Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ပလပ်စတစ်ညစ်ညမ်းမှုကို အကောင်းဆုံးတိုက်ဖျက်နိုင်ရန် သန့်မြန်မာ တွင် MCRB ပါဝင်မည်

 

မြန်မာ့ စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ၏ အဓိက ရည်ရွယ်ချက် ဖြစ်သည့်
ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရေးအတွက်  အခမ်းအနားကျင်းပရာ နေရာများကို  တောင်းဆိုခဲ့သည်။
ပလပ်စတစ် ရေဗူးသုံးစွဲမှု၊ နှင့် ပလပ်စတစ်ဖြင့်ပြုလုပ်ထားသည့် လက်ဆောင်များ အသုံးပြုမှု လျော့ချရေး အစရှိသည့် အကြောင်းအရာများ ပါဝင်သည့်   ညွှန်ကြားချက်များ ကို  MCRB  က အစည်းအဝေးကျင်း ပသည့် နေရာများသို့ မျှဝေထားပါသည်။

 (MCRB) သည် သန့်မြန်မာ တွင် ပူးပေါင်းပါ ဝင်ပါသည်။  သန့်မြန်မာသည် မြန်မာနိုင်ငံတွင် ပလပ်စတစ် ညစ်ညမ်းမှုလျော့ပါးစေရန်အတွက် ဆောင်ရွက်နေသည့်အခြေခံကျသည့် လှုပ်ရှားဆောင်ရွက်မှုဖြစ်သည်။   

 

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ကုမ္ပဏီဥပဒေ အတွက် စည်းမျဉ်းများ နှင့် ပတ်သက်ပြီး MCRB အကြံပြု 

 

MCRB သည် ကုမ္ပဏီ စည်းမျဉ်း မူကြမ်း၂၀၁၈ အတွက် ပြင်ဆင်သင့်သည်များကို  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) သို့ အကြံပြုခဲ့သည်။ ၎င်းအကြံပြုချက်များတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်သူ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု နှင့် နိုင်ငံရေးအရ သြဇာအာဏာရှိသူများနှင့် သက်ဆိုင်ပြီး  ၂၀၁၄ ငွေကြေးခဝါချမှုဥပဒေနှင့် သဘာဝသယံဇာတအရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး

အကောင်အထည်ဖော်ဆောင်ရွက်မှု တို့ကို အထောက်အပံ့ပြုရန်  ရည်ရွယ်သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

လူမွဲခံယူမှု ဥပဒေမူကြမ်း အတွက် MCRB က မှတ်ချက်ပေးပို့

 

လူမွဲခံယူမှု ဥပဒေမူကြမ်းအတွက်လည်း MCRB က မှတ်ချက်များ ပေးပို့ခဲ့သည်။ မှတ်ချက်များသည် ဝန်ထမ်းများ၊ အခြားအလုပ်သမားများနှင့် ထိခိုက်လွယ်သော ပုဂ္ဂိုလ်များအပေါ်တွင်လည်း ခွင့်တူညီမျှစွာ ပြုမူရန်၊ ပတ်ဝန်းကျင် ကိုအကာအကွယ်ပြုရန် အတွက် အများပြည်သူပါဝင်နိုင်သည့် ရည်ရွယ်ချက်ဖြင့်  ရန်ပုံငွေ ရှိစေရန်၊ ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ ရှိစေရန် စသည်

တို့နှင့် သက်ဆိုင်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြေယာအခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ အနှစ်ချုပ်စာလွှာ မူကြမ်းဆွေးနွေး

 

၂၀၁၅ ကထုတ်ပြန်ခဲ့သည့် မြေယာအခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ အနှစ်ချုပ်စာလွှာ အားခေတ်နှင့်အညီ ဖြစ်စေရန် အတွက် ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၂၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၎င်းအတွက် အကြံပြုချက်များ မှတ်ချက်များ ပေးပို့ရန် MCRB ကဖိတ်ခေါ်ပြီး ၂၀၁၈  ဇွန် ၃၀ရက်ထက်နောက်မကျစေဘဲ ပေးပို့စေလိုပါသည်။
[email protected]

တို့ ထံပေးပို့နိုင်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အချက်အလက်ကာကွယ်မှုနှင့် လုံခြုံမှု

 

MCRB သည် ၎င်း၏ လုံခြုံမှုဆိုင်ရာ မူဝါဒကို ခေတ်နှင့်လျော်ညီအောင် ဆောင်ရွက်မည် ဖြစ်သည်။ ၎င်းမှာ EU General Data Protection Regulation (GDPR) နှင့် UK Data Protection Act 1998 တို့နှင့်  သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီစေရန် ဖြစ်သည်။ အကယ်၍ MCRB မှ ပေးပို့သော သတင်းလွှာများကို လက်ခံရယူလိုခြင်းမရှိပါက email တွင်ပါရှိသော Unsubscribe ကိုနှိပ်စေလိုပါသည်။ ဆက်လက်ရယူလိုပါက မည်သို့မျှပြုလုပ်ရန် မလိုပါ။

 
 
 
 
 
 
 

သတ္တုတွင်းလုပ်ငန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုအားလေ့လာဆန်းစစ်ခြင်း လမ်းညွှန်ချက်မူကြမ်း

 

သတ္တုတွင်းကဏ္ဍ ၏ သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း (SWIA) ၏ နောက်ဆက်တွဲ လုပ်ငန်းအနေဖြင့် မေလ ၂၅ရက်တွင် MCRB သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ အကူအညီဖြင့်   သတ္တုတွင်းလုပ်ငန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုအားလေ့လာဆန်းစစ်ခြင်း လမ်းညွှန်ချက်မူကြမ်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်ကူညီပေးခဲ့သည်။ ၎င်းမူကြမ်းအား အာရှဖွံ့ဖြိုးရေးဘဏ် ၏ကူညီမှုဖြင့် ပြင်ဆင်နေပြီး ဇွန် ၁၅ရက် နောက်ဆုံးထားကာ အကြံပြုချက်များ ပေးပို့နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

သဘောဆန္ဒအလျောက် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ အခြေခံမူ သဘောတရားနှင့်  လူ့အခွင့်အရေး ဆိုင်ရာ ဦးဆောင်ကော်မတီ မြန်မာ

 

သဘောဆန္ဒအလျောက် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ အခြေခံမူ သဘောတရားနှင့်  လူ့အခွင့်အရေး ဆိုင်ရာ ကနဦး ဦးဆောင်ကော်မတီ မြန်မာ ၏ အစည်းအဝေးကို မေ ၂၈ရက် က MCRB တွင် ယူကေ သံရုံးနှင့် တိုတယ် တို့၏ ဦးဆောင်မှုုဖြင့် ကျင်းပခဲ့သည်။ သဘောဆန္ဒအလျောက် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ အခြေခံမူ သဘောတရား ဆိုင်ရာ ကော်မတီဝင် ၁၆ဦးအပါအဝင် အစိုးရ၊ ကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။  ကော်မတီအ စည်းအဝေးတွင် သဘောဆန္ဒအလျောက် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ အခြေခံမူ သဘောတရားနှင့်  လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB အား အကဲဖြတ်ခြင်း

 

၂၀၁၉ခုနှစ်နောက်ပိုင်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဒီဇိုင်းရေးဆွဲရာတွင် အကူအညီပြုနိုင်ရန် နှင့် ၂၀၁၃မှ စတင်ခဲ့သည့် လုပ်ငန်းများကို လွတ်လပ်စွာ အကဲဖြတ်နိုင်ရန် အတွက် အကဲဖြတ်ခြင်းကို ခံယူနေပါသည်။ အကဲဖြတ်မည့်အဖွဲ့သည် ရန်ကုန်မြို့တွင် ၂ ပတ်ကြာ နေထိုင်ပြီး MCRB ၏ ဆက်နွယ်ပတ်သက်သူများကို မေးမြန်းမှုများ ပြုလုပ်မည် ဖြစ်သည်။ မိတ်ဆွေတို့၏ အထောက်အပံ့ပြုမှုသည် အရေးပါသည့်အတွက် ဖြေကြားပေးသော ဆက်နွယ်ပတ်သက်သည့်သူ တစ်ဦးစီတိုင်းကို  ကျေးဇူးတင်ပါသည်။  မိတ်ဆွေကလည်း ပါဝင်ဖြေကြားလိုပါက  မအင်္ဂါမာခူရှီဗာထံ ဆက်သွယ်နိုင်ပါသည်။

 
မအင်္ဂါမာခူရှီဗာထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 
facebook linkedin googleplus