Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

မသန်စွမ်သူများ အလုပ်အကိုင်ပိုမိုရရှိရေးအတွက်  ဆောင်ရွက်

 

မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရနိုင်ရန်အတွက် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ( ILO) တို့ပူးပေါင်းပြီး  နိုဝင်ဘာ ၂၁ရက်က ဆက်နွယ်ပတ်သက်သူများအားလုံးပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် မသန်စွမ်းသူများ အတွက် ဆောင်ရွက်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများ ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ စုစုပေါင်း တစ်ရာဦးခန့်တက်ရောက်ခဲ့သည်။ ၄င်းအလုပ်ရုံဆွေးနွေးပွဲမတိုင်မီ နိုဝင်ဘာ ၂၁ရက်က လည်း မသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးဆိုင်ရာ သင်တန်းကို လည်း ကျင်းပခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာဆန်းစစ်လေ့လာမှု (EIA) အကြံပေးသူများ အတွက် အလုပ်ရုံဆွေးနွေးပွဲ

 

MCRB သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန  ။ Vermont Law School တို့နှင့် ပူးပေါင်းကာ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာဆန်းစစ်လေ့လာမှု (EIA) အကြံပေးသူ ၄၀ခန့် တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခဲ့သည်။ လူမှုပတ်ဝန်းကျင် အထူးသဖြင့် လူအများအပေါ်ထိခိုက်မှု၊ လူထုပါဝင်ဆွေးနွေးမှု၏ တန်ဖိုးနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်း အကြောင်းကို ဦးတည်ဆွေးနွေးခဲ့သည်။ ၄င်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း နည်းလမ်း များ လက်ခံအသုံး ပြုချိန်မှ စပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အကြံပေးသူများ နှစ်ဘက်စလုံကြုံတွေ့ရသည့် စိန်ခေါ်မှုများလည်း ဆွေးနွေးနိုင်ခဲ့သည်။  ဇီဝမျိုစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုေ လ့လာဆန်းစစ်ခြင်းဆို်င်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကို ၂၀၁၈တွင်အစောပိုင်းတွင် ဆက်လက်ကျင်းပဦးမည် ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုရန်
 
 
 
 
 
 

ကျောက်ဖြူ သင်တန်း

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်တို့၌ MCRB အဖွဲ့သားများသည် “ တာဝန်ယူမှု၊တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းနှင့်  အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို Scholor Instituteနှင့်  Oxfamတို့ဖြင့် ပူးပေါင်းကျင်းပကာ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို သင်တန်းပို့ချခဲ့သည်။ ကျောက်ဖြူဒေသခံအဖွဲ့အစည်းများမှ  ၂၅ဦးခန့်တက်ရောက်ခဲ့ပြီး ကျောက်ဖြူဒေသတွင် တာဝန်ယူမှုရှိသော စီးပွားရေး အလေ့အကျင့်များပေါ်ထွန်းလာစေရန် မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဆွေးနွေးခဲ့ကြသည်။  “ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှု ဖြစ်ထွန်းအောင် ကျောက်ဖြူဒေသတွင် ဆောင်ရွက်ခြင်း” ကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကို သင်တန်းပေးခဲ့သည်။

 
 
 
 
 
 
 

ဇန်နဝါရီ ၁၈၊၁၉ တွင်ကျင်းပမည့် Digital Rights Forum

 

MCRBသည် Engage Media၊ Freedom of Expression Myanmar၊ ဖန်တီးရာ၊ Myanmar ICT Development Organization (MIDO) တို့နှင့် ပူးပေါင်းကာ ဒုတိယမြောက် Digital Rights Forum ကို ဇန်နဝါရီ ၁၈နှင့် ၁၉တို့တွင် ရန်ကုန်မြို့ရှိ ဖန်တီးရာတွင် ကျင်းပမည်ဖြစ်သည်။ ၄င်းတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာ၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရတို့မှ တက်ရောက်မည် ဖြစ်ပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများလည်း ပါဝင်မည်ဖြစ်သည်။ အွန်လိုင်လုံခြုံမှုပါဝင်သော လွတ်လပ်ခွင့် ၊ တာဝန်ူမှုရှိသော လူမှုကွန်ယက် အသုံးအနှုန်းပါဝင်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ၊ သတင်းအချက် အလက်ရပိုင်ခွင့်နှင့် ကျားမမတူကွဲပြားမှုနှင့် မသန်စွမ်းမှု တို့ ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ ပထမကြိမ် ဖိုရမ်ကို  ၂၀၁၆ ဒီဇင်ဘာတွင် ဆွီဒင် သံရုံး၏ ထောက်ပံ့မှုဖြင့် ဖန်တီးရာ၌ပင်ကျင်းပခဲ့သည်။

 
တက်ရောက်လိုပါက MCRBမှ ဝေဖြိုးမြင့်ထံ ဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

၂၀၁၈ ပွင့်သစ်စ စီမံချက်တွင် ပါဝင်လိုပါသလား။

 

၂၀၁၈ ပွင့်သစ်စ စီမံချက် အစီရင်ခံစာသုတေသန ကို ၂၀၁၇ အောက်တိုဘာ ၃၁ရက်က စတင်ခဲ့သည်။ သုတေသနကို အကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Yever နှင့် တွဲဖက်လုပ်ကိုင်ပြီး အမှတ်ပေးမှုကိုလည်း နည်းလမ်းသစ်အသုံးပြုထားပါသည်။ အမှတ်ပေးမည့် ကုမ္ပဏီများ စာရင်းကို ဝက်ဆိုဒ်တွင်ကြည့်ရှုနိုင်ပါသည်။  အလတ်စားလုပ်ငန်းဖြစ်ပြီး ပွင့်သစ်စတွင် အမှတ်ပေးမှု ခံယူလိုပါက စာရင်းတွင် မပါဝင်သေးပါက  မဖြူဖြူဇင် [email protected] ထံ ဆက်သွယ်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB ၏ အဖွဲ့သား (ဟောင်း)များကို ကြိုဆိုုခြင်း

 

ရေနံ၊သဘာဝဓာတ်ငွေ့နှင့် သတ္တုတွင်းကဏ္ဍတို့၏ ကဏ္ဍအလိုက်သက်ရောက်မှုကို လေ့လာခြင်းတွင် သုတေသနပြုလုပ်ခဲ့ပြီး သတ္တုတွင်းကဏ္ဍ၏ တွဲဖက်တာဝန်ခံအဖြစ်တာဝန်ပြန်လည်ထမ်းဆောင်မည့် MCRB ၏ အဖွဲ့သား(ဟောင်း)တစ်ဦးဖြစ်သော မခင်မို့မို့မြင့် နှင့်  ရေနံ၊သဘာဝဓာတ်ငွေ့၊ICT နှင့် သတ္တုတွင်းကဏ္ဍတို့၏ ကဏ္ဍအလိုက်သက်ရောက်မှုကို လေ့လာခြင်းတွင် သုတေသနပြုလုပ်ခဲ့ပြီး ဆီအုန်းကဏ္ဍအတွက်လည်း အပြီးသတ်ဆောင်ရွက်ပေးမည့်  ကိုလှိုင်မင်းဦး ကိုကြိုဆိုပါသည်။ 

အော်ရီဂွန်တက္ကသိုလ်မှ မကြာမီက ပြန်လည်ရောက်ရှိလာပြီး ICT နှင့် ခရီးသွားကဏ္ဍများတွင် တွဲဖက်တာဝန်ခံအဖြစ် ဆောင်ရွက်မည့် ကိုဝင်းမင်းကိုလည်း ကြိုဆိုပါသည်။
 
 
 
 
 
 
 

နှစ်သစ်ကူး နှုတ်ခွန်းဆက်

 

MCRB ၏ ဆက်နွယ်ပတ်သက်သူအားလုံးကို ခရစ်စမတ်နှင့် နှစ်သစ်ကူးအတွက် နှစ်သစ်ကူး ဆုမွန်တောင်းအပ်ပါသည်။ ၂၀၁၈တွင်လည်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဆိုင်ရာတို့ကို အတူလက်တွဲလုပ်ကိုင်ရန် မျှော်လင့်ပါသည်။

 
 
 
 
 
 
 
facebook linkedin googleplus