Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
 

တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်း နှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၊ ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့၏အလုပ်ရုံဆွေးနွေးပွဲများ ။

 

မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရာတွင် လုပ်ဆာင်ရမည့် ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ အခန်းကဏ္ဍ များကို  အဓိကထား၍ MCRB ၏ လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကို မတ်လ ၆ ရက်မှ ၂၂ ရက်နေ့ အထိ ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရန်ကုန်ရုံး တွင် ကျင်းပခဲ့သည်။   လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲများသည်ပြီးခဲ့သည့် ၂၀၁၃ နှစ်ဆုံးပိုင်း နှင့် ၂၀၁၄ နှစ်စပိုင်း တို့တွင် ပြုလုပ်ခဲ့သည့် MCRB/DICA အလုပ်ရုံဆွေးနွေးပွဲများ အပေါ်တွင် မူတည်၍ ပုံဖော်ထားခြင်းဖြစ်သည် ။ အလုပ်ရုံဆွေးနွေးပွဲများ ကို တစ်ကြိမ်လျှင် DICA ဝန်ထမ်း အယောက် ၃၀ ကျော် တက်ရောက်ခဲ့ပြီး ထိုအထဲတွင် တိုင်းဒေသအလိုက် ရုံးအချို့မှ ဝန်ထမ်းများလဲ ပါဝင်တက်ရောက်ခဲ့ကြပါသည်။  အသစ် ထွက်ရှိလာမည့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံမှု တို့အတွက် ပိုမိုကြီးမားသည့် အာရုံစူးစိုက်မှု တို့ အပေါ်တွင် အထောက်အကူဖြစ်စေရန် အလားတူ သင်တန်းများ ကို တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရ အဖွဲ့များကို MCRB က ပို့ချသွားရန် အစီအစဉ်လည်း ရှိပါသည်။

 

ဆက်လက်ဖတ်ရှုလိုပါက

 
 
 
 
 
 

မြိတ်ကျွန်းစု ဒေသအတွက် ရေရှည်တည်တံသော ခရီးသွားလုပ်ငန်း ။

 

ပာိုတယ် နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန  ပည်ထောင်စု ဝန်ကြီးဦးအုန်းမောင်၊ အဆင့်မြင့် အရာရှိများ ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ အခြားသော ပါဝင်ပတ်သက်ဆက်နွှယ်သူများ နှင့် ခရီးသွားလုပ်ငန်း  ဖွံဖြိုးတိုးတက်မှု ဆိုင်ရာ မိတ်ဖက် အဖွဲ့များ ၏ ၆ကြိမ်မြောက် ခရီးသွားလုပ်ငန်း  ဖွံဖြိုးတိုးတက်မှု ဆိုင်ရာ မိတ်ဖက် အဖွဲ့များ အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို  ရန်ကုန်မြို့ ရှိ ဆီဒိုးနား ပာုိတယ် ၌ မတ်လ ၂၄ ရက်တွင်  ကျင်းပခဲ့ရာ MCRB ၏ဒါရိုက်တာ ဗစ်ကီဘိုးမန်သည်  ရေရှည်တည်တံသော ခရီးသွားလုပ်ငန်း နှင့် တနင်္သာရီ ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြချက် ပြုလုပ်ခဲ့ပါသည်။  Flora and Fauna International (FFI) နှင့် MCRB တို့သည် နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲများ ကို မြိတ်တွင် (မေလ ၁၅-၁၆) နှင့် ကော့သောင်း တွင် (မေလ ၁၈-၁၉ ) တို့တွင် ကျင်းပပြီး ယခုအကြောင်းအရာများကို အစိုးရ အပါအဝင်  ဒသခံ ပါဝင်ပတ်သက်ဆက်နွှယ်သူများ ကို ဆွေးနွေးသွား ရန် ရှိပါသည်။

 

သိန်းသန်းဌေးထံသို့ ဆက်သွယ်ပါရန်၊

 
 
 
 
 
 

နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ

လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြံမှုကို ကာကွယ်ပေးရေး ဥပဒေ ပြဌာန်းခဲ့ခြင်း။
 

MCRB သည် များမကြာမီ အချိန်က ပြဌာန်းခဲ့သည့် နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ နှင့် ပတ်သက် ၍ အရပ်ဘက်လူ့အဖွဲ့အစည်း  ၈ ခု နှင့် အတူ မတ်လ ၁၃ ရက် ရက်တွင် ထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့သည်။
၎င်းဥပဒေသည် နို်င်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်များ ၊  အဓိပ္ပါယ်သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုမရှိသည့်အပြင် အများပြည်သူလူထုနှင့် ညှိနှိုင်းတိုင်ပင်မှု
မရှိဘဲ ပြဌာန်းခဲ့ခြင်းလည်း ဖြစ်သည်။
MCRB သည် ယခင်ကလည်း  လွှတ်တော်ကိုယ်စား လှယ်များကို တွေ့ဆုံဆွေးနွေးပြီး   ဆက်သွယ်ရေး ဥပဒေ ပြုပြင်ပြောင်းလဲမှု အတွက် ပိုမိုကျယ်ပြန့်သည့်  အကြောင်းအရာများ ကိုပါ
 ထည့်သွင်းစဉ်းစား ရန်နှင့်  လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် နှင့် အချက်အလက် များ လုံခြံုရေး ကို

အကာအကွယ်ပေးရန် လိုအပ်ချက်များန     ှင့်ပတ်သက်ပြီး  တင်ပြထားခဲ့ သည်။
 
ဆက်လက် ဖတ်ရှုလိုပါက
 
 
 
 
 
 

စီးပွားရေးလုပ်ငန်းစု များအတွက် ယဉ်ကျေးမှု ပိုင်းဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ - နှင့်ပတ်သက်သော အကြံပြုချက်များ ကို အလိုရှိပါသည်။

 

မြန်မာ့စီးပွားရေး  ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန (MCRB) သည် နိုင်ငံခြားမှလာရောက်လုပ်ကိုင်သော ကုမ္ပဏီများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ   အတွက် လမ်းညွှန်ချက် တစ်ရပ် ကို ပြုစုလျှက်ရှိပါသည်။ ထို လမ်းညွှန်ချက် သည် နိုင်ငံခြားအလုပ်သမားများ၊ လုပ်ငန်းရှ   င်များက မြန်မာ့ယဉ်ကျေးမှု ကို  နားလည်ပြီး လေးစားသော အားဖြင့်လုပ်ငန်းခွင်  ပဋိပက္ခ ဖြစ်ပေါ်မှု မှ ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်ပါသည်။
ကျွနု်ပ်တို့ အနေဖြင့် မြန်မာလူမျိုးများ နှင့် နိုင်ငံခြားသားများ ထံမှထည့်သွင်းစေလိုသည့် အကြံပြုချက်များ သို့မဟုတ် ဥပမာများ ရှိပါက သိရှိလိုပါသည်။
ကျေးဇူးပြု၍ အင်္ဂါ မကူရှီဗာ ထံသို့ ဆက်သွယ်ပေးပါ ရန်။
[email protected]

 
ဆက်သွယ်ရန်
 
 
 
 
 
 

ကောပိုရိတ် လူ့အခွင့်အရေး တိုင်းတာမှု အသစ် တွင် မြန်မာနိုင်ငံ
တွင် ရင်းနှီးမြှပ်နှံ နေသည့် ကုမ္ပဏီများ

 

MCRB အား အထောက်အပံ့ပြုထားသည့် အဖွဲ့အစည်း
နှစ်ခုအနက် တစ်ခုဖြစ်သည့် the Institute of Human Rights and Business သည်  မတ်လ၁၄ရက်က  လန်ဒန်တွင်  ကော်ပိုရိတ် လူ့အခွင့်အရေး တိုင်းတာချက် ကို ထုတ်ပြန်ခဲ့သည်။ ထိုတိုင်းတာချက်တွင် လေ့လာဆန်းစစ် ခဲ့သည်များမှာ ကုမ္ပဏီများ ၏ မူဝါဒများ၊ အုပ်ချုပ်မှုပိုင်း၊ လုပ်ငန်းစဉ်များ၊ အလေ့အကျင့်များ နှင့် ပွင်းလင်းမြင်သာမှုများ အပြင် လူ့အခွင့်အရေးချိုးဖောက်သည် ဟူသောပြင်းထန်သည့် စွပ်စွဲချက်များ ကို မည်သို့  တုန့်ပြန်သနည်းဆိုသည့် အချက်များ ကို လေ့လာဆန်းစစ်ခဲ့သည်။ ထို တိုင်းတာချက် တွင်ပထမအဆင့် သတ်မှတ်ခြင်း ခံထားရသည့် ကုမ္ပဏီများ အထဲတွင် မြန်မာနိုင်ငံ တွင် ရှိသည့် ရင်းနှီးမြှပ်နှံသူ အတော်များများ ပါဝင်နေခြင်း ပင်ဖြစ်သည်။ ထိုထဲတွင် Nestle နှင့် Unilever တို့ အပါအဝင် မြန်မာနိုင်ငံမှ အရင်းအနှီးရယူနေသည့် အချို့သော ကုမ္ပဏီများ သို့မဟုတ် ထိုသို့လုပ်ကိုင်ရန် စဉ်းစားရှာဖွေနေသည့် ကုမ္ပဏီများ ဥပမာ Marks & Spencer ၊ Adidas နှင့် H&M တို့ပင်ဖြစ်သည်။ TOTAL သည် တူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများ ထိပ်ဆုံးအဆင့် စာရင်း တွင် ထည့်သွင်းပြသခြင်းခံရသော ကုမ္ပဏီဖြစ်သည်။ GAP ၊ Chevron နှင့် Coca Cola တို့မှာ  အမှတ်ပေးခြင်းခံ ရသည့် အများစုများထဲ မှ အမှတ်သာလွန်ကောင်းမွန် စွာရရှိသည့် ကုမ္ပဏီများ ဖြစ်ကြပေသည်။

 
ဆက်လက် ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန(MCRB) ၏ ဝဘ်ဆိုဒ် ကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်း

 

MCRB သည် ၎င်း၏ ဝဘ်ဆိုဒ်ကို အသုံးပြူတို့ အတွက် အသုံးပြုရသည့် အတွေ့အကြုံ အဆင်ပြေချောမွေ့စေရန် အတွက် အမြဲတစေ တိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။အထူးသဖြင့် မြန်မာနိုင်ငံ အတွင်းအတွက် များမကြာမီ အချိန်အတွင်းကပင် ကျွနု်ပ်တို့ အနေဖြင့် ကျွနု်ပ်တို့ ၏ ဝဘ်ဆိုဒ်ကို ကောင်းမွန်စေရန် အတွက် ခြေလှမ်းအစပြုခဲ့ ပြီးဖြစ်သည်။ အသုံးပြုသူ ၏ အတွေ့အကြံု နှင့် ကျေနပ်အားရမှု ရှိမရှိ တို့အပေါ် ပြန်လည်တုံ့ပြန်ချက် ကို အမြဲ စိတ်ဝင်စားလျှက် ရှိပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပါက ကျေးဇူးပြု၍ မဖြူဖြူဇင် ထံသို့ ဆက်သွယ်ပေးပါရန်။ [email protected]

 
ဆက်သွယ်ရန်
 
 
 
 
 
 
facebook linkedin googleplus