Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သတင်း
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန၏ ၂၀၁၆ ပွင့်သစ်စ အစီရင်ခံစာအား ထုတ်ပြန်။

 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် မြန်မာကုမ္ပဏီ ၀ဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက် Transparency in Myanmar Enterprise (TiME) report (Pwint Thit Sa) တတိယအကြိမ် အစီရင်ခံစာ ကို  ထုတ်ပြန်လိုက်ပါသည်။ အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် အခွန်အများဆုံး ထမ်းဆောင်သော ကုမ္ပဏီအခု ၁၀၀ ၏ ဝဘ်ဆိုဒ်များတွင် ၎င်းတို့၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု နှင့် သဘာဝပတ်ဝန်းကျင် (HSE) တို့ကို ဆန်းစစ်လေ့လာခြင်းဖြစ်သည်။ ၂၀၁၆ အစီရင်ခံစာ အရ ၂၀၁၅ တွင် အကောင်းဆုံးလုပ်ဆောင်ပြခဲ့နိုင်သော ထိပ်တန်းကုမ္ပဏီများ သည် ၂၀၁၆ တွင်လည်း ပွင့်လင်းမြင်သာမှု အရှိဆုံး ကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါသည်။ ထိုကုမ္ပဏီများ မှာ FMI, SPA နှင့် မက်(စ်) မြန်မာ တို့ ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အကျိုးစီးပွားမျှဝေခြင်း အပေါ် အားပေးခြင်း သဘောထား စာတမ်း

 

သြစတြေးလျ-မြန်မာ ကုန်သည်ကြီးများ အသင်း (The Australia-Myanmar Chamber of Commerce AMCC) နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တို့သည် စက်တင်ဘာ ၁၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သော အာရှ စီးပွားရေးလုပ်ငန်းများ ၏ လူမှုတာဝန်ယူမှု ဖိုရမ် မြန်မာစီးပွားရေးလုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲ တွင် အကျိုးစီးပွားမျှဝေခြင်း အပေါ် အားပေးခြင်း သဘောထား စာတမ်းအား ထုတ်ပြန်ခဲ့ပါသည်။ ထို သဘောထား စာတမ်း တွင် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်း များ အတွက် အားပေးအားမြှောက်ပြုသည့် အလေ့အကျင့်အကောင်းများ နှင့် အငြင်းပွားဖွယ်ရာ အကြောင်းအရာများ ကိုလည်းကောင်း ကုမ္ပဏီများထံမှ လူမှုရေးပိုင်းဆိုင်ရာ အသစ်တီထွင်ကြံဆမှုများ ကိုလည်းကောင်း မီးမောင်းထိုးဖော်ပြထား ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
မကြာမီ ပြုလုပ်တော့မည့် သတ္တုတွင်း ကဏ္ဍအလိုက်သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း ဆွေးနွေးညှိနှိုင်းပွဲ နှင့် တတိယအကြိမ်မြောက် မြန်မာသတ္တုတွင်း ကဏ္ဍ တွေ့ဆုံပွဲ ညီလာခံ။
 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် သတ္တုတွင်းကဏ္ဍ၏ ကဏ္ဍအလိုက်သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာမူကြမ်း  နှင့် ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းပွဲ ကိုမကြာမီ ကျင်းပတော့မည်ဖြစ်သည်။ အပြီးသတ် အချောသတ်မှု မပြုလုပ်ခင် တုံ့ပြန်ချက် ရရှိရန် နှင့် ဆွေးနွေးရန် အခွင့်အလမ်း တစ်ရပ် အနေဖြင့် အထောက်အကူဖြစ်စေရန် အတွက် ပြုလုပ်ရခြင်းဖြစ်သည်။ ဆွေးနွေးမည့် ရက်မှာ -
၂၀၁၆၊အောက်တိုဘာလ ၁၁ ရက် တွင် အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း -
၂၀၁၆၊အောက်တိုဘာလ ၁၂ ရက် တွင်  မြန်မာဘာသာဖြင့်လည်းကောင်းဆွေးနွေးမည်ဖြစ်ရာ ရာ သင့် အနေဖြင့် တက်ရောက်ရန် စိတ်ပါဝင်စားပါက ကျေးဇူးပြု၍ ဂျမ်မာ ဝါဒယ် Gemma Wardle – [email protected] သို့ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ၂၀၁၆ အောက်တိုဘာလ ၁၉ - ၂၀ ရက်များတွင် ကြီးမှူး ကျင်းပမည့် CMT ၏ တတိယအကြိမ်မြောက် မြန်မာသတ္တုတွင်း ကဏ္ဍ တွေ့ဆုံပွဲ ညီလာခံ အတွက် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် အထောက်အပံ့ပေးမည့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည်။ ယခုနှစ် ၏ အကြောင်းအရာမှာ

“ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှု အတွက် မြန်မာ့သတ္တုတွင်းကဏ္ဍအား အသွင် ပြောင်းလဲခြင်း” နှင့် မူဝါဒရေးဆွဲသူများ ၊ သတ္တုတွင်း ကဏ္ဍတွင် လုပ်ကိုင်နေသည့် အစိုးရ ဝန်ထမ်းများ နှင့် မြန်မာ အခြေစိုက် သတ္တုတွင်း လုပ်ငန်း လုပ်ကိုင် ဆောင်ရွက် ကြသူများ ပါဝင်တက်ရောက်မည် ဟုမျှော်မှန်းရပါသည်။  ထိုပွဲတွင် စည်းမျဉ်း ထိန်းသိမ်းမှုပိုင်းဆိုင်ရာတွင် နောက်ဆုံး ရရှိထားသော အဓိကကျသည့် စည်းမျဉ်းစည်းကမ်း များ နှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ၊ ဘေးအန္တရာယ်ကင်းရှင်းမှု နှင့် နည်းပညာပိုင်းဆိုင်ရာများ ၊ ဘေးကင်းလုံခြံမှု နှင့် နည်းပညာ အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် အရပ်ဘက်လူမှုအသိုင်းအဝန်း နှင့် လူမှုပိုင်းဆိုင်ရာ တာဝန်ယူမှု တို့တွင် နိုင်ငံတကာ လက်ခံသော အလေ့အကျင့်ကောင်းများ  ကို ဆန်းစစ်ခြင်းတို့ ပြုလုပ်ကြမည် ဖြစ်သည်။

 

အထက်ပါ တွေ့ဆုံပွဲ ညီလာခံ နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက [email protected] ထံသို့ မေးလ် ပို့ မေးမြန်းခြင်း သို့မပာုတ် ဤတွင် event website  ဝင်ရောက်လေ့လာနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

သဘာဝပတ်ဝန်းကျင် သက်ရောက်မှုအပေါ် လေ့လာဆန်းစစ်ခြင်း (EIA) နှင့် ပတ်သက်ဆက်နွယ်နေသည့် သတင်းများ

 

၂၀၁၆ ၊စက်တင်ဘာလ ၁၂ ရက် တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ERM တို့သည် အရပ်ဘက် လူ့အဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ အရာရှိများ နှင့် အတူ မြန်မာနိုင်ငံတွင်း ရှိ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုအပေါ် လေ့လာဆန်းစစ်ခြင်း (EIA) လမ်းစဉ် တွင် မဟာဗျုဟာ အကြောင်းအရာ ကိစ္စရပ်များ နှင့် အနာဂတ် တွင် စိုးရိမ်ရသည့် ကိစ္စရပ်များ နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ဆွေးနွေးမှုများ တွင် လက်တွေ့တွင် ဆောင်ရွက်နေသည့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုအပေါ် လေ့လာဆန်းစစ်ခြင်း လမ်းစဉ် ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန တို့ ၏ အခန်းကဏ္ဍအမျိုးမျိုး နှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုအပေါ် လေ့လာဆန်းစစ်ခြင်း (EIA) အစီရင်ခံစာများ အား ဖွင့်လှစ်ဖော်ပြခြင်း တို့ အပေါ် အဓိကထား ဆွေးနွေးခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ကုမ္ပဏီများ၏ လူ့အခွင့်အရေးမူဝါဒ ဖော်ဆောင်ရေး နှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)က လေ့ကျင့်မှုများ ပြုလုပ်ပေး

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် “လူ့အခွင့်အရေး မူဝါဒ ဖော်ဆောင်ရေး” တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၆ စက်တင်ဘာလ ၅ ရက်တွင် ရန်ကုန်မြို့၌ စီစဉ်ကျင်းပခဲ့သည်။ ထိုပွဲအား လူ့အခွင့်အရေး ကော်မရှင် ဝန်ထမ်းများ အပါအဝင် မြန်မာ ကုမ္ပဏီ ၄၉ ခု မှ လူသားအရင်းအမြစ်ဌာန တွင် အလုပ်လုပ်ကိုင် နေကြသော ဝန်ထမ်းများ ၊ အရပ်ဘက် အသိုင်းအဝန်း နှင့် ကော်ပိုရိတ် ဆက်ဆံရေး နှင့် ဆက်သွယ်ရေး ဌာနများ မှ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၇၃ ဦး ပါဝင်တက်ရောက် ခဲ့ကြသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ရခိုင်ပြည်နယ် ရှိ ခရီးသွားကဏ္ဍ အစီအစဉ်ဆွဲခြင်းကို ထောက်ပံ့အားပေး

 

ရခိုင်အစိုးရ ၏ လူမှု စီးပွား ဖွံဖြိုးတိုးတက်ရေး မပာာဗျူဟာ ၏ ခရီးသွားလုပ်ငန်း ဆောင်ရွက်မှုအား မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးခဲ့ပါသည်။ MCRB ၏ တွဲဖက်တာဝန်ခံ ကိုသိန်းသန်းဌေး သည် ခရီးသွား ကဏ္ဍ၏ ကဏ္ဍအလိုက်သက်ရောက်မှုများ အား ဆန်းစစ်လေ့လာခြင်း မှ အသိပညာများ

ဝေမျှပေးခဲ့ပါသည် ။ ထို့အပြင် ၂၀၁၆ မေလ တွင် ပြုလုပ်ခဲ့သော HSF/MCRB တို့၏ ငပလီ အလုပ်ရုံဆွေးနွေးပွဲ မှ အကြောင်းအရာများကိုလည်း  ရခိုင်အစိုးရ ၏ UNDP မှ အထောက်အပံ ပေးထားသော လူမှု စီးပွား ဖွံဖြိုးတိုးတက်ရေး မပာာဗျူဟာ ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ငါးနှစ်တာ ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံဖြိုးတိုးတက်မှု အစီအစဉ် တွင် အကူအညီဖြစ် စေရန် ဝေမျှခဲ့ပါသည်။
 
 
 
 
 
 
 

ဆက်သွယ်ရေးကဏ္ဍ ၏ ဘေးကင်းလုံခြုံရေး နှင့် အလုပ်သမား အလုပ်ရုံဆွေးနွေးပွဲ အား အောက်တိုဘာလ ၇ရက်နေ့တွင် ပြုလုပ်မည်

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် မိုဘိုင်းလ် ကွန်ရက် လုပ်ကိုင်ဆောင်ရွက်သူများ အချင်းချင်း တွေ့ဆုံဆွေးနွေး နိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အဆင့် ၁ နှင့် အဆင့် ၂ တို့မှ တဆင့်ခံ ကန်ထရိုက်တာ တို့အချင်းချင်းကြား မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး ကွန်ရက် ဖော်ဆောင်ရာတွင် ကျန်းမာရေး နှင့် လုံခြုံရေး ၊ အလုပ်သမား ၊ မြေ နှင့် အရပ်ဘက်အသိုင်းအဝန်း ကိစ္စရပ်များစသည့်  ‘offline human rights’  နှင့် ပတ်သက်သည့် အတွေ့အကြုံများ အား ဖလှယ်ရန်ပင် ဖြစ်သည်။

ထပ်မံသိရှိလိုပါက [email protected]  ထံသို့ ဆက်သွယ်ပေးပါရန်။
 
 
 
 
 
 
 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း နှင့် ပတ်သက်သည့် ကဏ္ဍအသီးသီးမှ ပါဝင်ပတ်သက်ဆက်နွယ်သူများ အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်တွင် ကျင်းပ

 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန (MCRB) နှင့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Myanmar Business Coalition on Aid (MBCA) တို့သည် တာဝန်ယူမှုရှိသည့် စီးပွားရေး လုပ်ငန်း အထူးသဖြင့် တနင်္သာရီ ဒေသတွင်းရှိ ရင်းနှီးမြှပ်နှုံများ နှင့် ပတ်သက်သည့် စိုးရိမ်မှုများ နှင့် ပတ်သက်သည်များ ဆွေးနွေးရန် စက်တင်ဘာလ ၂၅ ရက်တွင် ကဏ္ဍအသီးသီးမှ ပါဝင်ပတ်သက် ဆက်နွယ်သူများဆွေးနွေးပွဲအား ထားဝယ်မြို့၌ စီစဉ်ခဲ့ပါသည်။ ထို အလုပ်ရုံဆွေးနွေးပွဲအား MCRB မှ အထောက်အပံပေးထားသော MBCA ၏ ထားဝယ်ရုံး တစ်နှစ်ပြည့် အထိမ်းအမှတ် နှင့် ချိတ်ဆက်ကာ ပြုလုပ်ခဲ့ပါသည်။ ဒေသခံစီးပွားရေး လုပ်ငန်းများ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူ့မှုအဖွဲ့အစည်း အုပ်စုများ တက်ရောက်ခဲ့ကြပါသည်။ MCRB နှင့် MBCA တို့က ဝန်ကြီးချုပ် နှင့် တွေ့ဆုံခဲ့ကာ မိမိတို့ လုပ်ကိုင်နေသည်များ အား မိတ်ဆက်ခဲ့ပါသည်။

 
 
 
 
 
 
 
facebook linkedin googleplus