Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ဆက်နွယ်ပတ်သက်သူများ စစ်တမ်းကို ကျေးဇူးပြု၍ ဖြေဆိုပေးပါရန်။

 

ကျွနုပ်တို့၏ ဆက်နွယ်ပတ်သက်သူများ စစ်တမ်းကို ဖြေဆိုပေးပြီးသူများကို ကျေးဇူးတင်ရှိပါသည်။ အကယ်၍မဖြေဆိုရသေးပါကလည်း  တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ ပိုမိုကျင့်သုံးစေရန်အတွက် MCRB ကဆောင်ရွက်သည့်လုပ်ငန်းများကို ကူညီသည့်အနေဖြင့် (၁၅) မိန်စခန့် အချိန်ပေး ဖြေဆိုရမည့် စစ်တမ်းကို ဖြေဆိုပေးစေလိုပါသည်။ ဆက်နွယ်ပတ်သက်သူအများစုက ခရီးသွားနေခြင်း၊ ခွင့်ယူထားခြင်းတို့ကြောင့် စစ်တမ်းအတွက် အချိန်ကို ဇူလိုင် (၂၃) အထိ တိုးမြှင့်ထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အစဉ်လိုက်ပြုလုပ်မည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ  ဆွေးနွေးပွဲများ။

 

MCRB သည် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေး ပွဲများကို အစဉ်လိုက်ပြုလုပ်သွားမည် ဖြစ်ပါသည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ စိတ်ပါဝင်စားသော ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျင်းပမည် ဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန တို့နှင့် ပူးပေါင်းကျင်ပခြင်း ဖြစ်သည်။စီးပွားရေးလုပ်ငန်း၏ဂုဏ်သိက္ခာ ၊ အလုပ်အကိုင်ကောင်း၊ ပတ်ဝန်းကျင်၊နှင့် ဒေသခံများနှင့် စေ့စပ်ညှိနှိုင်း ဆက်သွယ်မှု စသည့် ကိစ္စရပ်များ အပါအဝင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မူဝါဒများနှင့်အညီ စီးပွားရေးလုပ်ငန်းမျိုးစုံကို တာဝန်ယူမှုရှိစွာ လည်ပတ်စေရန်အတွက် ကူညီရန် ရည်ရွယ်သည်။

၎င်းသဘောတရားများကို ဇွန် ၂၂ ရက်က  ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်            ဆွးနွေးခဲ့သည်။ဆွေးနွေးရာတွင် ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေအကြုံပြုလိုသူ ကုမ္ပဏီများ လည်း ပါဝင်ခဲ့သည်။ ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၅ရက်က OECD နှင့် ပူးပေါင်းကျင်းပခဲ့ပြီး ဟန်နီကန်နှင့် ရွှေတောင်တို့က စီးပွားရေးလုပ်ငန်းများအနေဖြင့်မိမိတို့၏ လုပ်ငန်းလည်ပတ်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာနှင့်လူမှု သို့မဟုတ်သဘာဝပတ်ဝန်းကျင်တို့ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန်စိစစ်ခြင်း  (due diligence)၊   အကြောင်း ဆွေးနွေးခဲ့သည်။ ပါဝင်ရန်စိတ်ဝင်စားပါက မာချီကိုထံ ဆက်သွယ်နိုင်ပါသည်။

 
မာချီကို ကီတာဂါဝါ ထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

ဂျပန်ကုမ္ပဏီများအတွက် အလုပ်ရုံဆွေးနွေးပွဲ

 

JECTRO, MCRB နှင့် Nippon Koei တို့ပူးပေါင်းပြီး ဂျပန်ကုမ္ပဏီများမှ တက်ရောက်သူ( ၉၀) ကျော်ပါဝင်သည့် " မြန်မာနိုင်ငံရှိ ကုမ္ပဏီများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နည်းဗျူဟာ "  ဆွေးနွေးပွဲကို ဇွန်လ ၂၆ရက်က ကျင်းပခဲ့သည်။ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးမှုပန်းတိုင်များ၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း ၊ ပတ်ဝန်းကျင်နှင့် လူမှုရေး စီမံအုပ်ချုပ်မှု တို့ကို စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုများနှင့် လုပ်ငန်းလည်ပတ်ရာတွင်  မည်သို့ပူးပေါင်းပါဝင်ကြစေမည်ကို ဆွေးနွေးခဲ့ကြပြီး  ဂျပန်သံရုံး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ၊  နှင့် Golden Eco-Dowa တယ်လီနောတို့က ဟောပြောသူများအဖြစ် ပါဝင်ခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ကလောတွင်ကျင်းပသည့် အမျိုးသားအဆင့် ခရီးသွား ညီလာခံ

 

တတိယအကြိမ်မြောက်  အမျိုးသားအဆင့်ခရီးသွားညီလာခံကို Hanns Seidel Foundation၊  MCRB၊ Myanmar Responsible Tourism Institute (MRTI)၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းကွန်ယက်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနပူးပေါင်းပြီး GIZ ၏ထောက်ပံံ့မှုဖြင့် ဇွန်(၆)ရက်မှ (၈) ရက်အထိ ရှမ်ပြည်နယ် ကလောမြို့တွင် ကျင်းပခဲ့သည်။  အခမ်းအနားကို အစိုးရ၊ ပုဂ္ဂလိက ၊ဒေသအခြခံ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ဖွံဖြိုးရေးမိတ်ဖက်များ၊ လွတ်လပ်သော ကျွမ်းကျင်သူများ၊ ရှမ်းပြည်တောင်ပိုင်းမှ အတွေ့အကြုံများကို  မြန်မာနိုင်ငံတစ်ဝန်လုံးမှ အခြားသူများထံ ဝေမျှပေးလိုသူများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ရှမ်းပြည်နယ်မှ အရပ်ဘက်အဖွဲ့အစည်းများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ

 

မေတ္တာဖောင်ဒေးရှင်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်  တောင်သူ လယ်သမားဖွံဖြိုးရေးအဖွဲ့  (ရှမ်းပြည်)  တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်း ပသည့်  “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ၏ အခန်းကဏ္ဍ” အကြောင်းအရာများ ကို ဆွေးနေးခဲ့ သည်။လက်နက်ကိုင် အဖွဲအစည်းများ၊ လယ်သမား၊ အလုပ်သမား သမဂ္ဂများနှင့် ဒေသခံများ စုစုပေါင်း လူဦးရေ ၄၀ခန့်တက်ရောက်ခဲ့သည်။ 

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာနိုင်ငံရှိ သဲတူးဖော်ခြင်း

 

MCRB ၏ ကဏ္ဍအလိုက်သက်ရောက်မှုကို လေ့လာဆန်းစစ်ခြင်း များအနက် ကဏ္ဍ(၂) ခုဖြစ်သည့် ခရီးသွားလုပ်ငန်းနှင့် သတ္ထုတွင်းတို့တွင် သဲတူးဖော်ခြင်းသည် ဆုံမှတ်ဖြစ်နေသည်။  စည်းကမ်းလိုက်နာခြင်းကင်းမဲ့စွာ ဖြင့် သယံဇာတများ ထုတ်ယူနေခြင်းသည် မြန်မာ့ဂေဟစနစ်ကို ငြိမ်းခြောက်နေသည့်အပြင် မြန်မာ့စီးပွားရေးကို အထောက်အကူပြုနေသော ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ကို ပါ ခြိမ်းခြောက်နေသည်။ ယခုလတွင် MCRBနှင့် WWF တို့တွင် အလုပ်သင်အဖြစ်လုပ်ကိုင်နေသည့် မြန်မာကျောင်းသူ  Bethia Kadoe ၏ short research paper on river sand mining  စာတမ်းကို ထုတ်ဝေခဲ့ပါသည်။ ထို့အပြင် မြိတ်ကျွန်းစုဒေသတွင်  ငါးလုပ်ငန်းကိုပါ ထိခိုက်နိုင်သည့် သဲတန်ချိန်ငါးသန်းထုတ်ယူမည့်အစီအစဉ်အပေါ် အများပြည်သူပါသိနိုင်အောင် မှတ်ချက်ပြုထားခြင်း ကိုလည်း ဖော်ပြထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus