ရေရှည်တည်တံ့ခိုင်မြဲခြင်း - Myanmar Centre for Responsible Business (MCRB)
You are here Home » ရေရှည်တည်တံ့ခိုင်မြဲခြင်း

ရေရှည်တည်တံ့ခိုင်မြဲခြင်း

(MCRB) သည်  ၎င်း၏ ရင်းမြစ်သုံးစွဲမှုများကို လျှော့ချနေပါသည်။ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား၊ ရေ၊လောင်စာ၊ ပလပ်စတစ်နှင့် စာရွက်အသုံးပြုမှုတို့ ဖြစ်သည်။ ထို့အပြင် အခြားသူများလည်း လျှော့ချသုံးစွဲနိုင်ရန်အတွက် တိုက်တွန်းအားပေးနေပါသည်။
(MCRB) သည် ၎င်း၏ ရင်းမြစ်သုံးစွဲမှုများကို လျှော့ချနေပါသည်။ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား၊ ရေ၊လောင်စာ၊ ပလပ်စတစ်နှင့် စာရွက်အသုံးပြုမှုတို့ ဖြစ်သည်။ ထို့အပြင် အခြားသူများလည်း လျှော့ချသုံးစွဲနိုင်ရန်အတွက် တိုက်တွန်းအားပေးနေပါသည်။

မြန်မာ့စီးပွားရေကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ၎င်း၏ ရင်းမြစ်သုံးစွဲမှုများကို လျှော့ချနေပါသည်။ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား၊ ရေ၊လောင်စာ၊ ပလပ်စတစ်နှင့် စာရွက်အသုံးပြုမှုတို့ ဖြစ်သည်။ ထို့အပြင် အခြားသူများလည်း လျှော့ချသုံးစွဲနိုင်ရန်အတွက် တိုက်တွန်းအားပေးနေပါသည်။ ယင်းသို့လျှော့ချသုံးစွဲရာတွင် တစ်ရှူးစက္ကူလျှော့သုံးခြင်း၊ စာရွက်စာတမ်းများကို အရေအတွက်အားဖြင့် လျှော့ချထုတ်ဝေခြင်း၊ စာရွက်ဖြင့်မိတ္တူကူးခြင်း မပြုလုပ်ဘဲ အီလစ်ထရောနစ်မူဖြင့်သာ အများဆုံးမျှဝေခြင်းတို့ကို ဆောင်ရွက်ပါသည်။ သို့သော် မြန်မာ အများစုသည် အီလက်ထရောနစ် စနစ်ထက် စာရွက်ကိုသာ သဘောကျနှစ်သက်ကြသည်။

(MCRB) သည်  ဆက်နွယ်ပတ်သက်သူများ အားလုံးကို ပလပ်စတစ် လျော့ချသုံးစွဲရန်၊ တစ်ခါသုံး ပလပ်စတစ် ရေဘူးများ မသုံးစွဲဘဲ ရေခရားများ၊ ရေသန့်ဘူးကြီးများမှ ငှဲ့ယူသုံးစွဲရန် အထူးတိုက်တွန်း အားပေးပါသည်။  ယင်းသို့ ‌ဆောင်ရွက်ရာတွင်  အခြားအဖွဲ့အစည်းများ က လိုက်နာကျင့်သုံးလိုပါကလည်း သုံးစွဲနိုင်ရန် သဘာပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ကျစေရန်အတွက် အစည်းအဝေး ကျင်းပရာတွင် လိုက်နာရမည့်  စည်းမျဉ်းများ -‌Green meeting guidelines ကိုလည်း မျှဝေထားပါသည်။ ယင်းကို မည်သူမဆို ကျင့်သုံးနိုင်ပြီး ကျင့်သုံးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ ဟိုတယ်များနှင့် အဖွဲ့အစည်းများကိုလည်း ဝေငှထားပြီးဖြစ်ရာ ထောင်ပေါင်းများစွာသော ပလပ်စတစ်ပုလင်းများ သုံးစွဲမှုလည်း လျော့ချနိုင်ခဲ့ပါသည်။

MCRB ၏စွန့်ပစ်အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိမ်းဆည်းပါသည်။ ထို့အပြင် ဘိုကာရှီ စနစ်ကျင့်သုံးပြီး အမှိုက်အချို့ကို အော်ဂဲနစ်မြေဆွေးအဖြစ်သုံးစွဲနိုင်ရန် ပြုလုပ်ပါသည်။ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများ၊ဘူးနှင့် စက္ကူများ ကိုလည်း အဟောင်းရောင်းဝယ်ယူသူများထံ ရောင်းချပါသည်။

ကာဗွန်သုံးစွဲမှု လျော့ချရန်လည်း ဆောင်ရွက်ပါသည်။ နေပြည်တော်သို့ သွားရန်တာဝန်ရှိလာပါကလည်း လောင်စာသုံးစွဲမှု လျော့ချနိုင်ရန် ရည်ရွယ်ပြီး အများသုံး ယာဉ်သုံးခြင်း သို့မဟုတ် ကားငှားပါကလည်း အခြားအဖွဲများနှင့် စုပေါင်းငှားရမ်းခြင်းများ ပြုလုပ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်ဖြင့် လောင်စာသုံးစွဲမှု၊ အခမ်းအနား ပြင်ဆင်ရမှု များကို လျော့ချနိုင်ရန်အတွက် တတ်နိုင်သမျှလည်း မျက်နှာချင်းဆိုင်တွေ့ဆုံရမည့် အစည်းအဝေးများကို လျော့ချပါသည်။ လိုအပ်သည့်အခါများတွင်မူ ဆွေးနွေးမှုများ ပြည့်စုံအောင်မြင်နိုင်ရန် လူချင်းတွေ့ဆုံကြသော်လည်း မလိုအပ်ပါက စွမ်းအင်သုံးစွဲမှု လျော့ကျစေရန်အတွက် အွန်လိုင်းမှ ဆက်သွယ်ခြင်းကို ဦးစားပေး ဆောင်ရွက်ပါသည်။

ထို့အပြင် မိတ္တူကူးစက်နှင့် ပရင်တာကိုလည်း ရုံးဆင်းချိန်တွင် ပိတ်ထားသလို ကာဗွန်သုံးစွဲမှု လျော့ချခြင်းကို တွက်ချက်နိုင်သည့်online footprint calculator ကိုလည်း သုံးစွဲပါသည်။    UN Global Compact အဖွဲ့ဝင်ဖြစ်သည့်အတွက် ဆက်သွယ်ခြင်းဆိုင်ရာ အစီရင်ခံစာကိုလည်း တင်ပြရသည်ဖြစ်ရာ ဌာန၏ တတိယအကြိမ်မြောက်အစီရင်ခံစာတွင် နှစ်စဉ်သုံးစွဲသည့် စွမ်းအင် နှင့် စက္ကူအရေအတွက်ကို သိရှိနိုင်ပါသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာမူ ပုံမှန်ရှိနေပါသည်။ ၂၀၁၈ဇူလိုင်လမှ ၂၀၂၀ အထိ လစဉ် ၁၃၀၀ ယူနစ်မှ ၁၉၀၀ ယူနစ်သုံးစွဲပါသည်။ ရေသုံးစွဲမှာမူ မြေအောက်ရေသုံးစွဲသည့်အတွက် ပမာဏ မှတ်သားထားခြင်း မရှိပါ။

စွမ်းအင်သုံးစွဲမှုလျော့ချနိုင်ရန်အတွက် အဓိကကျသည့် လေအေးပေးစက်ဖွင့်ခြင်းကိုလည်း လျော့ချပါသည်။ အခန်းတွင်းတွင် မည်သူမျှမရှိချိန်တွင် လျှပ်စစ်မီး၊ လေအေးပေးစက်များ ပိတ်ထားရန် သတိပေးချက်များကိုလည်း ကပ်ထားကာ လိုက်နာသုံးစွဲကြပါသည်။

Air Quality Monitor

MCRBရုံး၏ လတ်တလော လေထုအရည်အသွေးကို သိရှိလိုပါက PurpleAir Mapတွင် ကြည့်ရှုနိုင်ပါသည်။

© 2024 Myanmar Centre for Responsible Business