Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

စီးပွားရေးလုပ်ငန်းများ ၏ ဂုဏ်သိက္ခာတည်ဆောက်ခြင်း အပေါ်တွင် လက်တွေ့ အလုပ်ရုံဆွေးနွေးပွဲ။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB သည် ကုလသမ္မဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (the UN office of Drugs and Crime, UNODC) နှင့် ပူးပေါင်း၍
ကုမ္ပဏီအတွင်း အလေ့အကျင့်များ နှင့် စုပေါင်း လုပ်ဆောင်ချက်များ မှ တဆင့် အကျင့်ပျက်ခြစားမှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို လျော့ချရန် နှင့် အကျင့်ပျက်ခြစားသည့် အလေ့အကျင့်များကို ခုခံရန်၊ စီးပွားရေးလုပ်ငန်း ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် လက်တွေ့ကျသည့် နည်းလမ်းများကို ဖော်ထုတ်သွားရန် အတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ပါဝင်ဆွေးနွေး တက်ရောက်ခဲ့ကြသူများမှာ အယောက် ၆၀ ဝန်းကျင် ရှိပြီး အများစုမှာ မြန်မာကုမ္ပဏီ များ မှ ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

DaNa မှ တဆင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ကို DFID ဆက်လက်ထောက်ပံ့။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန နှင့် DaNa အဖွဲ့အစည်း တို့သည် နိုင်ငံတဝန်း တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ ကို အားပေးအားမြှောက်ပြုရန်၂၀၁၇-၂၀၁၈ ခုနှစ် အတွက် ၂ နှစ်စာ အမေရိကန် ဒေါ်လာ ၁.၂ သန်း နီးပါး ငွေကြေးအထောက်အပံ သဘောတူညီချက်ကို လတ်မှတ်ရေးထိုးခဲ့ပါသည်။ DaNa အဖွဲ့၏ ခေါင်းဆောင် Peter Brimble  က - “ DaNa မှ စတင်လုပ်ဆောင်မည့် နိုင်ငံတော်အဆင့် နှင့် တိုင်းပြည်နယ်အဆင့် ရှိ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို ပြန်လည် ပြုပြင်ပြောင်းလဲမည့် လုပ်ငန်းဆောင်ရွက်ချက်များ       သည် MCRB လုပ်ငန်းစဉ်များ နှင့် အပ်စပ် ကိုက်ညီမှုရှိရုံ သာမက ပုဂ္ဂလိက ကဏ္ဍ နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အတွက်လည်း အကူအညီ များစွာဖြစ်လှပေသည်။” ဟုပြောသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နှင့် ကော်ပိုရိတ် လူမှုရေးတာဝန်ယူမှု - အဓိက အရေးပါသည်မှာ “ဘယ်လောက်” ဆိုသည်ထက် “ဘယ်လိုနည်းနဲ့လဲ”  သည် ဖြစ်။

 

Japanese International Cooperation Agency (JICA) မှ ဦးစီးကျင်းပသည့် “ပုဂ္ဂလိက နှင့် အများပိုင် ဖွံဖြိုးတိုးတက်မှုများ အတွက် ထည့်သွင်းစဉ်းစားရန် ကောင်းမွန်သည့် လူမှုရေး အလေ့အကျင့်များ” နှစ်ရက်တာ ဆွေးနွေးပွဲ တွင် ဗဒ်ကီ ဘိုမန် သည် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ဆောင်ချက် နှင့် လုပ်ငန်းလည်ပတ်နို်င်ခွင့် လူမှုရေး လိုင်စင် (social license to operate)  အကြောင်းတို့ ကို ပြောကြားခဲ့ပါသည်။

တာဝန်ယူမှု ရှိသော စီးပွားရေး လုပ်ဆောင်ချက် တွင်  စိတ်ဆန္ဒ အရ လုပ်ဆောင်ချက် နှင့် တာဝန်ဝတ္တရားအရ လုပ်ဆောင်ချက် တို့ အကြား ကွဲပြားမှုသည် အရေးကြီးကြောင်း မီးမောင်းထိုး အဓိကထား ပြောကြားခဲ့သည်။ ထိုနည်းတူ “ကုမ္ပဏီမှ လူမှုရေး တာဝန်ယူမှု (CSR) အပေါ်တွင် မည်မျှ အကုန်ကျခံမည် နည်းဆိုသည်” နှင့် “ကုမ္ပဏီသည် မည်သို့ တာဝန်ယူမှုရှိမည်နည်း နှင့် အကျိုးစီးပွားမျှဝေခြင်း ကို မည်သို့ ဖန်တီးမည်” တို့ အကြား ခွဲပြားခြားနားချက်ကို ကိုလည်း မီးမောင်းထိုး ပြောကြားခဲ့သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ၏ ဆီအုန်းကဏ္ဍ အပေါ် ကွင်းဆင်းသုတေသန ပြုလုပ်ခြင်း ပထမခြေလှမ်း  ပြီးမြောက်။

 

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန သည် ၎င်း ၏ ဆီအုန်းကဏ္ဍ အပေါ် ကွင်းဆင်းသုတေသန ပြုလုပ်မှု ၏ ပထမခြေလှမ်းကို ပြီးမြောက်ခဲ့ ပြီး ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန ၏ သုတေသနအဖွဲ့ သည် တနင်္သာရီတိုင်းဒေသ သို့ သွားရောက်ကာ ဆီအုန်းစိုက်ခင်းများ ကို သွားရောက်လေ့လာခဲ့ပြီး၊ မန်နေဂျာများ၊ တာဝန်ခံများ နှင့် စိုက်ခင်းအလုပ်သမားများ နှင့် တွေ့ဆုံကာ စကားပြောဆိုခဲ့ပါသည်။ ယခုလ တွင် သုတေသနအဖွဲ့သည် ထို တိုင်းဒေသသို့ ပြန်လည်သွားရောက်ကာ ဆီအုန်းစိုက်ခင်းများ ၏ သက်ရောက်မှုများကို ခံရသည့် ရပ်ရွာအသိုင်းအဝန်းများ အပေါ် တွင် အာရုံထားရန် လေ့လာမည်။

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန သည် မြန်မာနိုင်ငံရှိ ဆီအုန်းကဏ္ဍတွင် စိတ်ပါဝင်စားသည့် အရပ်ဘက်လူမှု့ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများ ထံမှ အကြံပြုချက်များ၊စကားသံများ ကြားလိုပါသည်။
 
ကျေးဇူးပြု ၍ အင်္ဂါ မကူရှီဗာ ထံသို့ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

ငွေဆောင်ကမ်းခြေ ရှိ သဲများ တူးဖော်ထုတ်ယူခြင်း။

 

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန သည် ငွေဆောင် နှင့် ချောင်းသာ အပါအဝင် ပုသိမ်မြို့နယ် ရှိ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာန မှ အရာရှိများ နှင့်အတူ ငွေဆောင်ကမ်းခြေ တွင် ကမ်းခြေ သဲ တူးဖော်ထုတ်ယူခြင်း ပြဿနာမျာကို ဆွေးနွေးရန် အတွက် ပုသိမ်သို့ သွားရောက်ခဲ့ပါသည်။  Ngwesaung Yacht Club အနီးနား တစ်ဝိုက် ကမ်းခြေ အပေါ်တွင် အဆက်မပြတ် သဲ တူးဖော်ထုတ်ယူခြင်း ကို စောင့်ကြည့် လေ့လာပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် နှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး တို့ ထံသို့ မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန မှ တိုင်ကြားစာများ ပေးပို့ခဲ့ပြီးနောက် ပုသိမ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဌာန မှ ဖိတ်ခေါ်မှု အရ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

၂၀၁၅ တိုင်းရင်းသား လူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အတွက် နည်းဥပဒေ ကြမ်း အပေါ် တွင် မှတ်ချက်များ။

 

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန (MCRB) သည် တိုင်းရင်းသား လူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အတွက် နည်းဥပဒေ မူကြမ်း ဒုတိယ အကြိမ် ပြင်ဆင်ခြင်း အတွက် မှတ်ချက်များ ပေးပို့ နိုင်ရန် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။  လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့် သို့မဟုတ် တိုင်းရင်းသား ဧရိယာ ဒေသများ တွင် လုပ်ကိုင် ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ ၏ သက်ရောက်မှုများ မှ တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး ကို အကာအကွယ်ပြု နိုင်ရန် နှင့် သက်ဆိုင်ဦးတည်သည့် အကြံပြု ထောက်ပံချက်များ လည်း ပေးပို့ထားပြီး ဖြစ်ပါသည်။

အကယ်၍ သင့် အနေဖြင့် လုပ်ဆောင်ချက်များ အကြံပြုချက်များ ပေးအပ်ရန် စိတ်ပါဝင်စားပါက ကျေးဇူးပြု၍ [email protected] ထံသို့ ဆက်သွယ်ပေးပါရန်။

 
ကျေးဇူးပြု၍ မနှင်းဝတ်ရည် ထံသို့ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

ခရီးသွားလုပ်ငန်း ကဏ္ဍ အတွက် ဆောင်ရန်ရှောင်ရန် လက်စွဲ - ထိခိုက်မှု မဖြစ်စေပါနှင့်။

 

ဆောင်ရန်ရှောင်ရန် လက်စွဲ - ထိခိုက်မှု မဖြစ်စေပါနှင့် (Do No Harm: A Toolkit) သည်  မြန်မာနိုင်ငံ တွင် ဟိုတယ်လုပ်ငန်း စက်မှုကဏ္ဍ၊ ခရီးသွားလာရေး နှင့် ခရီးသွားလုပ်ငန်းအတွက် ဝန်ဆောင်မှုများ နှင့် ကုန်စည်များ  တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍သော် လည်းကောင်း ထောက်ပံသည့် စီးပွားရေးလုပ်ငန်းများ၊ အကျိုးမြတ် အတွက် မဟုတ်သည့် အဖွဲ့များ နှင့် အစိုးရ အဖွဲ့အစည်းများ အတွက် ထုတ်လိုက်ခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လ

ည်း လုပ်ကိုင်ဆောင်ရွက်နေသည့် UKAid မှ ထောက်ပံ့ပေးထားသည့် Business Innovation Facility မှ မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုး ဖြင့် ဖြန့်ဝေထုတ်ပြန်ထားပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus