Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

စီးပွားရေးလုပ်ငန်းများနှင့် မသန်စွမ်းသူများဆိုင်ရာ အစည်းအဝေး မကြာမီပြုလုပ်မည်။

 

စီးပွားရေး လုပ်ငန်းများတွင် မသန်စွမ်းသူများ ပါဝင်ရေးအတွက် ဆွေးနွေးမည့် အစည်းအဝေးနှစ်ခုကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က နိုဝင်ဘာလ အတွင်းပြုလုပ်မည် ဖြစ်သည်။ ပထမအစည်းအဝေးကို နိဝင်ဘာလ ၂၀ရက်တွင်  ပြုလုပ်ရန်ရည်ရွယ်ထားပြီး အဓိက လုပ်ငန်းကြီးများမှ လူ့စွမ်းအားအရင်းအမြစ်တာဝန်ခံများတက်ရောက်ကာ မသန်စွမ်းသူများ ပိုမိုပါဝင်နိုင်သည့် လုပ်ငန်းခွင်များ ဖြစ်လာစေရန် ဆွေးနွေးမည်ဖြစ်သည်။  နိုဝင်ဘာ ၂၁ရက်တွင် ဆက်နွယ်ပတ်သက်သူများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး ၂၀၁၅ မသန်စွမ်းဥပဒေတွင် ဖော်ပြထားသည့် မသန်စွမ်းသူ ၂ရာနှုန်း မဖြစ်မနေကိုတာ ထားရှိရမည့် စည်းမျဉ်းများ နှင့် မူဝါဒများကို ဆွေးနွေးကြမည် ဖြစ်သည်။

 
တက်ရောက်လိုပါက မစုမြတ်နွယ်ထံ ဆက်သွယ်ပါရန်။ [email protected]
 
 
 
 
 
 

၂၀၁၈ ပွင့်သစ်စ စီမံချက်တွင် ပါဝင်လိုပါသလား။

 

၂၀၁၈ ပွင့်သစ်စ စီမံချက် အစီရင်ခံစာကို အာဆီယံ စီးပွားရေးလုပ်ငန်းစီမံအုပ်ချုပ်မှု အမှတ်ပေးစည်းမျဉ်းနှင့်အညီ အမှတ်ပေးမည်ဖြစ်ရာ ၄င်းကို အခြေခံပြီး အမှတ်ပေးစည်းမျဉ်းကိုလည်း ပြင်ဆင်သွားမည်ဖြစ်သည်။ စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီများ၊မြန်မာ့စီးပွားရေးကို  လွှမ်းမိုးမှုရှိသော ကုမ္ပဏီများနှင့် မိမိဆန္ဒအလျောက်အမှတ်ပေးခံယူလိုသောကုမ္ပဏီများ စုစုပေါင်း  မြန်မာကုမ္ပဏီပေါင်း ၂၀၀ နီးပါးကို အမှတ်ပေးမည် ဖြစ်သည်။ MCRB နှင့် ပူးတွဲဆောင်ရွက်မည့်လုပ်ငန်းမှာ မြန်မာစီးပွားရေးအတိုင်ပင်ခံလုပ်ငန်း တစ်ခုဖြစ်သည့် Yever  ဖြစ်သည်။ သင့်လုပ်ငန်းက အလတ်စားလုပ်ငန်းဖြစ်ပြီး ပွင့်သစ်စတွင် အမှတ်ပေးမှု ခံယူလိုပါက မဖြူဖြူဇင် [email protected] ထံ ဆက်သွယ်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

စီးပွားရေးလုပ်ငန်း၏ လူမှုရေး တာဝန်ယူမှုတွင် မဖြစ်မနေလုပ်ဆောင်ရမှုနှင့် ဆန္ဒအလျောက်လုပ်ဆောင်ရမှု ကွားခြားပုံ။

 

MCRBသည် WWF မြန်မာ၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန တို့နှင့် ပူပေါင်းကာ နေပြည်တော် တွင် လေ့ကျင်ရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့သည်။ ၄င်းသည် သတ္တုတွင်းကဏ္ဍ၏  ပတ်ဝန်းကျင် နှင့် လူမှုရေး သက်ရောက်မှု လေ့လာဆန်းစစ်ချက် နှင့် စီမံခန့်ခွဲမှုတို့အကြောင်းဖြစ်ပြီး ကုမ္ပဏီက ၄င်းလုပ်ငန်းကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရန်အတွက် လူမှုရေးလိုင်စင် (social license- လုပ်ငန်းလုပ်ကိုင်ရန် ဒေသက လက်ခံသည့်အနေအထား) တိုးတက်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ၄င်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် မသဲကွဲ မရှင်းလင်းကြောင်း၊  အကျိုးသက်ရောက်မှုကို ဖြေရှင်းခြင်းနှင့် လူမှုရေးလိုင်စင်ရရှိရန် ဆောင်ရွက်ခြင်းတို့ ကွာခြားကြောင်း  တို့ပါဝင်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေး ဥပဒေ မူကြမ်းအတွက် အကြံပြုေဝေဖန်ချက်များ ပေးပို့်

