခံစာ ၏ အမှတ်ပေးစည်းမျဉ်း သည် အနည်းငယ် ပြင်ဆင်ထားပါသည်။ ထို့အပြင် ကြီးမားသောကုမ္ပဏီ အချို့၏ လုပ်ဆောင်ချက်များ တိုးတက်လာမူကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ အထက်ပါ အစီိရင်ခံစာကို စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus