Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

လာမည့်နှစ် အတွက် ပွင့်သစ်စ / မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ စောစီးစွာ စတင်

 

MCRB နှင့် Yever တို့သည် ၂၀၁၈ စက်တင်ဘာ ၁၀ ရက်တွင် ၂၀၁၈ပွင့်သစ်စ  တွင် ပါဝင်ခဲ့သည့် မြန်မာကုမ္ပဏီများနှင့် အစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်သည်။ ယမန်နှစ်ကရရှိခဲ့သောရလဒ်များ၊ နှင့် ၂၀၁၉ အတွက် ပြင်ဆင်ခြင်းများ စသည်တို့ကို ဆွေးနွေးမည် ဖြစ်ရာ သိရှိလိုပါက မဖြုဖြူဇင် ထံ ဆက်သွယ်နိုင်ပါသည်။

 
မဖြူဖြူဇင်ထံ ဆက်သွယ်ရန်
 
 
 
 
 
 

ရက်စွဲမှတ်သားထားပေးပါရန် ။ တာဝန်ယူမှုရှိသော အလုပ်သမားဆိုင်ရာ အလေ့အကျင့်များ အလုပ်ရုံဆွေးနွေးပွဲ ၊ စက်တင်ဘာ ၁၃

 

MCRB သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) နှင့်အတူ  စိတ်ပါဝင်စားသူ ကုမ္ပဏီများ ပူးပေါင်းပြီး  တာဝန်ယူမှုရှိသော အလုပ်သမား ဆိုင်ရာ အလေ့အကျင့်များဆိုင်ရာ ဆွေးနွေးပွဲ ကို စက်တင်ဘာ ၁၃ရက်တွင်  ဆွေးနွေးမည်ဖြစ်သည်။ ၎င်းသည် တာဝန်ယူမှုရှိသော  စီးပွားရေးလုပ်ငန်း ဆိုင်ရာ အစဉ်လိုက် အလုပ်ရုံဆွေးနွေးပွဲများ၏ တစိတ်တပိုင်းလည်း ဖြစ်ပါ သည်။  တက်ရောက်လေ့လာရန်  စိတ်ဝင်စားပါက မစုမြတ်နွယ်ထံ ဆက်သွယ် နိုင်ပါသည်။

 
မစုမြတ်နွယ်ထံ ဆက်သွယ်ရန်
 
 
 
 
 
 

မြန်မာ့ တာဝန်သိ ခရီးသွားလုပ်ငန်းဆု ၂၀၁၈ သို့ဝင်ရောက်ပါဝင်နိုင်ွဲ

 

Myanmar Responsible Tourism Institute (MRTI) မှ ဆောင်ရွက်သည့်   မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းဆု သို့ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံနိုင်ရန် စတင်လက်ခံနေပြီး  သြဂုတ်လ(၁၀)ရက် မှစက်တင်ဘာ ၂၁ရက် အထိ လျောက် ထားနိုင်ပါသည်။  ၂၀၁၈    အတွက်  မြန်မာ့တာဝန်သိ ခရီး သွားလာရေး လုပ်ငန်း ဆုအဖြစ် တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ  အကောင်း ဆုံးတည်းခိုရေး  ဝန်ဆောင်မှုဆု၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ  အကောင်း ဆုံးခရီးစဉ် ရေးဆွဲသူဆု၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံးလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆု၊ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ တီထွင် ဆန်းသစ်မှု အကောင်းဆုံးဆု၊ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး အသိပညာပေးအစီအစဉ်ဆု နှင့်စီးပွားရေး ၊ လူမှုရေး၊ ပညာရေးစသည့် အခွင့်အလမ်း နည်းပါးသူများ  ပါဝင်အကျိုးခံစား   နိုင်ခွင့် ရစေသော တာဝန်သိ ခရီးသွားလုပ်ငန်း အမျိုးအစား ဆိုင်ရာ အကောင်း ဆုံးလုပ်ဆောင်မှုဆု ဟူ၍ ဆု ခြောက်မျိုးကို မြန်မာခရီးသွားလုပ်ငန်းကဏ္ဍရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်များနှင့် တီထွင်ဆန်းသစ်သူများ  အတွက်ဆုအရွယ်အစား မျိုးစုံ တို့ကို ဂုဏ်ပြုပေးအပ်သွားမည် ဖြစ်သည်။    အသေးစိပ်အချက်အလက်များ ရရှိနိုင်ပါသည်။ MCRB က ၂၀၁၈ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အခြားပူးပေါင်းဆောင်ရွက်မည့်သူများကိုလည်း ဖိတ်ခေါ်ပါသည်။

 
MRTA သို့ ဆက်သွယ်ရန်
 
 
 
 
 
 

MCRB သည် ၎င်း၏ ပါဝင်ပတ်သက်ဆက်နွယ်မူနှင့် ပတ်သက်သည့် သတင်းပေးပို့ချက် (CoE) အား United Nation Global Compact (UNGC) သို့ ဒုတိယအကြိမ်မြောက် တင်ပြ

 

MCRBသည် ၎င်း၏ပါဝင်ပတ်သက်ဆက်နွယ်မူနှင့် ပတ်သက်သည့် သတင်းပေးပို့ချက် (CoE) အား United Nation Global Compact (UNGC) သို့ ဒုတိယအကြိမ်မြောက် တင်ပြခဲ့ပါသည်။ယင်းမှာ ၂၀၁၆ ဇူလိုင်မှ ၂၀၁၈ ကာလအတွက်ဖြစ်သည်။ အကျိုးအမြတ်မယူသော လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများကဲ့သို့ နှစ်စဉ်တင်ပြရန် မလိုအပ်ဘဲ နှစ်နှစ်တစ်ကြိမ်တင်ပြရသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လတ်တလောတိုးတက်မှုများ

 

စတုတ္ထအကြိမ်မြောက်ပြင်ဆင်သည့်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လတ်တလောတိုးတက်မှုများကို ကျွနု်ပ်တို့၏ ဝဘ်ဆိုဒ်ပေါ်တွင် အကျဉ်းချုပ်ဖော်ပြထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အခြေခံအကြောင်းအရာများကို မွန်ပြည်နယ် လွှတ်တော်ခန်းမတွင် ဆွေးနွေး တင်ပြ

 

National Enlightenment Institute (NEI)မှ စီစဉ်ဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် MCRB မှ ဦးအောင်ကျော်စိုးနှင့် ဦးလှိုင်မင်းဦးတို့က သင်တန်းပို့ချခဲ့ကြပါသည်။ မွန်ပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် မွန်ပြည်နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သူများ အပါအဝင် စုစုပေါင်း ၉၀ ဦးတက်ရောက်ခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus