Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

အင်တာနက်ရရှိနိုင်မှု ကန့်သန့်ချက် ဖယ်ရှား

 

ဇွန်လ ၂၁ရက် စနေနေ့မှ စတင်ကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုကို အင်တာနက် ပိတ်ပင်မှု ပြုလုပ်ခဲ့ရာ သန်းပေါင်းများစွာသော လူများကို ထိခိုက်စေခဲ့သည်။ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) ၊ ဖွံ့ဖြိုးမှုအတွက်"မြန်" အိုင်စီတီအဖွဲ့ ၊နှင့် ဖန်တီးရာတို့နှင့် ပူးပေါင်းပြီး MCRB က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ပုဒ်မ ၇၇ အရ အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်ခြင်းသည် အန္တရာယ်ကြီးမားသည့် နမူနာဖြစ်ရပ်ဖြစ်ပြီး တည်ငြိမ်မှုကို ထိခိုက်စေကာ နိုင်ငံတစ်ဝန်းလုံးအား ကြီးမားသော ဆိုးကျိုးကို ဖြစ်ထွန်းစေနိုင်သဖြင့် အင်တာနက် ဆက်သွယ်ရေး အပြည့်အဝ ပြန်လည်ရရှိစေရန် တိုက်တွန်းတောင်းဆိုထားသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

LGBT များအပေါ်ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်စေရန် စီးပွားရေးလုပ်ငန်းများကို အသိပညာပေးခြင်း -နောက်ထပ်လုပ်ဆောင်မှုက ဘာလဲ။်

 

မြန်မာအင်ပီရီရယ်ကောလိပ် မှ ဝန်ထမ်းတစ်ဦး၏ စိတ်မချမ်းမြေ့ဖွယ်၊ တုန်လှုပ်ခြောက်ခြားဖွယ် မိမိကိုယ်ကိုယ်အဆုံးစီရင်မှု တစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ဥပဒေတွင် ၊လူအသိုင်းအဝိုင်းတွင် LGBT ဝန်ထမ်းများအပေါ် ခွဲခြားဆက်ဆံခြင်း ၏ ဆိုးကျိုးကို သိမြင်လာကာ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှင်များက ထိုသို့ခွဲခြားခြင်းမပြုရန် နှင့် ခွဲခြားမှုများ ရှိပါကလည်း တိုက်ဖျက်ကြရန် ၎င်းတို့၏အခန်းကဏ္ဍကို ဦးတည်လာကြသည်။ MCRB သည် Colors Rainbow ၊ Institute of Human Rights and Businessတို့နှင့် ပူးပေါင်းကာ LGBT များ၏တန်းတူအခွင့်အရေး အတွက် အသိပညာပေး စားပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၂၈၊၂၉ တို့တွင်ကျင်းပမည်ဖြစ်ပါသည်။ တက်ရောက်ရန် စိတ်ပါဝင်စားပါက ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်ပေးစေလိုပါသည်။

 
ကိုမြင့်နိုင်ကျော်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

Digital Rights Programme Manager  လျှောက်ထားနိုင်

 
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီဘိုမန်သည် နေပြည်တော်တွင် ဇွန် ၅ရက်က ကျင်းပသည့် Myanmar EU Forum တွင် လေးစားမှုရှိသော လုပ်ငန်းခွင် ဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံတွင် အခွင့်အလမ်းကောင်းများရှိနေသည်ဟု ဆွေးနွေးတင်ပြခဲ့သည်။ မေလ ၁ရ ရက်တွင် ကျရောက်သည့်  နိုင်ငံတကာ လိင်တူချစ်သူများအပေါ် ရွံ့ရှာမုန်းတီးရေးကို ဆန့်ကျင်သော (IDAHOT)နေ့တွင် လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းပိုင် လူမှုမီဒီယာများတွင် အလံလွှင့်ထူကာ လုပ်ငန်းခွင်အတွင်း ကျားမရေးရာ တန်းတူညီမျှမှုအတွက် ပူးပေါင်းပါဝင်သော အပြည်ပြည်ဆိုင်ရာနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများ ကိုလည်း ဂုဏ်ပြုပြောဆိုခဲ့သည်။ 
 
ိုမိုသိရှိလိုပါက
 
 
 
 
 
 

အရပ်ဖက်အဖွဲအစည်းခေါင်းဆောင်များအတွက် ဂျပန်စီးပွားရေးနှင့် လူ့အခွင့်အရေးအဖွဲ့ နှင့် ချိတ်ဆက်

 

MCRB၏ဒါရိုက်တာ ဗစ်ကီဘိုမန်သည် ဖြစ်နိုင်ခြေရှိသည့် သက်ရောက်မှုများအား ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ထိခိုက်စေနိုင်သည့် သက်ရောက်မှုများအား ကြိုတင်တားဆီးခြင်းလုပ်ငန်း (due diligence) နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာများ၏ လက်ရှိတိုးတက်လာမှုများ ကို ဂျပန်အလုပ်ရှင်များအသင်း(  Council for Better Corporate Citizenship of Keidanren ) တွင် ဇွန်၁၈ရက်နေ့က ပြောကြားခဲ့သည်။  ၎င်း၏ 2017 Charter of Corporate Behaviour for the realization of a Sustainable Society သည် လူ့အခွင့်အရေးကို လေးစားရန်ဆိုသော အချက်ပါဝင်သည်။ Japanese External Trade Organisation (JETRO) ၏အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပြီး  JETRO’s Institute of Developing Economies (IDE)မှ ဦးဆောင်ကျင်းပသည့် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများ အပေါ် အလွှာစုံမှ ဆက်နွယ်ပတ်သက်သုတေသနပြုသူများ  ပါဝင်သည့် အဖွဲ့နှင့်လည်း ဆွေးနွေးခဲ့သည်။

 
 
 
 
 
 
 

ဘန်ကောက်တွင်ကျင်းပသည့် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများ ရက်သတ္တပတ်သို့ MCRBတက်ရောက်

 

ဇွန် ၁၀ရက်မှ ၁၄ ရက်အတွင်း အပြည်ပြည်အလုပ်သမားအဖွဲ့ (ILO) မှ ဦးဆောင် ကျင်းပသည့် ဘန်ကောက်လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများ ရက်သတ္တပတ်သို့  ဒေါ်နှင်းဝတ်ရည်တက်ရောက်ခဲ့ပြီး သင့်တော်လျောက်ပတ်သောအလုပ်နှင့်လုပ်ငန်းခွင်အပေါ်
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ သက်ရောက်မှုများ ကို ဆွေးနွေးခဲ့သည်။ ASEAN Inter-governmental Commission on Human Rights (AICHR) တွင်  လူ့အခွင့်အရေးဆိုင်ရာ ဖြစ်နိုင်ခြေရှိသည့် သက်ရောက်မှုများအား ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ထိခိုက်စေနိုင်သည့် သက်ရောက်မှုများအား ကြိုတင်တားဆီးခြင်းလုပ်ငန်း (due diligence) နှင့် ရောင်းဝယ်ရေးကွင်းဆက် ဆိုင်ရာလုပ်ငန်းများကိုပံ့ပိုး နေ သည့် MCRB၏ အလှူရှင်နိုင်ငံတစ်ခုဖြစ်သော ဆွစ်ဇာလန်က ကျင်းပသည့်  ဒေသတွင်းတာဝန်ယူမှုရှိသော  စီးပွားရေးနှင့်လူ့အခွင့်အရေး ဆွေးနွေးပွဲတွင်လည်း ဗစ်ကီဘိုမန်က ဆွေးနွေးခဲ့သည်။

 
 
 
 
 
 
 
facebook linkedin