Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

အဂတိလိုက်စားမှုတိုက်ဖျက်ခြင်း -လာမည့် ဆွေးနွေးပွဲ

 

MCRB က ကုမ္ပဏီများအတွက် တာဝန်ူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ  ကျင်းပပေးခဲ့ရာ  လာမည့် အစီအစဉ်မှာ မြန်မာနိုင်ငံ၏ လတ်တလော တိုးတက်နေမှုများ၏ နောက်ကွယ်မှ စီးပွားရေးလုပ်ငန်းများ၏ ဂုဏ်သိက္ခာအတွက် လက်တွေ့ကျင့်သုံးမှုများနှင့်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး  ဖြစ်သည်။  စိတ်ပါဝင်စားပြီး တက်ရောက်လိုသော ကုမ္ပဏီများ ရှိပါက မဖြူဖြူဇင်ထံ ဆက်သွယ်နိုင်ပါသည်။

 
မဖြူဖြူဇင်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆွေးနွေးခြင်း  ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

 

MCRB က ကုမ္ပဏီများအတွက် တာဝန်ူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ  ကျင်းပပေးခဲ့ရာ ယခုဒုတိယအကြိမ်မြောက်ကို ILO နှင့်ပူးပေါင်း၍ စက်တင်ဘာ ၁၃ရက်က ကျင်းပခဲ့ပြီး  လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းခွင်ဆက်ဆံရေးတို့ကို ဦးတည်ပြီး  ဆွေးနွေး ခဲ့သည်။ H&M   နှင့် EMC တို့က ၎င်းတို့၏ အထည်ချုပ်လုပ်ငန်းခွင်မှ အတွေ့အကြုံများကို ရှင်းလင်းခဲ့ကြသည်။   ပထမအကြိမ် အစီအစဉ်ကို ဇူလိုင် ၅ရက်က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများက ဆောင်ရွက်ရသည့် Due Diligence များ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

၂၀၁၉ ပွင့်သစ်စအတွက် သုတေသနလုပ်ငန်းများ စတင်ဲ

 

MCRB က ၂၀၁၉ပွင့်သစ်စ ( မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်း  မြင်သာမှု)  သုတေသနလုပ်ငန်းများကိုလည်း Yever နှင့် တွဲဖက်လုပ်ကိုင်မည် ဖြစ်သည်။  ပါဝင်မည့် ကုမ္ပဏီများအား သုတေသနနှင့် ပတ်သက်သည့် ကိစ္စရပ်များ ရှင်းလင်းသည့် အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည်။  မြန်မာကုမ္ပဏီပေါင်း ၂၅၀ ခန့်၏  ကော်ပိုရိတ်ဝဘ်ဆို ဒ်များ ပေါ်မှ သတင်းအချက်အလက်  ထုတ်ဖော်ပြသမှုများကို အမှတ်ပေးမည်ဖြစ်ပြီး  ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပိုင် လုပ်ငန်းများကိုလည်း အကဲဖြတ်မည်  ဖြစ်သည်။ အကဲဖြတ်ရာမှ ရရှိလာသည့် ရမှတ်များကို နိုဝင်ဘာလတွင် ကုမ္ပဏီများထံ ပေးပို့မည် ဖြစ်သည်။

 
မဖြူဖြူဇင်ထံ ဆက်သွယ်ပါရန်။
 
 
 
 
 
 

မြန်မာက လူထုအခြေပြု ဆိုက်ဘာလုံခြုံရေး မူဘောင် လိုအပ်

 

MCRB သည် တယ်လီနော က နေပြည်တော်တွင် ဦးစီးကျင်းပသည့်  ‘ဒီဂျစ်တယ်ခေတ်၏  ကိုယ်ရေးအချက်အလက် လုံခြုံစွာ ထိန်းသိမ်းမှု၊ ဒေတာ ထိန်းသိမ်းကာကွယ်ရေး” ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။ ၎င်းအခမ်းအနားသို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုက်ဘာမှုခင်းဌာန၊ ရှေ့နေချုပ်ရုံးနှင့် တယ်လီကွန်း ကုမ္ပဏီများမှ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၄၀ဦးခန့် ပါဝင်ခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက။
 
 
 
 
 
 

မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်း လက်စွဲစာအုပ် (မူကြမ်း) အတွက် အစိုးရနှင့် ဆွေးနွေးပွဲ

 

MCRB သည် အေအေအာ (ဂျပန်) နှင့်တွဲဖက်ပြီး  မကြာမီထုတ်ဝေမည့် မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်း လက်စွဲစာအုပ်(မူကြမ်း)နှင့် ပတ်သက်၍  အစိုးရဌာနများမှ တုန့်ပြန်အကြံပြုချက်များ ရယူရန် အစည်းအဝေးပွဲတစ်ရပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ  ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ အကူအညီဖြင့် ကျင်းပခဲ့သည်။ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများအတွက်  အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းသည် အရေးပါသော ကိစ္စဖြစ်ပြီး  အစိုးရကလည်း ဦးစားပေးအနေအထား ထားရှိသည်ဟု  ပြောကြားခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြ င်းနှ င့်  ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီးMCRB က လွှတ်တော်သို့ အကြံပြုချက်များပေးပို့

 

၁၉၄၈ခုနှစ် မြေသိမ်းဥပဒေအား အစားထိုးပြဌာန်းမည့် ဥပဒေသစ်နှင့် ပတ်သက်ပြီး လွှတ်တာ်ကော်မတီများသို့ မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အကြံပြုချက်တစ်စောင် ပေးပို့ထားပါသည်။ အဆိုပါအကြံပြုချက်များသည် အမျိုးသားလွှတ်တော် မှထုတ်ပြန်ထားသော ၂၀၁၈ဇွန် ၅ရက် မူကြမ်းကို အခြေခံထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

နှုတ်ဆက်ခြင်းနှင့် ကြိုဆိုခြင်း

 

MCRB သို့ အသစ်ရောက်ရှိလာသော ဝင့်မွန်အိန္ဒြာသွင် (စီမံကိန်းတွဲဖက် တာဝန်ခံ- ICT, Regulation, Tourism) နှင့် Gianluca Ferrittu (Intern)  တို့ကို ကြိုဆိုပါသည်။ ဝင့်သည် သမ္မတ၏ ပညာသင်ထောက်ပံ့ဆုရရှိပြီး International Social Development  အထူးပြုဖြင့် မဟာဘွဲ့ကို ယူကေနိုင်ငံတွင် သင်ကြားခဲ့ပါသည်။ Gianluca  သည် မဟာဘွဲ့အတွက် Economics, Politics and International Institutions  အထူးပြုပြီး လေ့လာနေသူဖြစ်ပါသည်။
 ထို့အတူ မကြာမီကပင် ထွက်ခွာသွားခဲ့သော အချိန်ပိုင်း အကြံပေး မာချီကို  (ဂျပန် ကုမ္ပဏီ ဆက်ဆံရေးနှင့် ပွင့်သစ်စ ၂၀၁၈) နှင့် (intern )Tom Davy
တို့ကို နှုတ်ဆက်ပါသည်။  ကျေးဇူးတင်ကြောင်း နှင့်၎င်းတို့အတွက်လည်း  ဆုမွန်ကောင်းလည်းတောင်းအပ်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus