UNODC နှင့် တွဲဖက် ၍ MCRB သည် မြန်မာကုမ္ပဏီများ လုပ်ဖော်ကိုင်ဖက် အချင်းချင်း တစ်ဦးတစ်ယောက် ခြင်းစီ သော်လည်းကောင်း နှင့် စုပေါင်း၍ သော် လည်းကောင်း အကျင့်ပျက် ခြစားမှု ကို တိုက်ဖျက်ရန် အတွက် ကုမ္ပဏီများ အနေဖြင့် လုပ်နိုင်သည့် အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ကျင်းပရန် စီစဉ်လျက် ရှိပါသည်။ အလုပ်ရုံ အဆွေးပွဲ သည် အကျင့်ပျက်ခြစားသည့် အလေ့အကျင့်များ ကို တားဆီးရန် နှင့် အကျင့်ပျက်ခြစားရာမှ ဖြစ်လာနိုင်သည့် အန္တရာယ်များ ကြုံတွေ့ ရသည့် အဖြစ် ကို လျော့ချလိုသည့် မြန်မာနိုင်ငံ ရှိ စီးပွားရေး လုပ်ငန်းများ ၏ တာဝန်ခံ နှင့် ပိုင်ရှင်များ အတွက် ရည်ရွယ်ပါသည်။ ထပ်မံသိရှိလိုပါက info@myanmar-responsiblebusiness.org ထံသို့ ဆက်သွယ်နိုင်ပါသည်။ |