 

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရေးအဖွဲ့၏ တွဲဖက်ဦးဆောင်သူများဖြစ်ကြသော MCRBနှင့် AustChamတို့သည် လွှတ်တော်တွင် ရောက်ရှိနေသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေး ဥပဒေမူကြမ်းအတွက်  အကြံပြုချက်များ ပူးပေါင်းရေးသားကာ အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်  ပေးပို့ထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မကြာမီ ပြုလုပ်မည်ဇီဝမျိးစုံမျိုးကွဲများ၊လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်စာလွှာ

 

MCRB သည် ဇီဝမျိုးစုံ မျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အနှစ်ချုပ်စာလွှာအတွက် တွေ့ဆုံမေးမြန်း အကြံတောင်းခံခြင်းကို  မကြာမီပြုလုပ်မည် ဖြစ်သည်။ ၄င်းကို Helmsley Trust ကပ့ံပိုးပေးပြီး ပိုမိုသိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 
Inga Makusheva ထံဆက်သွယ်ပါရန်။
 
 
 
 
 
 

ရခိုင်ဒေသ နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း

 

MCRB ၏ဒါရိုက်တာ ဗစ်ကီဘိုမန်သည် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကို  စီးပွားရေးလုပ်ငန်းများက ဥပဒေနှင့်မညီသော ၊မှားယွင်းသော အပြုအမူမျိုးမဖြစ်အောင် နှင့် မြောက်ပိုင်းရခိုင်ဒေသရှိ  အကြပ်အတည်းများ တွင်  ကောင်းမွန်သော သက်ရောက်မှုများ ဖြစ်ပေးစေရန် မည်သို့ ဆောင်ရွက်ရမည် ဆိုသော အကြံဉဏ်များကို Mizzima အင်တာဗျူးတွင်  အနှစ်ချုပ်ပြောဆိုခဲ့သည် ။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ကျောက်ဖြူတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော Scholar Institute  ပြုလုပ်သည့်  “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းနှင့် ဒေသခံများကို ညှိနှိုင်းဆွေးနွေးခြင်း” အလုပ်ရုံဆွေးနွေးပွဲ ကို MCRB မှ ကိုအောင်ကျော်စိုးနှင့် မနှင်းထက်ထက်အောင်တို့က ပံ့ပိုးကူညီခဲ့သည်။  ကျေးရွာပေါင်း ၂၁ရွာမှ တက်ရောက်သူ ၄၀ ကျော်တက်ရောက်ခဲ့ပြီး ကျောက်ဖြူဒေသရှိ လက်ရှိ နှင့်  ရည်မှန်းထားသော ရင်းနှီးမြှုပ်နှံမှုများ အတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အဓိပ္ပါယ်ကို ဖွင့်ဆိုခြင်းများကို ဆွေးနွေးခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB လျှောက်လှမ်းမှုအချို့

 

၂၀၁၈ ဇန်နဝါရီ ၁၈၊၁၉တွင် MCRB က ပူးတွဲကျင်းပမည့် ဒုတိယအကြိမ်မြောက် မြန်မာဒီဂျစ်တယ်အခွင့်အရေး ဖိုရမ်ပြင်ဆင်ရေးအတွက် Yogjakartaတွင် ကျင်းပသည့် အရှေ့တောင်အာရှ ဒီဂျစ်တယ်အခွင့်အရေးဖိုရမ်သို့မဝေဖြိုးမြင့် တက်ရောက်ခဲ့သည်။ ထို့အတူ မနှင်းဝတ်ရည်သည်လည်း တရုတ်နိုင်ငံတွင် ကျင်းပသည့် Fenfang Culture Institute and Shaoyang Environment Protectionမှ ဦးစီးသော အရှေ့တောင်အာရှ မှ ရင်းနှီးမြှုပ်နှံမှုများနှင့် တာဝန်ယူ မှုရှိသော “ စီးပွားရေးလုပ်ငန်းနှင့် အများပြည်သူဆိုင်ရာ” စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus