Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

၂၀၁၈ ဇွန်လတွင် အရပ်ဖက်အခြေပြု ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲ  ကလော၌ကျင်းပမည်

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) သည် Hanns Seidel Foundation၊ Myanmar Responsible Tourism Institute (MRTI) နှင့် GIZ တို့နှင့် ပူးပေါင်းကာ ရပ်ရွာလူထုနှင့်  ခရီးသွားလုပ်ငန်းဆိုင်ရာ ကွန်ဖရင့်ကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ဇွန်လ ၆ရက်မှ ၈ ရက်အထိကျင်းမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း ဖွံဖြိုးလာစေရန်အတွက် လုပ်ကိုင်နေကြေ သာ ဒေသခံများ နှင့် ပုဂ္ဂလိကကဏ္ဍ မှစပြီး ပြည်ထောင်စုအဆင့်အထိပါဝင်  သော  ဆက်နွယ်ပတ်သက်သူများအားလုံး အပြန်အလှန် ဆွေးနွေးနိုင် ရန်အတွက် (ပလက်ဖောင်းတစ်ခု) နေရာတစ်ခု ဖုန်တီးပေးခြင်းဖြစ်သည်။

 

 
ကိုဝင်းမင်းထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

နှစ်ရှည်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းတွင် တာဝန်ယူမှုရှိစွာ ရင်းနှီးမြှုပ်နှံခြင်း 

 

(MCRB) သည် Oxfam နှင့်ပူးပေါင်းကာ ကဏ္ဍပေါင်းစုံမှဆက်နွယ်သူများ ပါဝင်သော  “မြေယာအခြေပြု နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိသောရင်နှီးမြှုပ်နှံမှုများ ပေါ်ထွက်လာရေး အလုပ်ရုံ ဆွေးနွေးပွဲ” ကို ရန်ကုန်မြို့တွင် ဧပြီ ၅ရက်က ကျင်းပခဲ့သည်။ ဆီအုန်း၊ ငှက်ပျော၊ ရာဘာ စိုက်ပျိုးရေးတွင် မြန်မာနိုင်ငံမှ အလေ့အကျင့်ကောင်းများနှင့် အလေ့အကျင့်ဆိုး ဥပမာများ ၊ မြေယာသိမ်းယူခြင်း နှင့် ပတ်ဝန်းကျင်ထိခိုက်ခြင်းဆိုင်ရာ စည်းမျဉ်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များ ၊ကို ဦးတည်ကာ ဆွေးနွေးခဲ့ကြပါသည်။ မကြာမီ ထွက်ရှိလာမည့်  (MCRB) နှင့် Oxfam၏ ဥပဒေမူဘောင်ဆိုင်ရာ စာလွှာကို  စောင့်ကြည့်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ဇီဝမျိုးစုံမျိုးကွဲများ ၊လူ့အခွင့်အရေးနှင့် စီးပွား ရေးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်စာလွှာ  အတွက် အကြောင်းအရာပိုင်း ဆိုင်ရာ ထည့်ဝင်မှုနှင့် ဓာတ်ပုံများ အလိုရှိ်

 

မတ်လကပြုလုပ်ခဲ့သည့်  ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ မြန်မာအကြံပေးများအတွက် ဇီဝမျိုးစုံ၊မျိုးကွဲအထူးပြု အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲအတွက် လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ၊လူ့အခွင့်အရေးနှင့် စီးပွား ရေးလုပ်ငန်းဆို်င်ရာ အနှစ်ချုပ်စာလွှာ ဆိုင်ရာ ဆက်နွယ်ပတ်သက်သူများ ပါဝင်သော ဆွေးနွေးမှုအတွက် လည်းကောင်း မှတ်ချက်များကို မေလ နောက်ဆုံးထားပေးပို့ပါရန် (MCRB) ကဖိတ်ခေါ်ပါသည်။ ထို့အတူ အစီရင်ခံစာအတွက် သက်ဆိုင်သော ဓာတ်ပုံများကိုလည်းကောင်း၊ ရေနံ၊သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ ခရီးသွားနှင့် စိုက်ပျိုးရေး အစရှိသော ဦးစားပေး ဖော်ပြရမည့် အစပျိုးလုပ်ဆောင်မှုများ ကိုလည်း ထပ်မံဖြည့်ထည့်

နိုင်ရန်လည်းကောင်း၊ (MCRB)က ရှာဖွေနေပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ သင်တန်းကျင်းပ

 

(MCRB)သည် Enlightened Myanmar Research Foundation (EMReF) နှင့် ပူးပေါင်းပြီး ဧပြီ ၅ရက်က တနင်္သာရီတိုင်းဒေသကြီး မှ ကိုယ်စားလှယ်အချို့ကို  “လူမှု၊ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းများ က တာဝန်ယူမှုရှိသော၊ ရေရည်တည်တံ့ခိုင်မြဲသော ဖွံဖြိုးမှုတွင်မည်သို့ ပါဝင်န်ိုင်သနည်း ”ဟူသော ခေါင်းစဉ်ဖြင့်  ၂ရက်တာ သင်တန်းပို့ချခဲ့သည်။ ခရီးသွား၊ သတ္တုတွင်းနှင့်  ဆီအန်ုးကဏ္ဍများကို ဦးစားပေးဖော်ပြခဲ့သည်။ MCRB သည် လွှတ်တော်၊ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများအတွက် သင်တန်းများ ပို့ချရခြင်း၊ အခြားအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရခြင်းများကို ဂုဏ်ယူဝမ်းမြောက်ပါသည်။

 
ကိုအောင်ကျော်စိုးထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

MCRB အား အကဲဖြတ်ခြင်း

 

MCRB ၏ ၂၀၁၃ခုနှစ်မှ စတင်ခဲ့သည့် လုပ်ငန်းများကို လွတ်လပ်စွာ အကဲဖြတ်ရန်နှင့် ၂၀၁၉ခုနှစ်နောက်ပိုင်းတွင် ဆက်လုပ်လုပ်ကိုင်ရမည့် လုပ်ငန်းများအတွက်အစီအစဉ် ဒီဇိုင်းများကို အထောက်အကူပြုနို်င်ရန် ပြင်ဆင်နေပါသည်။ အကဲဖြတ်မည့် အဖွဲများမကြာမီ ရောက်ရှိလာကာ ဌာနမှ လုပ်ကိုင်နေမှုများ အပေါ် ၄င်းတို့၏ အမြင်များ ရှာဖွေမည် ဖြစ်ပါသည်။ ဌာနနှင့် သက်ဆိုင်သည်များကို ပါဝင်အကြံပြုထည့်ဝင်လိုသည်များရှိပါက အင်္ဂါ မာခူရှီဗာ ထံဆက်သွယ်နိုင်ပါသည်။ 

 
အင်္ဂါ မာခူရှီဗာ ထံဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

မြေယာ အနှစ်ချုပ်စာလွှာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပမည်

 

၂၀၁၅ခုနှစ်က ပထမအကြိမ်ပြုလုပ်ခဲ့သည့် မြေယာအခွင့်အေရေး နှင့်စီးပွားရေးလုပ်ငန်း အနှစ်ချုပ်စာလွှာကို ခေတ်နှင့်အညီပြုပြင်နိုင်ရန် နှင့် ဆက်လက်ဖြစ်ပေါ်နေသည့် စီးပွားရေးဆုံးရှုံးနိုင်ခြေ နှင့် လူ့အခွင့်အရေးအပေါ် အကျိုးသက်ရောက်မှုတို့ကို မျှဝေနိုင် ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို မေ ၂၂ ရက်တွင်ကျင်းပမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

 
မော်နီကာ ထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

အချက်အလက်ကာကွယ်မှုနှင့် လုံခြုံမှု

 

သတင်းလွှာများ ဆက်လက်လက်ခံလိုခြင်းရှိမရှိိကို မေးမြန်းမည့် အီးမေလ်း မကြာမီ သင်လက်ခံရရှိပါလိမ့်မည်။ ယင်းသို့ပေးပို့ခြင်းသည် ဥရောပသမဂ္ဂ၏ အထွေအထွေ အချက်အလက် ကာကွယ်ရေး စည်းမျဉ်း အတိုင်းလိုက်နာကျင့်သုံးတာဝန်ခံ ဆောင်ရွက်ကြောင်း သေချာစေခြင်း ဖြစ်ပါသည်။ သတင်းလွှာကို လက်ခံရယူလိုခြင်းရှိမရှိ ရွေးချယ်ခွင့်ရရှိမည်ဟု ယုံကြည်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus