Myanmar Centre for Responsible Business
Myanmar Centre for Responsible Business
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ပါဝင်ပတ်သက်ဆက်နွယ်သူများ လေ့လာစမ်းစစ်ခြင်း။
မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန် အားပေးလုပ်ဆောင်လျက်ရှိသော ကျွန်ုပ်တို့၏ အားထုတ်မှု၊ လုပ်ဆောင်မှုများ တိုးတက်စေရန် ပါဝင်ပတ်သက်သူများအား  ဖြေဆိုချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်မည့် စစ်တမ်းတိုတစ်ရပ်ကို ကောက်ယူလျက်ရှိပါသည်။ စစ်တမ်းအဖြေအား၂၀၁၇ ခုနှစ်  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို နောက်ဆုံးထားပေးပို့ပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်။ ယခုလို စစ်တမ်းဖြေဆိုပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါသည်။
ဆက်လက်ဖတ်ရှုလိုပါက
ရခိုင်ဥပဒေအကြံပေးကော်မရှင် အဖွဲ့အား ရှင်းလင်းတင်ပြခြင်း
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ဥပဒေအကြံပေးကော်မရှင် အဖွဲ့ဝင်များသည် ၄င်းတို့ ကျောက်ဖြူခရီးစဉ်မတိုင်မီ ဇန်နဝါရီလ ၁၆ ရက်နေ့ကမြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အခြားသော အစိုးရမဟုတ်သည့် အဖွဲ့များနှင့် အရပ်ဘက်လူ့မှုအဖွဲ့အစည်းများကိုဖိတ်ခေါ်ကာ ရခိုင်ပြည်နယ်ရှိ စီးပွားရေး အခွင့်အလန်းများ နှင့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန် ဖိတ်ခေါ်ခဲ့သည်။ MCRB က   ကော်မရှင်အားတင်ပြရာတွင် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်၏ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့အတူ ရင်းနှီးမြှင်နှံမှု အပေါ် သက်ရောက်နိုင်သည့် လက်ရှိ ဥပဒေစည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ခရီးသွားကဏ္ဍတို့နှင့် ဆပ်လျင်းသည့် အလားအလာများနှင့် ကိစ္စရပ်များကိုလည်း တင်ပြဆွေးနွေးခဲ့
ဆက်လက်ဖတ်ရှုလိုပါက
ကဏ္ဍအလိုက်သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA)  ပြန်လည်သုံးသပ်ချက်
၂မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အိုင်စီတီ နှင့် သတ္တုတွင်းကဏ္ဍတို့တွင် ကဏ္ဍအလိုက် သက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်း လေးခု လုပ်ဆောင်ခဲ့ပြီးဖြစ်ပသညါ။ မြန်မာပြည်တွင်းနှင့် နောင်တွင် အခြားနေရာများတွင်ပါ သုံးနိုင်ရန် SWIA ဆောင်ရွက်သည့် နည်းလမ်း၏ ထိရောက်မှုကို သုံးသပ်နိုင်ရန် MCRB သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ SWIA အား ရုံးတွင်းလေ့လာသုံးသပ်မှုတစ်ရပ်ကို လုပ်ဆောင်လျက်ရှိရာ သက်ဆိုင်သည့် ပတ်ဝင်ဆက်နွယ်သူများ၏ အမြင်များကိုလည်း တောင်းခံလျက်ရှိပါသည်။ ။
info@myanmar-responsiblebusiness.org
မြိတ်ကျွန်းစုဒေသ နှင့် တနင်္သာရီတိုင်းဒေသကြီး တွင် ရေရှည်တည်တံသော ခရီးသွားလုပ်ငန်းဖြစ်ထွန်းရေး
၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ထားဝယ်တွင် ပြုလုပ်ခဲ့သော ကဏ္ဍပေါင်းစုံမှ ပါဝင်ပတ်သက်ဆက်နွယ်သူများ အလုပ်ရုံဆွေးနွေးပွဲ ၏ နောက်ဆက်တွဲ အနေဖြင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် Fauna and Flora International (FFI) တို့သည် တနင်္သာရီတိုင်းဒေသကြီးနှင့် မြိတ်ကျွန်းစုဒေသတို့တွင် အရှည်တည်တံ့သည့် ခရီးသွာလုပ်ငန်းဖြစ်ထွန်းရေး မကြာမီက ဖွဲ့စည်းလိုက်သော် Serge Pun ဦးဆောင်သည့် တနင်္သာရီတိုင်းဒေသကြီး ခရီးသွာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး ကော်မတီအား ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ FFI နှင့် MCRB သည် ဟိုတယ်များတည်ဆောက်ခြင်းကြောင့် ပျက်ဆီးမှုဖြစ်နိုင်သည့် ထိခိုက်ပျက်ဆီးလွယ်သည့် နေရာများကို ကာကွယ်ပေးနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းစီမံကိန်းအစီအစဉ်တစ်ရပ်ထားရှိလုပ်ဆောင်ရန် အရေးကြီးလိုအပ်ချက်တစ်ရပ်ကို တွေ့ရှိရသည်။  တလက်ဆက်တည်းမှာပင် ရေငုပ်ခြင်းအပါအဝင် သဘာဝအခြေပြုခရီးသွားလုပ်ငန်းသည်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပဲ ထိန်းသိမ်းစောင့်ရှောက်မှုကို အထောက်အကူဖြစ်စေရေးအတွက် လုပ်ဆောင်ရန် လိုအပ်သည်။  ယခု အကြောင်းအရာ နှင့် ပတ်သက်၍ စိတ်ပါဝင်စားပါက ကျေးဇူးပြု၍ info@myanmar-responsiblebusiness.org
ထံသို့ ဆက်သွယ်နိုင်ပါသည်။
ဆက်လက်ဖတ်ရှုလိုပါက
ခွဲခြားဆက်ဆံခြင်း မိတ်ဆက်စာတမ်း
စီးပွားရေးလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးကဏ္ဍ  တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)က အလုပ်ခွင်နေရာများတွင် ခွဲခြားဆက်ဆံခြင်းကိစ္စရပ်အပေါ် မိတ်ဆက်စာတမ်းတစ်စောင်ထုတ်ပြန်မည်ဖြစ်သည်။ အဆိုပါမိတ်ဆက်စာတမ်းတွင် အမျိုးသမီးများ၊ တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများ၊ မသန်စွမ်းသူများနှင့် လိင်တူချစ်သူများ (LGBT) အပေါ်တွင် ခွဲခြားဆက်ဆံခြင်းကိစ္စရပ်တို့ကို သုံးသပ်ဖော်ပြမည်ဖြစ်ပါသည်။ ကုမ္ပဏီများအတွက် အကောင်းဆုံး အလေ့အထ ဥပမာများ နှင့် အကြံပြုချက်များကို ထည့်သွင်းဖော်ပြနိုင်ရန် ရည်ရွယ်ပါသည်။ သင့်အနေဖြင့် အတွေ့အကြုံများ ရှိပါက  ဝေမျှရန် ဖိတ်ခေါ်ပါသည်။ ဝေမျှရန်အတွက် ဒေါ်ဆုမြတ်နွယ် (info@myanmar-responsiblebusiness.org) ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပါဝင်ပတ်သက်ဆက်နွယ်သူများ ညှိနှိုင်းတိုင်ပင်သည့် ဆွေးနွေးပွဲအား လာမည့် မေလတွင် ပြုလုပ်ရန် စီစဉ်ထားပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ပါဝင်ပတ်သက်ဆက်နွှယ်သူများ ၏ လုပ်ဆောင်ချက်များ
MCRB ၏ စီမံကိန်းနှင့်ဆက်သွယ်ရေး အရာရှိ ဒေါ်ဖြူဖြူဇင် သည် ဖေဖော်ဝါရီလ ၂ရက် နေ့ မှ ၃ ရက်နေ့အထိ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ ညီလာခံ၏ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ခြင်း the United Nations Convention against Corruption (UNCAC) ၏ ခြေရာခံ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဒေသဆိုင်ရာအစည်းအဝေး အားတက်ရောက်လျက်ရှိပါသည်။ ဤအစည်းအဝေး မှ မိတ်ဖက်အဖွဲ့အစည်း အချင်းချင်း ရင်းနှီးမှုတည်ဆောက်ရန် နှင့် အရှေ့တောင်အာရှ ရေရှည်တည်တံသော ဖွံ့ဖြိုးရေးပန်းတိုင် ၁၆ ကို အထောက်အပံပြုသည့်အနေဖြင့် ကုလသမဂ္ဂ ညီလာခံ၏အကျင့်ပျက်ခြစားမှု ဆန့်ကျင်ခြင်းကို အကောင်အထည်ဆောင်ရွက်ခြင်းကို ခြေရာခံမိစေရန် အတွက် ဒေသဆိုင်ရာလမ်းကြောင်းတစ်ရပ် ကို ဖန်တီးရန်ဖြစ်ပါသည်။ အဂတိလိုက်စားရေးတိုက်ဖျက်ရာတွင် ချိတ်ဆက်လုပ်ဆောင်နိုင်ရေး ကွန်ယက်တစ်ခုတည်ထောင်ရန် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ အမြင်များ ကြားလိုပါသည်။ ကျေးဇူးပြု၍ info@myanmar-responsiblebusiness.org ထံသို့ ဆက်သွယ်ပေးပါရန်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အားလုံးချိတ်ဆက်နိုင်မည့် မူဝါဒ (Universal Access Strategy) 
ကမ္ဘာဘဏ်၏ နည်းပညာထောက်ပံ့မှု စီမံကိန်းလုပ်ငန်းတစ်ခု၏ အထောက်အပံ့ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အားလုံးချိတ်ဆက်နိုင်မည့် မူဝါဒအပေါ် ပါဝင်ပတ်သက်ဆက်နွယ်သူများ ဆွေးနွေးညှိနှိုင်းပွဲကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကျင်းပရန်စီစဉ်လျက်ရှိပါသည်။ ကျေးဇူပြု၍ ဒေါ်ဝေဖြိုးမြင့် (info@myanmar-responsiblebusiness.org) ထံသို့ ဆက်သွယ်ပေးပါရန်။
“မြန်မာနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တာဝန်ယူမှုရှိသည့် ထွက်ကုန်များ ထုတ်လုပ်မှု ဆီသို့ရောက်ရှိရေး အစပျိုးခြေလှမ်းတစ်ခု“
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)နှင့် PRIME Agri တို့ က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် နေ့ တွင် ပူးတွဲပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိအမှတ်ပြုသည့် နိုင်ငံတကာ စံချိန်စံညွှန်းများအပေါ် အခြေခံကာ တာဝန်ယူမှုရှိသည့် ထွက်ကုန်များ ထုတ်လုပ်မှု ဆီသို့ရောက်ရှိရေး အစပျိုးခြေလှမ်းတစ်ခု“ ခေါင်းစဉ်ဖြင့် ပါဝင်ပတ်သက်ဆက်နွယ်သူများ အလုပ်ရုံဆွေးနွေးပွဲ အစည်းအဝေး အစီရင်ခံစာ  ကို ဤနေ့ရာတွင် ရရှိနိုင်ပါသည်။
ဆက်လက်ဖတ်ရှုလိုပါက
IBTC အရက်ချက်စက်ရုံအား  လေ့လာရေးခရီး
ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ အလုပ်သမားကိစ္စရပ်များနှင့် ရပ်ရွာလူထု နှင့် ထိတွေ့ဆက်ဆံမှုများကို လေ့လာရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် MCRB ဝန်ထမ်းများသည် International Beverages Trading Co (IBTC) ၏ မှော်ဘီတွင်ရှိသည့် အရက်ချက်စက်ရုံသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည်။ု အပြန်အလှန် လေ့လာဖလှယ်ရန် အခွင့်အရေးရရှိခဲ့သည့်အတွက် ကျွန်ုပ်တို့ MCRB က IBTC အား ကျေးဇူးတင်ရှိပါသည်။
facebook linkedin googleplus