Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

မေလတွင် ပြုလုပ်မည့် သက်တံ့ရောင်အလံ လွှင့်တင်ခြင်းတွင် ပါဝင်လိုပါသလား။

 

၂၀၁၉ ခုနှစ် မေလက မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီ ၂၀ခန့်က ရန်ကုန်မြို့တွင် သက်တံ့ရောင်အလံ လွှင့်တင်ခဲ့ကြသည်။ သင့်အဖွဲ့အစည်းက ၂၀၂၀ပြည့်နှစ် "နိုင်ငံတကာ လိင်တူချစ်သူများ အပေါ် ရွံရှာမုန်းတီးရေးကို ဆန့်ကျင်သောနေ့ (IDAHOT) “တွင် အလံလွှင့်တင်ရန် ဆန္ဒရှိပါသလား ။

MCRBနှင့်  Colors Rainbow တို့  ပူးပေါင်းဆောင်ရွက်သည့်  "Fly the Rainbow Flag" လှုပ်ရှားမှုကို ယခုနှစ်တွင်လည်း ဆောင်ရွက် မည်ဖြစ်ရာ  ပူးပေါင်းပါဝင်ရန် မြန်မာနှင့် နိုင်ငံတကာ  ကုမ္ပဏီ များကို  ဖိတ်ခေါ်ပါသည်။   မေလ ၁၇ ရက်တွင် နှစ်စဉ်ကျင်းပသည့် "နိုင်ငံ တကာ လိင်တူချစ်သူများအပေါ် ရွံရှာမုန်းတီးရေးကို ဆန့်ကျင် သောနေ့ (IDAHOT) တွင် အမျိုးသမီးအချင်းချင်းကိုချစ်သူ (Lesbian)၊အမျိုးသားအချင်းချင်းကို ချစ်သူ(Gay)၊ လိင်တူလိင်ကွဲကို ချစ်သူ(Bisexual)၊ ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူ (Transgender) -(LGBT) များအပေါ် ဆိုရှယ်မီဒီယာများတွင် သော်လည်းကောင်း လက်တွေ့အားဖြင့်လည်းကောင်း တန်းတူ ညီမျှ ရေးကို ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 
မာယာမူလာထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

ကိုတာစနစ်က တန်းတူညီမျှမှုကို မြှင့်တင်ပေးနိုင်ပါသလား?

 

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိသျှ ကုန်သည်ကြီးများအသင်းနှင့် Willis Towers Watson တို့ပူးပေါင်းကျင်းပသည့်  Professional Women’s Network (PWN) အခမ်းအနားကို မတ်လ ၄ရက်က ကျင်းပရာ  ကိုတာစနစ်က တန်းတူ ညီမျှမှုကို မြှင့်တင်ပေးနိုင်ခြင်းရှိမရှိ ဟူ၍ စကားစစ်ထိုးပွဲကျင်းပရာ ဗစ်ကီဘိုမန်က ဆွေး‌နွေးပေးခဲ့သည်။ တက်ရောက်သူများက အမျိုး သမီးများအား ကိုတာ( ဝေပုံကျ) စနစ်ဖြင့် ခန့်အပ်ပေးခြင်း ဆိုင်ရာနှင့် ပတ်သက်ပြီး ဆွေးနွေးမှတ်ချက်ပေးရာတွင် ကိုတာစနစ်ကို ၂း၁ စသည်ဖြင့် ပြည့်ပြည့်ဝဝ၊ရှင်းရှင်းလင်းလင်း ထောက်ခံမှု မတွေ့ရ ပေ။ မြန်မာနိုင်ငံတွင် ၅၅း၄၅ အချိုးမျှသာထောက်ခံသလို အခမ်း အနားတွင်လည်း များစွာ ကွာြခားမှုမရှိဘဲ ၅၃း၄၇ အချိုးမျှသာ  ထောက်ခံသည်ကို သိမြင်ခဲ့ရသည်။ ထို့အပြင် MCRB က ပြုစုနေ သည့် မသန်စွမ်းသူများအား ကိုတာစနစ်ဖြင့် အလုပ်ခန့်အပ် ရေး ဆိုင်ရာ မူဝါဒရေးရာ စာစောင်တွင်လည်း အကြံပြုချက်များ ထည့်ဝင် လိုပါက ပေးပို့နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ကော်ပိုရိတ်ထုတ်ဖော်ပြသမှု နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ ဦးဆောင်မှု

 

Yever၏ အမှုဆောင်ဒါရိုက်တာ Nicolas Delange နှင့် MCRB၏ ဒါရိုက်တာ Vicky Bowmanတို့သည် မတ်လ ၄ ရက်က မြန်မာ ဒါရိုက်တာများ အင်စတီကျုတွင် မြန်မာဥပဒေ၊ စည်းမျဥ်းထိန်း ကြောင်းမှုများ နှင့်ပတ်သက်ပြီး လက်ရှိ တိုးတက်မှုများ နှင့် ကမ္ဘာတွင် ‌‌ပြောင်းလဲလာသော ဆန္ဒအလျောက် ထုတ်ဖော်ပြသမှု မှ တဆင့် ကုမ္ပဏီများက ကော်ပိုရိတ်ဆိုင်ရာ ဦးဆောင်မှုနှင့် ဆက်နွယ် ပတ်သက်သူများ၏ယုံကြည်မှု ရယူပုံတို့ကို ဆွေးနွေးခဲ့ကြသည်။ ဆောင်ရွက်နေဆဲဖြစ်သည့် ပွင့်သစ်စအစီရင်ခံစာ ကိုယခုနှစ် စတုတ္ထ သုံးလပတ်တွင် ထုတ်ပြန်မည်ဖြစ်ပြီး ယင်းတွင် မြန်မာ ကုမ္ပဏီများ က ကမ္ဘလုံးဆိုင်ရာ ‌‌ပြောင်းလဲတိုးတက်လာမှုများတွင် မည်သို့ပါဝင် ထားသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

သင့်၏အဖွဲ့အစည်းက စီးပွား‌ရေး ကျင့်ဝတ်၊သိက္ခာဆိုင်ရာများ သင်ကြားပို့ချပါသလား။

 

အဖွဲအစည်းများအတွက် စီးပွား‌ရေး ကျင့်ဝတ်၊သိက္ခာဆိုင်ရာများကို မိခင်သာသာစကား၊ဒေသသုံးဘာသာစကားဖြင့် သင်ကြားပေးရန် MCRB ကို တောင်းဆိုလေ့ရှိကြသည်။ MCRBက အခကြေးငွေယူပြီး ပို့ချခြင်းမရှိသော်လည်း ယင်းကဲ့သို့ ဝန်ဆောင်မှုမျိုး ထွန်းကားစေလို သည်။ အကယ်၍ သင်၏အဖွဲ့အစည်းက ယင်းဝန်ဆောင်မှုမျိုးပေး ပါကMCRBကိုအသိပေးစေလိုပါသည်။MCRBကယင်းသို့ဝန်ဆောင်မှု ပြုလုပ်ပေးနေသူများစာရင်းကို ပြုစုထားမည် ဖြစ်ပါ သည်။

 
မဖြူဖြူဇင် ထံ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

အစိုးရ၏ ဒီဂျစ်တယ်ဆိုင်ရာ လာမည့်အစီအစဥ်များအတွက် ဦးစားပေးရမည့် အရာများ မြန်မာ့ဒီဂျစ်တယ်အခွင့်အရေး ဖိုရမ်က ဖော်ထုတ်

 

လက်သန့်ဆေးရည်များ၊ QR-coded လုပ်ထားသည့် အခမ်းအနား အစီစဥ်များ နှင့် ဧည့်ပရိတ်သတ် ၃၅၀ ခန့် တက်ရောက်ခဲ့သော ယခုနှစ်  မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ်ကို ဖေဖော်ဝါရီ ၂၈နှင့် ၂၉ ရက်များက ကျင်းပနိုင်ခဲ့ပါသည်။ ပုဂ္ဂိုလ်‌ရေး လွတ်လပ်ခွင့် နှင့် သတင်းအချက်အလက်လုံခြုံခွင့် ဆိုင်ရာများ ဆွေးနွေးသည့် MCRB၏ အချိန် ၄ခုတွင် အွန်လိုင်းမှတဆင့် ချိန်းဆိုခြင်းမှသည် စမတ် စီးတီးအထိ ပါဝင် ပြီး ပွဲအတွင်းဆွေးနွေးသည့် အကြောင်းအရာများအပေါ်  အွန်လိုင်းမှ မဲပေးခြင်းရလဒ်များလည်း MCRBဝက်ဆိုဒ်တွင် တင်ပြထားပါသည်။ တက်ရောက်လာသူများက ဆက်သွယ်ရး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးကို လာမည့်အစိုးရအတွက် ၎င်းတို့၏ အဓိကမျှော်လင့်ချက်အဖြစ် ထားကြသည်။ ပူးတွဲစီစဥ်သည့်MEFMIDOနှင့်Phandeeyar ၊ အဓိကထောက်ပံ့သူ Embassy of Sweden နှင့် Heinrich-Böll-Stiftung Myanmar. တို့ကို MCRB ကကျေးဇူးတင်ရှိပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အာရှ-ပစိဖိတ်ဒေသလူ့အခွင့်အရေး စာစောင်တွင် MCRB ၏ ဆောင်းပါးပါဝင်

 

Human Rights Osaka ၏ အာရှ-ပစိဖိတ်ဒေသ လူ့အခွင့်အရေးသတင်းအချက် အလက် စင်တာမှ ထုတ်ဝေသော ၉ကြိမ်‌‌မြောက် နှစ်ပတ်လည်စာစောင်တွင်  အာရှ-ပစိဖိတ် လူ့အခွင့်အ‌ရေးပညာပေး အကြောင်းသတင်းဆောင်းပါး ပါဝင်ခဲ့သည်။ ၎င်းဆောင်းပါးတွင် MCRB၏ ပထမငါးနှစ်တာ စွမ်းရည်မြှင့် တင်ခြင်းအစီအစဥ်များကို အဓိကထားဖော်ပြခဲ့သည်။ ယင်းသည် နှစ်စဥ်ထုတ်အစီအစဥ်တွင် ပထမဆုံးပါဝင်သော လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ ဆောင်းပါးဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin