Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

MCRB ၏ ရုံးတည်နေရာ ပြောင်းခြင်း။

 

လေးစားအပ်ပါသော လုပ်ဖော်ကိုင်ဖက်များ နှင့် မိတ်ဆွေများ ရှင့်
ကျေးဇူးပြု၍ MCRB ၏ ရုံးတည်နေရာ ပြောင်းသွားခြင်းကို သတိပြုပေးစေခြင်း လိုပါသည်။ (ရုံးကို လမ်းထောင့်သို့သာ ပြောင်း ရွှေ့ ခဲ့ခြင်း ဖြစ်သည်။)

အမှတ် ၆ (အေ)၊ ရှင်စောပုလမ်း (ဆာကူရာ ဆေးရုံ အနီး) ကရင်ခြံ ရပ်ကွက်၊ အလုံ မြို့နယ်၊ ရန်ကုန်။

ရုံး ဖုန်းနံပါတ် - ၀၁ ၅၁၂၆၁၃
 

ဤ တွင် ရုံး မြေပုံ တည်နေရာ

 
 
 
 
 
 

ခွဲခြားဆက်ဆံခြင်း အနှစ်ချုပ်စာလွှာ  ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း ။

 

အလုပ်ခွင် အတွင်း ခွဲခြားဆက်ဆံခြင်း ကို ဖော်ထုတ်ရန် နှင့် မည်သို့ ကာကွယ်သွားရန် တို့ကို စီးပွားရေးလုပ်ငန်းများ အတွက် လမ်းညွှန်ချက် ပေးရန် ရည်ရွယ်ချက်ဖြင့် “မြန်မာနိုင်ငံအတွင်း ခွဲခြားဆက်ဆံခြင်း နှင့် စီးပွားရေးလုပ်ငန်း” အမည်ရှိ အနှစ်ချုပ်စာစောင် တစ်စောင်ကို  MCRB က ပြုစုနေပါသည်။

ကျေးဇူးပြု၍ - info@myanmar-responsiblebusiness.org ထံသို့ ဆက်သွယ်ပေးပါရန်။
 

မော်နီကာ ထံသို့ ဆက်သွယ်ပေးပါရန်။

 
 
 
 
 
 

တနသာင်္ရီဒေသ ခရီးသွားလုပ်ငန်း အတွက် တစ်ပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲများ ကို MCRB နှင့် Fauna and Flora International က  ပူးတွဲ ကျင်းပ ။

 

တနသာင်္ရီ ဒေသတွင် ရေရှည်တည်တံသော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်ရေးအတွက်  တစ်ပတ်နီးပါး ကြာမြင့် သည့် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်သူများ အလုပ်ရုံဆွေးနွေးပွဲ ကို MCRB နှင့် FFI တို့က ကျင်းပခဲ့သည်။ ယခု အလုပ်ရုံ ဆွေးနွေးပွဲများ သည် ဒီဇင်ဘာလက ထားဝယ်တွင်ကျင်းပခဲ့သည့်  ၂၀၁၆ ဆွေးနွေးပွဲ နှင့်   စီးပွားရေးလုပ်ငန်းများက ဦးဆောင်သည့် တနသာင်္ရီ ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီ နှင့် မြန်မာအစိုးရ တို့ကို အထောက်အပံ့ ပြုရန်  MCRB နှင့် FFI တို့မှ ဆောင်ရွက်နေသည့် အလုပ်များ ၏ နောက်ဆက်တွဲ အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ရှင်းလင်းတင်ပြချက်များ ကို ဝဘ်ဆိုဒ်တွင် ရယူ ကြည့်ရှုနိုင်ပါသည်။
 
ဆက်လက် ဖတ်ရှုလိုပါက
 
 
 
 
 
 

“မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ“အနှစ်ချုပ်စာလွှာ

 

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) သည် မြန်မာနိုင်ငံအတွင်း ရှိ စီးပွားရေးလုပ်ငန်းများ နှင့် ကလေးသူငယ်အခွင့်အရေး  အနှစ်ချုပ်စာလွှာကို ထုတ်ဝေခဲ့ သည်။ UNICEF, UN Global Compact, Save the Children တို့မှ ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေးများနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်း ၁ဝချက် (CRBP) ပေါ်တွင် အခြေခံကာ မြန်မာနိုင်ငံ ၏ အခြေအနေနှင့် ကိုက်ညီအောင်  ရေးသားထားသည်။ ထိုစာတမ်း ထဲတွင် အဓိက ဦးတည်ထားသည်မှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကလေးသူငယ် အခွင့်အရေး အပေါ် မည်သို့  လေးစားထောက်ပံ့နိုင်သည် ဆိုသည့် အချက် နှင့် ၎င်းတို့ ၏ အခန်းကဏ္ဍ တို့ဖြစ်သည်။ 

 
ဆက်လက် ဖတ်ရှုလိုပါက
 
 
 
 
 
 

များမကြာမီတွင် ကျင်းပမည့် မသန်စွမ်းခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ

 

၂၀၁၅ တင်အတည်ပြုခဲ့သည့် ဥပဒေ အကောင်အထည်ဖော်ရာတွင် မသန်စွမ်းသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ အကြား စကားဝိုင်းဆွေးနွေးမှု ကို ပိုမိုမြှင့်တင်ရန် မည်သို့  ဆောင်ရွက်နိုင်မည်လဲဆိုသည့် အချက်ထွက်ပေါ်လာစေရန် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်သူများ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့  ချုပ် (ILO) နှင့် MCRB တို့ ကစီစဉ်လျှက်ရှိသည်။ မိမိတို့ ၏ အလုပ်သမား အင်အားတွင် မသန်စွမ်းသူများ ပါ ပါဝင်မှု ကို စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် ကျေးဇူးပြု၍ info@myanmar-responsiblebusiness.org   ထံသို့ဆက်သွယ်ပေးပါရန်။

 
မော်နီကာ ထံသို့ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 

ငပလီတွင် ရေရှည်တည်တံသော ခရီးသွားလုပ်ငန်း ပေါ်ပေါက်လာရေးအတွက်  ဒုတိယအကြိမ် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်သူများ အလုပ်ရုံဆွေးနွေးပွဲ။

 

၂၀၁၇ မေလ ၈ ရက်နေ့ မှ ၉ ရက်နေ့ အထိ ငပလီတွင် ရေရှည်တည်တံသော ခရီးသွားလုပ်ငန်း ပေါ်ပေါက်ရေးအတွက်  ဒုတိယအကြိမ် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်သူများ အလုပ်ရုံဆွေးနွေးပွဲ ကို MCRB ၊ Hanns Seidel Foundation (HSF) နှင့် Myanmar Responsible Tourism Institute (MRTI), တို့ က ပူးတွဲ ကျင်းပခဲ့ပါသည်။  website. ဝဘ်ဆိုဒ်တွင် ရှင်းလင်းတင်ပြချက်များ

 ရယူနိုင်ပါသည်။
 
ဆက်လက် ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာဘာသာဖြင့် ထွက်ရှိလာသည့် အပြည်ပြည်ဆိုင်ရာ
ဘဏ္ဍာရေးကော်ပိုရေးရှင်း

(IFC) ၏ လုပ်ဆောင်မှု စံသတ်မှတ်ချက် များ
 

သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘဝ ရေရှည်ဖွံဖြိုးတိုးတက်ရေး အတွက်   အပြည်ပြည်ဆိုင်ရာ
ဘဏ္ဍာရေးကော်ပိုရေးရှင်း ၏ လုပ်ဆောင်မှု စံသတ်မှတ်ချက် မြန်မာဘာသာ ပြန်ဆိုမှု
ကို အရည်အသွေးကောင်းမွန်သည့် ပြန်ဆိုမှု ဖြစ်အောင်

သာမက ထိုထဲတွင် အသုံးပြုထားသော မြန်မာဝေါဟာရများသည် ထပ်မံပေါ်ထွက်လာသည့် မြန်မာဥပဒေမူဘောင်အတွင်းက စကားလုံးအသုံးနှုန်းများ နှင့် တသတ်မတ်တည်းဖြစ်ပြီး ကိုက်ညီမှုရှိစေရန် MCRB သည် International Finance Corporation (IFC) နှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။
 
ဆက်လက် ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus