Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 

ကိုဗစ်-၁၉ ကို မြန်မာစီးပွားရေးလုပ်ငန်းများက တာဝန်ယူမှုရှိစွာဖြင့် မည်သို့တုန့်ပြန်ကြသနည်း။

 

ကိုဗစ်-၁၉အား မြန်မာစီးပွားရေးလုပ်ငန်းများက တာဝန်ယူမှုရှိစွာဖြင့် မည်သို့တုန့်ပြန်ကြသည်ကို ပူးတွဲလေ့လာစရာနမူနာအဖြစ်အပျက် (case studies)များဖြင့်စုဆောင်းလျက်ရှိပါသည်။ ကုမ္ပဏီများက ၎င်းတို့ လုပ်သားများနှင့် အခြားတွဲဖက်လုပ်ကိုင်သူများကို မည်သို့ထောက်ပံ့သည်၊ စီးပွားရေးလုပ်ကိုင်မှုပုံစံ(business models)သစ်များ မည်သို့ဖော်ဆောင်သည် နှင့် လူထုအသိုင်းအဝိုင်းကို မည်သို့ ထည့်ဝင်လှူဒါန်းသည် စသည်တို့ကို စိတ်ဝင်စားပါသည်။ သင့်အတွေးအမြင်များနှင့် သတင်းအချက်အလက်များကို မျှဝေပေးစေလိုပါသည်။

 
info@myanmar-responsiblebusiness.orgသို့ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

ဆိုဒ်ဘာ ကျန်းမာသန့်ရှင်းခြင်း- အိမ်မှအလုပ်လုပ်နေရချိန်တွင် အွန်လိုင်း လုံခြုံမှုနှင့်ဘေးအန္တရယ်ကင်းမှု ရှိပါစေ။

 

MCRB၏ Facebook Liveအသုံးပြုကျင်းပသည့် ပထမဆုံး အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲ ကို မေ(၇) ရက် နေ့လည် ၁နာရီတွင် ကျင်းပပါမည်။ MCRB  မှ Svetlana Zens က Myanmar Information Security Association (MISA)မှ ဦးရဲသူရထက်နှင့် Mike Phone Myint တို့နှင့် “စီးပွားရေးလုပ်ငန်းများ နှင့် တစ်ဦးချင်းအတွက် ဆိုဘ်ဘာလုံခြုံရေးဆိုင်ရာများ” ကိုဆွေးနွေးမည် ဖြစ် သည်။ ဆွေးနွေးချက်များမှာ မြန်မာ၊ အဂ်လိပ် ၂ မျိုးလုံး ဖြစ်ပါမည်။

 
ပိုမိုသိရှိရန်အတွက် MCRB Facebook page တွင်ကြည့်ရှုပါရန် ။
 
 
 
 
 
 
မိမိကုမ္ပဏီ၊အဖွဲ့အစည်း ဝဘ်ဆိုဒ်ကို ပြုပြင်ရန်တစ်ချက်ကြည့်ပြီးပါပြီလား။
 

ကမ္ဘာတဝန်းလုံးက အွန်လိုင်းစနစ် သွားနေရပြီး အိမ်တွင်အလုပ်လုပ် နေရချိန် သည် သင်၏ ကုမ္ပဏီ၊အဖွဲ့အစည်း ဝဘ်ဆိုဒ်ကို ပြုပြင်ရန်တစ်ချက် ကြည့်သင့်သည့် အချိန်ကောင်းဖြစ်သည်။ ပွင့်သစ်စအစီရင်ခံစာအတွက် ပါဝင်သော ကုမ္ပဏီ၊အဖွဲ့အစည်း ၂၇၇ ခု၏ကော်ပိုရိတ်ဆိုင်ရာ ပွင့်လင်း မြင်သာမှုများကို အကဲဖြတ်ပြီး အမှတ်စာရင်းမူကြမ်းကို ထုတ်ပြန်ပြီး ဖြစ်သည်။ ကုမ္ပဏီ၊အဖွဲ့အစည်းများသည် ၎င်းတို့၏ ရလဒ်များကို တိုးတက်အောင် ဆောင်ရွက်ရန် နောက်ထပ်အချိန်သုံးလရရှိမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်သည်များကို မေလ ၁၄ ရက်တွင်ကျင်းပမည့် အွန်လိုင်းအစည်းအဝေးကျင်းပမည် ဖြစ်သည်။

 
ပိုမိုသိရှိလိုပါကtransparency@myanmar-responsiblebusiness.org သို့ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

လေထုအရည်အသွေး အသိပညာပေးရေး ရက်သတ္တပတ်။ သင့်ရှူရှိုက်ရသည့်လေထု အရည်အသွေးမည်မျှသန့်ရှင်းကျန်းမာပါသလဲ။

 

MCRB၏ ဒါရိုက်တာဗစ်ကီဘိုမန်နှင့် MCRB၏ Honorary Research Fellow တစ်ဦးဖြစ်သူ Matthew Bairdတို့က ဧပြီ ၂၈ရက်တွင် ကျင်းပသည့်  Kirt Page (Clean Air Myanmar) ၏ ဆွေးနွေးပွဲတွင် ဟောပြောသူများအဖြစ်ပါဝင်ခဲ့ပြီး လေထုညစ်ညစ်မှုကို ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသည် အွန်လိုင်းတွင် ပထမဆုံး ဆွေးနွေးမှုဖြစ်ပြီး Green Drinks Yangon Facebook Group တွင်ဆွေးနွေးခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုသတင်းအချက်အလက်များကို မျှဝေထားပြီးရင်းမြစ် ကမည်သည်ကဖြစ်သည်၊  ( အဓိကအချက်မှာ မီးရှို့/လောင်ကျွမ်းခြင်း) ကိုဗစ်-၁၉ နှင့် မည်သို့ ဆက်စပ်သည်၊ တရုတ်နိုင်ငံ ကလေထုအရည်အသွေးတိုးတက်အောင် မည်သို့ ဆောင်ရွက်သည်၊ နှင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ စသည်တို့ကို ဆွေးနွေးခဲ့သည်။ မေလ ၄ရက်မှ ၈ရက်သည် လေထုအရည်အသွေး အသိပညာပေးရေး ရက်သတ္တပတ်။ဖြစ်ပြီး Air Quality Yangon  ကို Follow ပြုလုပ်နိုင်ပါသည်။

 
Air Quality Yangon တွင်အချက်အလက်များ ရရှိနိုင်ပါသည်။
 
 
 
 
 
 

သက်တံ့ရောင်အလံ လွှင့်ရန် အသင့်ဖြစ်ပြီလား။

 

လိင်တူ၊လိင်ပြောင်းနှင့် ဒွိလိင်ချစ်သူများအား ရွံမုန်းမှုကို ဆန့်ကျင်သည့် နိုင်ငံတကာနေ့ (IDAHOT) အထိမ်းအမှတ်အဖြစ် မေ ၁၁ရက်မှ ၁၈ ရက်အထိ သက်တံ့ရောင်အလံများ လွှင့်တင်ထားရန် ကုမ္ပဏီ၊အဖွဲ့အစည်းများကို တိုက်တွန်းထားပါသည်။ အလံများကို MCRB က ပေးပို့ပေးမည် ဖြစ်ပြီး ကုမ္ပဏီ၊အဖွဲ့အစည်းများ၏ အဆောက်အဦများတွင် လွှင့်တင်ထားနိုင်ပါသည်။ MCRB နှင့် Colors Rainbow တို့က ပြုစုထားသည့် LGBT+ ဝန်ထမ်းများအတွက် လုပ်ငန်းခွင် သာတူညီမျှမှုရှိရေးဆိုင်ရာ လမ်းညွှန်စာအုပ်ကို ထုတ်ဝေမည် ဖြစ်ပြီး အွန်လိုင်းအစည်းအဝေးတစ်ခုကိုလည်း မေလ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 
info@myanmar-responsiblebusiness.orgထံဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့် တို့ယခင်ကထက် ပိုမိုအရေးပါလာသည့်ကာလများ

 
MCRB၏ ဒါရိုက်တာဗစ်ကီဘိုမန်နှင့် သတင်းသမားတစ်ဦးဖြစ်သော Thompson Chauတို့သည်မေလ ၃ရက်တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့ အတွက် why media freedom matters to business   ခေါင်းစဉ်ဖြင့် Op-Ed (အယ်ဒီတာ့အာဘော်နှင့် ယှဉ်လျှက်ဖော်ပြသည့် ပုဂ္ဂိုလ်ရေးအတွေးအမြင်ဆောင်းပါး) တစ်ခု ကပူးတွဲ ရေးသားခဲ့သည်။ ဧပြီလအတွင်းက MCRB သည် အရပ်ဘက်အဖွဲ့အစည်းများ က​ပူးပေါင်းကျင်းပသည့် အစည်းအဝေးကို တက်ရော ဆွေးနွေးခဲ့သည်။ ယင်းမှာ ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် အင်တာနက်ပြတ်တောက်မှုများကြောင့်  ထိခိုက်ရသည့် ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်ပတ်သက်၍ ၎င်း၊ ထိုပြတ်တောက်မှုသည် သုံးဆင့်စစ်ဆေးမှု နှင့်ကိုက်ညီမှု မရှိကြောင်းစသည်တို့ကို ဆွေးနွေးခဲ့သည်။ ယင်းနှင့်ဆက်စပ်ပြီး အင်တာနက်ပြတ်တောက်မှုကြောင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ကို မည်သို့ထိခိုက်စေသည်ဆိုသည့် ကိစ္စရပ်များကို ဆွေးနွေးရန် မေလ ၂၁ ရက်တွင် နောက်ထပ်ဆွေးနွေးပွဲ တစ်ခုကျင်းပ ရန်စီစဉ်ထားသည်။
 
ပိုမိုသိရှိလိုပါကinfo@myanmar-responsiblebusiness.org ထံဆက်သွယ်ပါရန်။
 
 
 
 
 
 

“ကိုဗစ်-၁၉ ကာလအတွင်း ၊ဘေးကင်းလုံခြုံစွာ နေထိုင်ပါ “International Alert

 
ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာသဖြင့်  လိင်အခြေပြုအကြမ်းဖက်မှုများမှ ကာကွယ်နိုင်ရန် International Alert က သားကောင်များက  အကူအညီများတောင်းခံနိုင်သည့်နေရာများ နှင့် အသိအမြင်ဖွင့်လုပ်ငန်းများ ကိုမြှင့်တင်ဆောင်ရွက်နေပါသည်။
 
ပိုမိုသိရှိလိုပါက
 
 
 
 
 
 
facebook linkedin