Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ဝေ

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ လေးခုမြောက် SWIA  ဖြစ်သည့် သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ ကိုမတ်လ (၈) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၄င်း သည် တိုင်းနှင့် ပြည်နယ် (၈)ခု မှ ထုံးကျောက်၊ ရွှေနှင့် ခဲမဖြူတို့ကို ဦးတည် ပြီး  ကွင်းဆင်းသုတေသနများ ပြုလုပ်ထားသည်။ ထို့အပြင် ဥပဒေနှင့် မူဝါဒရေးရာ လေ့လာဆန်းစစ်မှုများနှင့် ၊ အစိုးရ၊ ကုမ္ပဏီများ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစညး်များ၊ နှင့် အခြားသူများကို  မြန်မာ့သတ္တုတွင်းကဏ္ဍ ရေရှည်တည်တံ့ရန်အတွက် မည်သို့လုပ်ကိုင်သင့်သည်တို့ကို  အကြံပြုချက်များပါ ထည့်သွင်းတားသည်။ 

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ဇီဝမျိုးစုံ၊ မျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အနှစ်ချုပ်စာလွာ အတွက်  အကြံပြုမှတ်ချက်များ  တောင်းခံခြင်း 

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည်ဇီဝမျိုးစုံ၊ မျိုးကွဲများ၊ လူ့အခွင့်အရေးနှင့်စီးပွားရေး လုပ်ငန်းဆိုင်ရာ အနှစ်ချုပ်စာလွာ အတွက် တွေ့ဆုံမေးမြန်းအကြံတောင်းခံခြင်းကို Helmsley Trust ၏ ထောက်ပံ့မှုဖြင့် ပြုလုပ်မည် ဖြစ်ပါသည်။ အနှစ်ချုပ်စာလွှာ၏ ရည်ရွယ်ချက်မှာ  
အဓိကကျသည့် ထိရှလွယ်သော  ဇီဝမျိုးစုံ မျိုးကွဲများ ဆိုင်ရာ ကိစ္စရပ်များကို အထူးသဖြင့်

ရေနံ ၊ သဘာဝဓာတ်ငွေ့၊  သတ္တုတွင်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားကဏ္ဍများတွင် လုပ်ကိုင်နေသော ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီများ သတိပြုမိစေရန်  ဖြစ်သည်။ ဆက်နွယ်ပတ်သက်သူများ နှင့် တွေ့ဆုံမေးမြန်းအကြံတောင်းခံခြင်းကို ၂၀၁၈ မတ်၂၀ရက်တွင် ကျင်းပမည် ဖြစ် ပြီးတက်ရောက်ရန်လည်း ဖိတ်ခေါ်ပါသည်။  အနှစ်ချုပ်စာလွှာ မူကြမ်းကို အင်္ဂလိပ်ဘာသာ ဖြင့် MCRB ဝက်ဆိုဒ်တွင် ရယူနိုင်ပြီး မကြာမီတွင် မြန်မာဘာသာနှင့်လည်း ရရှိနိုင်မည် ဖြစ်သည်။ အကြံပြုချက်များ ပေးပို့လိုပါက ၂၀၁၈ ဧပြီ ၂၂ ရက်နောက်ဆုံးထားပြီး ပေးပို့စေလိုပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ အကြံပေးများအတွက် ဇီဝမျိုးစုံ မျိုးကွဲ အထူးပြု အလုပ်ရုံဆွေးနွေးပွဲ မကြာမီပြုလုပ်မည်ဖြစ်

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် မတ်လ(၁၉) ရက်တွင်  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ မြန်မာအကြံပေးများအတွက် ဇီဝမျိုးစုံ မျိုးကွဲ အထူးပြု အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ရန် စီစဉ်ထားပါသည်။  အလုပ်ရုံဆွေးနွေးပွဲကို IFC  performance standard (6) -စွမ်းဆောင်ရည် စံအမှတ် (၆) ကို ကျွမ်းကျင်သည့် ပညာရှင်ဖြစ်သူ Sally Johnson နှင့် အခြားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီများမှ ပညာရှင်များ ကဦးဆောင်ကျင်းပမည် ဖြစ်သည်။ တက်ရောက်လိုပါက အင်္ဂါ ထံဆက်သွယ်ပေးပါရန်။

 
အင်္ဂါ မာခူရှီဗာ ထံဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

သဘောဆန္ဒအလျောက်ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ အခြေခံမှု သဘောတရား နှင့် လူ့အခွင့်အရေး ( Voluntary Principles on Security and Human Rights)  ဆိုင်ရာ ဆွေးနွေးပွဲ

 

ဖေဖော်ဝါရီ ၂၈တွင်  မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)နှင့်  Peace Nexus တို့က ပူးတွဲပြီး သဘောဆန္ဒအလျောက်ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ အခြေခံမှု သဘောတရား နှင့် လူ့အခွင့်အရေး ( Voluntary Principles on Security and Human Rights)  ဆိုင်ရာ ဆွေးနွေးပွဲကို  ကျင်းပမည်ဖြစ်သည်။ အကြံပေးဖြစ်သူ David Nyheim၏ ကနဦးလေ့လာမှုအရ  တွေ့ဆုံမေးမြန်းအကြံတောင်းခံခြင်းကို ၁၀ရက် ပြုလုပ်ပြီး ဆွေးနွေးပွဲကို ကျင်း   ပခြင်း  ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

၂၀၁၈ ပွင့်သစ်စကို မတ်လတွင် ထုတ်ဝေမည်

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည်  ၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာကို    မတ္လ ၂၆ ရက်တွင် ထုတ်ဝေမည် ဖြစ်သည် ။ ၄င်းအစီရင်ခံစာသည် ASEAN Corporate Governance Scorecard ၏ မေးခွန်းများကို အခြေခံထားပြီး Yever

နှင့် တွဲဖက်လုပ်ကိုင်ကာ  အကြီးစားနှင့် အလတ်စား ကုမ္ပဏီ ၁၇၅ခု တို့၏ ပွင့်လင်းမြင်သာမှုနှင့် စီးပွားရေးလုပ်ငန်း၏ စီမံအုုပ်ချုပ်မှုကို အကဲဖြတ် ခဲ့သည် ။  ပိုမိုသိရှိလိုပါမ ဖြူဖြူဇင် ထံ ဆက်သွယ်နိုင်ပါသည်။ 
 
မဖြူဖြူဇင် ထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူုပြုဌာန (MCRB) က တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ မူကြမ်းအတွက် သဘောထားများတင်ပြ

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူုပြုဌာန (MCRB) က တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ (Universal Service Strategy )မူကြမ်းအတွက် သဘောထားများကို  ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး  ဝန်ကြီးဌာနကို တင်ပြထားသည်။
MCRB သည်

တင်ပြထားသည့် တပြေးညီဝန်ဆောင်မှု ရံပုံငွေ (Universal Service Fund – USF)   စီမံအုပ်ချုပ်မှု တွင် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့်  ၄င်းတွင် ပါဝင်သည့် စားသုံးသူများ၏ စိတ်ဝင်စားမှုဆိုင်ရာတို့ကို  တင်ပြထားသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB ၏ကျားမမတူကွဲပြားမှုဆိုင်ရာများတွင် လုပ်ကိုင်မှု

 

MCRB သည် ဖေဖော်ဝါရီ (၉) ရက်တွင် နော်ဒစ် သံရုံးများက ကျင်းပသည့်  Nordic Day အခမ်းအနားတွင် ကျားမ မတူကွဲပြားမှုဆိုင်ရာများနှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်များကို တင်ပြခဲ့သည်။ MCRB သည်နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံတို့၏ ထောက်ပံ့ပေးမှုလည်း ရယူထား ပြီး ဆွီဒင်သံရုံးနှင့်လည်း   digital rights  ဖိုရမ်ကိုလည်း ကျင်းပခဲ့သည်။ MCRB သညျ မတ်လ (၉) ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင်လည်း ပါဝင်ခဲ့သည်။ 

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus