Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးအတွက် လမ်းညွှန်အသစ်

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၏ အနှစ်ချုပ်စာ လွှာသစ် (မြန်မာဘာသာနှင့်ရော အင်္ဂလိပ်ဘာသာနှင့်ပါ ဒေါင်းလုပ်ရရှိနိုင်ပြီး ရုံးတွင်လည်း စာအုပ်လာရောက်ယူနိုင်ပါသည်။) သည် စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းခွင်များတွင် ပါဝင်ရန်(ခွဲခြားထားမှုမရှိရန်)အကြံဉ ာဏ်များ ပေးပါသည်။ဥပမာ-ကုန်စည်ထုတ်လုပ်မှုနှင့် ကြော်ငြာများ။ ၄င်းအနှစ်ချုပ်စာလွှာသည် အမျိုးသမီးများ၊ အမျိုးသမီးချင်းချစ်သူများ အမျိုးသားချင်းချစ်သူများ၊အမျိုးသမီးရော အမျိုးသားနှစ်ဦးစလုံးကို ချစ်သူများနှင့် ဆန့်ကျင်ဘက်လိင်ကဲ့ သို့ပြောင်း လဲခံယုူနေထိုင်သူများ၊ HIVရောဂါသည်များ၊မသန်စွမ်းသူများ၊ တိုင်းရင်းသားလူနည်းစုများ နှင့် ကိုးကွယ်ရာ ဘာသာ လူနည်းစု၊အပေါ်ခွဲခြားဆက်ဆံခြင်းများနှင့်ပတ်သက်ပြီး တင်ပြထားပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

လုပ်ငန်းခွင်တွင် ဆိုရှယ်မီဒီယာအသုံးပြုခြင်း

 

ဝန်ထမ်းများ၏ ဆိုရှယ်မီဒီယာအသုံးပြုမှုဆိုင်ရာ မူဝါဒအတွက် ရှာဖွေနေပါသလား။ workable.com မှ အခမဲ့ အသုံးပြုနိုင်သည့် ပုံစံများကိုအသုံးချနိုင်ရန် ထောက်ခံအကြံ ပြုပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ကဏ္ဍအလိုက်သက်ရောက်မှုကို ဆန်းစစ်ခြင်း အစီရင်ခံစာ မြန်မာဘာသာဖြင့်ရနိုင်

 

၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော(MCRB)၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ကဏ္ဍအလိုက်သက်ရောက်မှုကို ဆန်းစစ်ခြင်း အစီရင်ခံစာကို အွန်လိုင်းပေါ်တွင် မြန်မာဘာသာဖြင့်ရနိုင်ပြီ ဖြစ်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ဆီအုန်းကဏ္ဍအတွက် ကွင်းဆင်းသုတေသနများ ထပ်မံပြုလုပ်

 

(MCRB)သည် ဆီအုန်းကဏ္ဍအတွက် ဒုတိယမြောက် ကွင်းဆင်းသုတေသနပြီးစီးခဲ့ ပြီဖြစ်သည်။ သုတေသနအဖွဲ့သည် ဆီအုန်းစိုက်ပျိုးမှုကြောင့် အကျိုးသက်ရောက်မှု ခံစားခဲ့ရသော တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းနှင့် မြိတ်ဒေသများမှ လူထုထံ သွားရောက်ကာ တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အတူ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီများနှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့်ရပ်ရွာအခြေပြုလူထုအဖွဲ့အစည်းများကိုပါတွေ ့ဆုံမြေး မန်း ခဲ့သည်။ ဆီအုန်းကဏ္ဍ၏ ကဏ္ဍအလိုက်သက်ရောက်မှုကို ဆန်းစစ်ခြင်း အစီရင်ခံစာကို လအနည်းငယ်အတွင်းတွင် ရရှိနိုင်မည် ဖြစ်ပါသည်။

 
ထံဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍပွင့်လင်းမြင်သာမှုတိုးမြင့်ရေး

 

(MCRB)သည် မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍတွင် ဆက်နွယ်ပတ်သက်သူများပါဝင်သည့် လုပ်ဆောင်ချက်ဖြစ်နိုင်ခြေရှိမရှိကို ဆောက်လုပ်ရေးကဏ္ဍပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (CoST) နှင့်ဆွေးနွေးခဲ့သည်။ (CoST)၏ရည်ရွယ်ချက်မှာ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုတွင် ပွင့်လင်းမြင်သာမှုတိုးမြှင့်ရန်ဖြစ်သည်။ လက်ရှိတွင် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့်ဗီယက်နာမ်တို့တွင် လုပ်ကိုင်နေသည်။ သင်သည် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်ပါက သို့မဟုတ်လေ့လာရန် စိတ်ပါဝင်စားပါက MCRB ကို ဆက်သွယ်နိုုင်ပါသည်။

 
ထံဆက်သွယ်နိုုင်ပါသည်။
 
 
 
 
 
 

မြန်မာနိုင်ငံမှဇီဝမျိုးစုံမျိုးကွဲများ၊လူ့အခွင့်အရေးနှင့်စီးပွားရေးလုပ်ငန်းများ အကြောင်း စိတ်ဝင်စားပါသလား။

 

(MCRB)သည်မကြာမီကာလအတွင်းမြန်မာနိုင်ငံမှဇီဝမျိုးစုံမျိုးကွဲများ၊လူ့အခွင့် အရေးနှင့်စီးပွား ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အနှစ်ချုပ်စာလွှာတစ်စောင် ထုတ်ဝေရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်းမျာ ပြုလုပ်မည် ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက ဆက်သွယ်နိုင်ပါသည်။

 
ထံဆက်သွယ်နိုင်ပါသည်။
 
 
 
 
 
 

အသေးစား၊အလတ်စားလုပ်ငန်းများကို စည်းကြပ်ခြင်း- အထောက်အပံ့ဖြစ်စေလား၊ အခက်အခဲဖြစ်စေသလား။

 

(MCRB)၏ဒါရိုက်တာ ဗစ်ကီဘိုမန်သည်မဇ္ဈိမ မဂ္ဂဇင်း၏ အသေးစား၊အလတ်စားလုပ်ငန်းများအချပ်ပိုအတွက် ရေးသားပေးခဲ့သည်။ ၄င်းတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ဥပဒေမူဘောင်များရှုပ်ထွေးမှု၊ နှင့် ထိရောက်စွာအသိပညာပေးနိုင်မည့်အဖွဲ့အစည်းလိုအပ်နေမှုတို့ကို မီးမောင်းထိုးဖော်ပြထားသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

တိုင်းရင်းသားများနေထိုင်ရာ ဒေသများမှ ကြီးမားသောရေအားလျှပ်စစ်စီမံကိန်းများတွင် အများပြည်သူ၊ ကျားမ မတူကွဲပြားသူတို့ ပါဝင်ခြင်း

 

(MCRB)၏ သုတေသနနှင့် ဒေသဆိုင်ရာဆက်ဆံရေးတာဝန်ခံနှင်းဝတ်ရည်သည် MK 31 Nu-Thanlwin-Salween လေ့လာရေးစီမံချက် ၂၀၁၆၊၂၀၁၇ တွင် ပါဝင်ခဲ့ပြီး ၄င်းလေ့လာချက်ကို ကျားမမတူကွဲပြားမှု၊ ရေအားလျှပ်စစ် မူဝါဒအကျဉ်းချုုပ် ဟူ၍ ထုတ်ဝေခဲ့သည်။ ၄င်းကို Chulalongkorn တက္ကသိုလ် the Centre for Social Development Studies (CSDS) ဌာနကဦးဆောင်ပြီး သံလွင်မြစ်ဝှမ်းဒေသ မှ ဒေသတွင်းဖွံံဖြိုးတိုးတက်ရေးနှင့်ရေစီမံအုပ်ချုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တွင် ပညာရှင်များ ဖြစ်ပေါ်တိုးတက်လာရေးအတွက်ထောက်ပံ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus