Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သတင်း
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 

စိုက်ပျိုးရေးထွက် စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှုဆီသို့  အလုပ်ရုံဆွေးနွေးပွဲ

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူ့ပြုဌာန (MCRB) သည် PRIME Agri နှင့် ပူးတွဲ ၍  နိုဝင်ဘာ ၈၊၉ ရက်များတွင် နေပြည်တော် ၌ မြန်မာနိုင်ငံတွင် အခြေခံစိုက်ပျိုးမှု ၊ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် နှင့် အစားအသောက် ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုရှိသည့် အရင်းအမြစ်ဝယ်ယူခြင်း နှင့် အစားအသောက် လုံခြုံစိတ်ချရမှု ကို မည်သို့ မြှင့်တင် နိုင်မည် ကို ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲ တစ်ရပ် လုပ်ဆောင်ခဲ့ပါသည်။ PRIME Agri က တာဝန်ယူမှုရှိသော စိုက်ပျိုးရေးရင်းမြစ်များ တွင် FSSC22000နှင့် GlobalGAP ကဲ့သို့ ကမ္ဘာ့စံချိန်စံချိန်စံညွှန်းများ အသိမှတ်ပြုလက်မှတ်များ ရရှိအောင် မည်သို့ဆောင်ရွက်နိုင်သည် နှင့် ၄င်းအသိမှတ်ပြုလက်မှတ်များကစိုက်ပျိုးရေး နှင့် စားသောက်ကုန်တင်ပို့မှုများနိုင်ငံခြားဈေး ကွက်သစ်ရရှိရန် မည်သို့အထောက်အပံ့ပြုနိုင်ပုံတို့ကို ရှင်းပြခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ၏ တင်ပြချက်များကို ဤနေရာတွင်  ရရှိနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မကြာမီ ပြုလုပ်မည့် ကလေးသူငယ် ဆိုင်ရာ အနှစ်ချုပ်စာတမ်း ညှိနှိုင်းဆွေးနွေးပွဲ

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် နောက်ထပ် အနှစ်ချုပ်စာတမ်းဖြစ်သည့် “ကလေးသူငယ် အခွင့်အရေး နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း” စာတမ်းအား ဆောင်ရွက်လျှက် ရှိပါသည်။ ထို စာတမ်းရည်ရွယ်ချက်သည် ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေအဖွဲ့ ၊ Save the Children၊ Global Compact စ သည်တို့မှ ကလေးသူငယ်အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို အခြေခံထားပြီး  စီးပွားရေးလုပ်ငန်းများနှင့်အခြားသူများက ကလေးသူငယ်အခွင့်အရေးများကို လိုက်နာစေရန်အတွက် လမ်းညွှန်မှုပေးနိုင်ရန် ဖြစ်ပါသည်။ ဆွေးနွေးပွဲ အား ၂၀၁၆ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။
သင့်အနေဖြင့် ဖြည့်ဆည်းပံပိုးပေးလိုပါက ကျေးဇူပြု၍ [email protected] ထံသို့ ဆက်သွယ်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
သတ္တုတွင်း ကဏ္ဍ ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း မှ တွေ့ရှိချက်များ ကို ဂျနီဗာ နှင့် ကွာလာလမ်ပူတို့တွင် တင်ပြခြင်း။
 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူ့ပြုဌာန (MCRB) ၏ တွင်းထွက်သယံဇာတ စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်စိုး သည် မြန်မာနိုင်ငံရှိ သတ္တုတွင်း ကဏ္ဍ ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) မှ တွေ့ရှိချက်များ findings နှင့် ၎င်း၏ အဓိက အကြံပြုချက်များ ကို ၂၀၁၆ နိုဝင်ဘာ ၁၀ - ၁၂တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ တွင် ပြုလုပ်ခဲ့သည့် Asia Pacific Mineral Resource Exhibition and Conference (APMREC) တွင် တင်ပြဆွေးနွေးခဲ့ သည်။
နိုဝင်ဘာ ၁၄ တွင်လည်း ဦးအောင်ကျော်စိုး သည် SWIA မှ ရရှိခဲ့သည့် အတွေ့အကြုံ နှင့် လုပ်ထုံးလုပ်နည်းလမ်းများ ကို ၅ကြိမ်မြောက် ကုလသမဂ္ဂ ၏ စီးပွားရေး နှင့် လူ့အခွင့်အရေး ဆွေးနွေးပွဲတွင် ဝေမျှခဲ့သည်။

၎င်း သတ္တုတွင်း ကဏ္ဍ ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA)ကို ဒီဇင်ဘာလအတွင်း ထုတ်ဝေမည်ဖြစ်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

လွတ်လပ်စွာ ပြောဆိုခွင့် နှင့် ပုဂိုလ်ရေး လွတ်လပ်ခွင့်ကို အကာအကွယ်ပေးခြင်း ။ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ခြင်း။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူ့ပြုဌာန (MCRB) သည် အခြားသော အရပ်ဘက်လူ့အဖွဲ့အစည်းများ နှင့် တွဲဖက်ကာ MCRB ၏ ၂၀၁၅ အိုင်စီတီကဏ္ဍ ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ချက် ထဲတွင် မီးမောင်းထိုးပြထားသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပုဂ္ဂိုလ်ရေး လွတ်လုပ်ခွင့်တို့ကို ဥပဒေအရကာကွယ်ပေးနိုင်မှု အားနည်းနေသည်များနှင့် ပတ်သက်၍ ဆောင်ရွက်လျှက်ရှိပါသည်။

အထူးသဖြင့် တည်ဆဲ၂၀၁၃ ဆက်သွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ၆၆(ဃ) အပိုဒ် ပင်ဖြစ်သည်။ ထပ်မံ၍ စိုးရိမ်စရာရှိသည့်အချက်မှာ အဆိုတင်သွင်းထားသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးရာ နှင့် လုံခြုံရေး အကာအကွယ်ပေးသည့် ဥပဒေ တွင် တရားရုံး နှင့် လွှတ်တော် ပိုင်းဆိုင်ရာ တို့က သတိမမူမိသည်များ နှင့် သက်ဆိုင်သည့် ပြဌာန်းချက်များပင်ဖြစ်သည်
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ခရား အသုံးပြုရန် စဉ်းစားကြပါစို့ - မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ အလုပ်ရုံ ဆွေးနွေးပွဲများ တွင် ပလတ်စတစ်ရေဘူးများ မသုံးခြင်း။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် အရင်းအမြစ် သုံးစွဲမှု ကို လျော့ချရန် နည်းလမ်းများကို အမြဲတစေ ရှာဖွေလျက်ရှိသည်။  လျှပ်စစ်၊ ရေ၊ လောင်စာဆီ၊ ပလတ်စတစ် နှင့် စာရွက် သုံးစွဲမှုလျော့ချရန် ကြိုးပမ်းနေသည် ။ မကြာသေးသော ကာလအတွင်းမှာပင် ဌာန ၏ ပွဲများ နှင့် ပူးတွဲကျင်းပသော ပွဲများ တွင် ပလတ်စတစ်ရေဘူးများ ကို သုံးစွဲရန် ငြင်းဆန်ခြင်း မူဝါဒ ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး  ဟိုတယ်များ နှင့် ခန်းမများ ကိုလည်း ပလတ်စတ်ရေဘူးများ နှင့် ကော်ဖီမုန့်ထုတ်များ၊ နို့မုန့်ထုတ်များ သကြားထုတ်များ စီစဉ်ပေးခြင်း မပြုရန် တောင်းဆိုလျှက်ရှိပါသည်။ လွန်ခဲ့သော (၅)လအတွင်း MCRB အနေဖြင့် ပလတ်စတစ်ရေဘူးပေါင်း (၅၅၇) ဘူး ချွေတာနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ရေဘူးအစား ရေခရားသုံးစွဲသည့် အစီအစဉ်ကိုလည်း ကျင့်သုံးကြရန် နှိုးဆော်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အြလုပ်ခေါ်နေပါသည်

 

ဌာန၏ ရာထူးအသစ်တစ်ခုဖြစ်သည့် စီမံကိန်း တွဲဖက်တာဝန်ခံ (တွင်းထွက်သယံဇာတ) နေရာအတွက် ဝန်ထမ်းသစ်ခေါ်ယူ နေပါသည်။ ဖောင်ပိတ်ရက်မှာ ဒီဇင်ဘာ ၁၂ရက်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ဝဘ်ဆိုဒ်တွင် ကြည့်ရှုနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ စီမံကိန်း မန်နေဂျာ အသစ်။

 

အင်္ဂါ မာခူရှီဗာ သည် ဌာနသို့ စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် မြန်မာဘာသာစကားကို လေ့လာရန်အတွက် သူမသည် မြန်မာနိုင်ငံသို့ ၂၀၁၃ တွင် ရွေ့ပြောင်းအခြေချခဲ့ ပြီး ခရီးသွားလာရေး၊ သတ္တုတွင်း နှင့် ရေနံတူးဖော်ခြင်းတို့တွင် လုပ်ကိုင်ခဲ့ရာ မြန်မာ့စီးပွားရေးနှင့် လူမှုစီးပွား၊ပတ်ဝန်းကျင်တို့ကို လေးလေးနက်နက် သဘောပေါက်ခဲ့သည်။ MCRB နှင့် တွဲဖက် မလုပ်ကိုင်မီ က အင်္ဂါ သည် VDB Loi ၏ နေပြည်တော် ရုံးတွင် ဒေသတွင်း ဥပဒေ နှင့် အခွန်အကြံပေး လုပ်ကိုင်ခဲ့ပါသည်။ အင်္ဂါ သည် လန်ဒန်တက္ကသိုလ်မှ နိုင်ငံတကာဥပဒေဘာသာရပ် ဖြင့် မပာာဘွဲ့ရရှိထား ပြီး မိခင်ဘာသာစကားဖြစ်သည့် လစ်သွေးနီးယန်း နှင့် ရုရှားဘာသာစကား အပြင် အင်္ဂလိပ်၊ ဗမာ နှင့် Kiswahili တို့ကိုလည်း ပြောဆိုနိုင်ပါသည်။

 
 
 
 
 
 
 
facebook linkedin googleplus