Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
ဒုတိယမြောက် သတင်းလွှာ
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
Companies Discuss the Challenges of Doing Business Responsibly in SouthEast Myanmar
 
Companies Discuss the Challenges of Doing Business Responsibly in SouthEast Myanmar
 
မြတ်လအစောပိုင်းတွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် Peace Nexus နှင့် ကောလာဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းကာ ကရင်ပြည်နယ်တွင် လုပ်ကိုင်လျှက် ရှိကြသော ဒေသခံကုမ္ပဏီများ အတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  ကျင်းပခဲ့သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
SWIA Team
 
MCRB Inputs into the Consultation on Rules to Implement the Mining Law
 
သတ္တုတွင်းကဏ္ဍ၏ သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း (SWIA) အစီရင်ခံစာအတွက် (SWIA) အဖွဲ့သားများသည် မကြာမီကပင် ဒုတိယအကြိမ် ကွင်းဆင်းသုတေသနများ ပြလုပ်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အဖွဲ့သားများသည် ပဲခူးတိုင်း ကျောက်ကြီး ဒေသနှင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသတို့ရှိ တစ်နိုင်တစ်ပိုင်ရွှေတူးဖော်ရေးလုပ်ငန်းများကို သွားရောက် သုတေသနပြုခဲ့ပါသည်။ လာမည့်သုတေသနခရီးစဉ်များကို မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပြုလုပ်မည်ဖြစ်သည်။ MCRB သည် သတ္တုတွင်းနည်းဥပဒေ မူကြမ်းနှင့်ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနသို့ မှတ်ချက်များ ပေးပို့ထားပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
Mekong
 
Some Pointers for Public Participation in Environmental Impact Assessment
 
MCRB နှင့် MPE (Mekong Partnership for Environment) တို့ပူးပေါင်းပြီး “ပတ်ဝန်းကျင်ထိခိုက်မှုအား ဆန်းစစ်လေ့လာခြင်း ဆိုင်ရာကိစ္စများတွင် လူထုပါဝင်မှု ဆွေးနွေးပွဲ” ကို ဖေဖော်ဝါရီ ၂၄ရက်တွင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်များ ကို အကောင်ထည်ဖော်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်နိုင်သည့် နည်းလမ်းများကို မျှဝေပေးရန်နှင့် မဲခေါင်ဒေသတွင်း ပတ်ဝန်းကျင်ထိခိုက်မှုအား ဆန်းစစ်လေ့လာခြင်းများ ပြုလုပ်ရာတွင်ပြည်သူလူထုပူးပေါင်း ပါဝင်မှု ရှိလာစေရန်အတွက် ဒေသတွင်း စည်းမျဉ်းများတိုးတက်ဖွံဖြိုးရေးကိုဆွေးနွေးနိုင်ရန် အတွက်ရည်ရွယ်ပြီး ကျင်းပခဲ့ ခြင်းဖြစ်သည်။ ၂၀၁၃ခုနှစ်က မြန်မာနိုင်ငံတွင် ကုန်းတွင်းနှင့်ကမ်းလွန်လုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ ထုတ်ပြန်ထားသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း နှင့် ကနဦးပတ်ဝန်းကျင် လေ့လာချက်များကို အခြေခံပြီး အစီရင်ခံစာ တစ်စောင်ကို မတ်လအတွင်း MCRB က ထုတ်ပြန်သွားမည် ဖြစ်သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
DICA
 
နောက်ဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအား ၄င်းတို့ ဝက်ဆိုဒ်ကိုပုံစံပြောင်းလဲပြီး တိုးတက်လွှင့်တင်နိုင်မှုအတွက် MCRB က ဂုဏ်ပြုပါသည်။ ၄င်းဝက်ဆိုဒ်သစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ environmental regulations ကိုဖော်ပြထားပြီး ကုမ္ပဏီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ ကိုလည်း ရှာဖွေရလွယ်ကူသည့် ပုံစံများဖြင့် တွေ့နိုင်ပါသည်။ ဝက်ဆိုဒ်သစ်ကို အင်္ဂလ်ပ်ဘာသာဖြင့်www.dica.gov.mm နှင့် မြန်မာဘာသာဖြင့် www.dica.gov.mm/mmတို့တွင် ကြည့်ရှုနိုင်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
facebook linkedin googleplus