Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မင်္ဂလာရှိသော နှစ်သစ်ပါ။

မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေဖြင့် မိတ်ဆွေသူငယ်ချင်းများ နှင့် လက်တွဲလုပ်ကိုင်ဖော်များ အားလုံးကို ပျော်ရွှင်စရာ ခရစ်စမတ်(စ်) နှင့် ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ် ဖြစ်ပါစေ ပာု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ သင်တို့၏ စဉ်ဆက်မပြတ် အထောက်အပံ ပေးမှုများ၊ လက်တွဲ လုပ်ကိုင်မှုများ နှင့် ကျွမ်းကျင်မှုများ အတွက် ကျေးဇူး တင်ရှိပါသည်။ မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ဖန်တီးဖော်ဆောင်ရာ တွင် သင်တို့နှင့် အတူတကွ လက်တွဲလုပ်ကိုင် ခဲ့ကြသည်မှာ အားရကျေနပ်ဖွယ်ပင် ဖြစ်ခဲ့ပါသည်။ သင့်အတွက် ပိုမိုတောက်ပသော ကြီးပွားချမ်းသာသော ၂၀၁၇ နှစ်သစ် ဖြစ်ပါစေပာု ဆုမွန်ကောင်း လိုက်ပါသည်။

 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 

တနသာင်္ရီတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သော ရေရှည်တည်တံသော ခရီးသွားလုပ်ငန်း။

 

မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် FFI တို့သည် တနသာင်္ရီဒေသတွင် ရေရှည်တည်တံ၍ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်း ခေါင်းစဉ်ဖြင့် ကဏ္ဍပေါင်းစုံ မှ ပါဝင်ပတ်သက်သူများ နှင့် နှစ်ရက်တာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ထားဝယ်မြို့နယ် တွင် ၁၉၊ ၂၀ ဒီဇင်ဘာလ၊ ၂၀၁၆ခုနှစ် ၌ ပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲ အား စီစဉ် ဆောင်ရွက် ခဲ့ရသည် အကြောင်းအရင်း မှာ ဒေသတွင်း ခရီးသွားလုပ်ငန်း တိုးတက်ဖွံဖြိုးရေး အတွက် ဦးစားပေး ဆောင်ရွက် ရမည်များ နှင့် အခက်အခဲများ ကို ဒေသတွင်း ပါဝင်ပတ်သက်သူများ မှ ဆွေးနွေး နိုင်ရန် ဖြစ်သည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်း နှင့် အရပ်ဘက်အဖွဲ့အစည်း တို့မှ လူအယောက် ၁၂၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

“နိုင်ငံသားများ ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေမူကြမ်း ” အပေါ်တွင် အကြံပေးတိုင်ပင်ဆွေးနွေးမှု ကို ဖိတ်ခေါ်ခြင်း။

 

ဒီဇင်ဘာလ ၁၄ နှင့် ၁၅ ရက်နေ့တွင် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီဂျစ်တယ် ရပိုင်ခွင့် ဆွေးနွေးပွဲ ကို ဖန်တီးရာ ၊ Myanmar Innovation Lab၊ မြန်မာနိုင်ငံ အိုင်စီတီ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (MIDO)၊ Engage Media နှင့် တွဲဖက်၍ ဆွီဒင် သံရုံး ၏ အထောက်အပံဖြင့် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတကာ နှင့် မြန်မာနိုင်ငံတွင်းရှိ အဓိကကျသော ဒီဂျစ်တယ် ရပိုင်ခွင့် နှင့် ပတ်သက်သည့် စိန်ခေါ်မှုများ ကို ဖြေရှင်းနိုင်ရန် နိုင်ငံတွင်းရှိ နည်းပညာ ကုမ္ပဏီများ၊ အစိုးရပိုင်း၊ မီဒီယာပိုင်း နှင့် အရပ်ဘက်အဖွဲ့အစည်းများ မှ ၅၅ ဦးထက်ပိုသော ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
ကလေးသူငယ်များ အခွင့်အရေး နှင့် စီးပွားရေးလုပ်ငန်း အနှစ်ချုပ် စာတမ်း အပေါ်တွင် အကြံပေးတိုင်ပင်ဆွေးနွေးမှု။
 

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ၎င်း၏ စာတမ်းအသစ် တစ်စောင် ဖြစ်သည့် “ ကလေးသူငယ်များ အခွင့်အရေး နှင့် မြန်မာနိုင်ငံတွင်း တာဝန်ယူမှု ရှိသည့် စီးပွားရေးလုပ်ငန်း ” အနှစ်ချုပ်စာတမ်း အတွက် တိုင်ပင်ဆွေးနွေး မှုများ ပြုလုပ်နိုင်ရန် နှင့် ဝေဖန်အကြံပြုချက်များ ကို ရရှိနိုင်ရန် အတွက် ဆွေးနွေးညှိနှိုင်းပွဲ တစ်ရပ်ကို ရန်ကုန်တွင် ပြုလုပ်ခဲ့ပါသည်။ UNICEF/Save the Children/ ကမ္ဘာလုံးဆိုင်၇ာ ကလေးသူငယ် အခွင့်အရေး နှင့် စီးပွားရေးလုပ်ငန်း အခြေခံသဘောတရား သဘောတူညီချက်များ (Global Compact Children’s Rights and Business Principles) အပေါ်တွင် အခြေခံကာ စီးပွားရေးလုပ်ငန်းများ နှင့် အခြား အဖွဲ့အစည်းများ အတွက် လမ်းညွှန်ချက်များ အဖြစ် အထောက်အပံ ပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤနယ်ပယ်အတွင်း လုပ်ကိုင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများ အနေဖြင့် သတင်းအချက်အလက် အသစ် နှင့် နောက်ဆုံးရ များ ကို ၃၁ ရက်နေ့၊ ဇန်န၀ါရီလ ၂၀၁၇ နောက်ဆုံးထား၍ [email protected] သို့ ပေးပို့ နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြေယာရယူခြင်း သက်ဆိုင်သူတို့၏ သဘောဆန္ဒမပါဘဲ ရွှေ့ပြောင်းစေခြင်း နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အလေ့အထများ အပေါ်တွင် ဆွေးနွေးပွဲ ပြုလုပ်ခြင်း။

 

မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC) နှင့် JICA ကျွမ်းကျင်ပညာရှင်များ အဖွဲ့ နှင့် ပူးပေါင်း၍၂၀၁၆ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၏ အစိုးရ၀န်ထမ်းများ အတွက် မြို့ပြ နှင့် မြို့ပြ၀န်းကျင် တို့ ၌ မြေယာရယူခြင်း၊ သက်ဆိုင်သူတို့၏ သဘောဆန္ဒမပါဘဲ ရွှေ့ပြောင်းစေခြင်း တို့ နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အလေ့အထများ ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက် မှာ ရန်ကုန် နှင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် သက်ဆိုင်သည့် မြေယာရယူခြင်း၊ သက်ဆိုင်သူတို့၏ သဘောဆန္ဒမပါဘဲ ရွှေ့ပြောင်းစေခြင်း နှင့် စားဝတ်နေရေး ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အလေ့အကျင့် ကောင်းများ ကို ဝေမျှလိုခြင်း ပင်ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့ စီးပွားရေး လုပ်ငန်းများ အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရန် အတွက် “အုပ်ချုပ်မှု စနစ်ကောင်းများဆိုင်ရာ လမ်းညွှန်” ရရှိနိုင်ပြီ ဖြစ်သည်။

 

မြန်မာ့စီးပွားရေးလုပ်ငန်းများ အတွက် အုပ်ချုပ်မှုစနစ်ကောင်းများ ဆိုင်ရာ လမ်းညွှန် -၂၀၁၆ ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင် “ အဂတိလိုက်စားမှု ဆန့်ကျင်ရေး နှင့် ကျင့်ဝတ်နှင့် အညီ လုပ်ငန်းဆောင်ရွက်ခြင်း လက်စွဲစာစောင်” ကို စတင်ထုတ်ပြန်ခဲ့သည်။ မြန်မာ့စီးပွားရေးလုပ်ငန်းစုများ နှင့် လုပ်ကိုင်ဆောင်ရွက်ရသည့် အတွေ့အကြုံများ အပေါ် အခြေခံ၍ အကြံဉာဏ်များ၊ လက်တွေ့လေ့လာမှုများကို ပံပိုးပေးရန် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ၀န်ထမ်းများ သည် Coffey အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်မှု စနစ်ကောင်းများ ဆိုင်ရာ လမ်းညွှန်သည် စီးပွားရေးလုပ်ငန်းရှင်များ ၏ မန်နေဂျာများ အတွက် အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်များ ကို လျော့ချနိုင်ရန် အထောက်အကူပြု ပါလိမ့်မည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု စည်းမျဉ်းစည်းကမ်းများ အပေါ်တွင် ဆွေးနွေးတိုင်ပင်ထားသည်များကို တင်ပြခြင်း။

 

မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ EarthRights International, ဥပဒေ ပညာရှင်များ ကော်မရှင် (International Commission of Jurists), Oxfam နှင့် the World Wildlife Fund တို့မှ ပညာရှင်များ မှ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု စည်းမျဉ်းစည်းကမ်းများ အပေါ်တွင် ဆွေးနွေးတိုင်ပင်ထားသည်များကို ပူးတွဲတင်ပြ ခဲ့ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus