Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သတင်း
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 

သတ္တုတွင်းကဏ္ဍ၏သက်ရောက်မှုအား လေ့လာဆန်းစစ်ချက်

 

 မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြှုာန (MCRB) သည် အကျိုးစီးပွား ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးညှိနှိုင်းပွဲ ကို  ရန်ကုန်မြို့ တွင် (၂)ရက်ကြာ ကျင်းပပြီး တုန့်ပြန်အကြံပြုချက်များ ကောက်ခံခဲ့သည်။  ထို့အတူ နေပြည်တော်ရှိ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန  သို့လည်း သွားရောက်တွေ့ဆုံကာ သတ္တုတွင်းကဏ္ဍ၏သက်ရောက်မှုအား လေ့လာဆန်းစစ်ချက်မူကြမ်းကို တင်ပြခဲ့သည်။ ၄င်း သတ္တုတွင်းကဏ္ဍ၏သက်ရောက်မှုအား လေ့လာဆန်းစစ်ချက်သည် သတ္တုတွင်းကဏ္ဍမှ ထုံးကျောက်၊ ခဲမဖြူ၊နှင့် ရွှေတို့၏ စီမံကိန်းအဆင့်နှင့် ကဏ္ဍအဆင့် သက်ရောက်မှုတို့ကို ဦးတည်ချက်ထား လေ့လာထားပါသည်။ လက်ရှိတွင် သတ္တုတွင်းကဏ္ဍ၏သက်ရောက်မှုအား လေ့လာဆန်းစစ်ချက် အစီရင်ခံစာအတွက် မူဝါဒပိုင်းဆိုင်ရာ ၊နှင့် ဥပဒေပိုင်းဆိုင်ရာနှင့် လုပ်ဆောင်မှုပိုင်း ဆိုင်ရာ အကြံပြုချက်များအပြီးသတ်ရေးသားနေပြီး  မကြာမီ ထုတ်ဝေတော့မည် ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

တယ်လီကွန်း ဆက်သွယ်ရေးကဏ္ဍတွင်းမှ အလုပ်သမားနှင့် လုံခြုံရေးကဏ္ဍ

 

တယ်လီနော်နှင့် အော်ရီဒူး တို့၏ ထောက်ပံ့မှုဖြင့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြှုာန (MCRB) နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန (FGLLID) တို့သည် ၂၀၁၆ အောက်တိုဘာ ၇ ရက်တွင်  မိုဘိုင်းလ် ကွန်ရက် လုပ်ကိုင် ဆောင်ရွက်သူများ အချင်းချင်း တွေ့ဆုံဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။  တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီများ၊ တာဝါတည်ဆောက်သူ ကုမ္ပဏီများ၊တစ်ဆင့်ခံကန်ထရိုက်များနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှအပါအဝင် (၄၅)ခန့်တက်ရောက်ခဲ့သည်။ ကုမ္ပဏီများက ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်ပုံ၊နှင့် ကျန်းမာရေးနှင့် လုံခြုံစိတ်ချရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ကြုံတွေ့ရသည့်အခက်အခဲများ နှင့် ဖြေရှင်းပုံအတွေ့အကြုံများကို မျှဝေခဲ့သည်။ ၄င်းသည် ကုမ္ပဏီများအတွက် ပထမဆုံးအခွင့်အရေး ဖြစ်ပြီး MCRB၏  သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ၏ သက်ရောက်မှုအား လေ့လာဆန်းစစ်ချက် အစီရင်ခံစာ၏ တွေ့ရှိချက်နှင့် အကြံပြုချက်အရ ဆောင်ရွက်ခြင်း ဖြစ်သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
တစ်ကမ္ဘာလုံး တယ်လီကွန်း ဆက်သွယ်မှု ရရှိရေး
 

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြှုာန (MCRB) မှ ထုတ်ဝေထားသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ၏ သက်ရောက်မှုအား လေ့လာဆန်းစစ်ချက် အစီရင်ခံစာ၏ နောက်ဆက်တွဲအနေဖြင့် A4AI (Alliance for Affordable Internet) ၊ ကမ္ဘာ့ဘဏ်၏ အကြံပေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်အားလုံးအင်တာနက်ရရှိရေးမဟာဗျူဟာ ဖွံဖြိုးရေးအတွက် developing a Universal Access Strategy for Myanmar ဆောင်ရွက်နေသည်။သင်သည် အရပ်ဖက်အဖွဲ့အစည်းမှ ဖြစ်ပြီး (သို့မဟုတ်)အခြားအကျိးစီးပွားပါဝင်ပတ်သက်သူ ဖြစ်ပြီး ၄င်းမူဝါဒဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပါဝင်လိုပါက [email protected] သို့ ဆက်သွယ်နိုင်သလို  A4AI coalitionတွင်လည်း ပူးပေါင်းပါဝင်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ သစ်ကို အောက်တိုဘာ (၁၈) ရက်က ပြဌာန်းခဲ့ပါသည်။  ယခင်ရေးဆွဲခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများမှ အတွေ့အကြုံများကို ယူကာ အခြားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် ပတ်ဝန်းကျင်သက်ရောက်မှုအားလေ့လာဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ် များနှင့် အပြန်အလှန်ချိတ်ဆက်ခြင်း၊နှင့်တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ အားကောင်း လာစေရန်အတွက် MCRB က ၂၀၁၅ခုနှစ်နှင့် ၂၀၁၆ခုနှစ်အတွင်း မြောက်များစွာသော အကြံပြုချက် များ ပေးပို့ခဲ့သည်။ ၄င်းတွင် ကုမ္ပဏီက မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြုချက် ရယူရတွင် ထိရောက်အလုပ်ဖြစ်သည့် ထိခိုက်မှုကုစားရေး ယန္တယား ထူထောင်ထားမှသာ ပေးအပ်ရန်၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းအမူအကျင့်များ အတွက် နှစ်စဉ် ရေရှည်တည်တံ့ခိုင်မြဲရေး စီးပွားရေး အစီရင်ခံစာများထုတ်ဝေရန် တို့ပါဝင်သည်။ MCRB သည်အရပ်ဖက်လူ့အဖွဲ့အစည်းများ ၊ စီးပွားရေးတွင် အကျိုးစီးပွားပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းပြီး ဥပဒေများကို လည်းကောင်း၊ ပြင်ဆင်ရန်အတွက် လည်းကောင်း အကြံပြုတွန်းအားပေးလျှက်ရှိသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

မသန်စွမ်းသူများ အခွင့်အရေးနှင့် စီးပွားရေး

 

မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် မသန်စွမ်းသူများ ယုံကြည်မှုနှင့် မြန်မာနိုင်ငံ စီးပွားလုပ်ငန်းများတွင် ပါဝင်နိုင်မှုကို မြှင့်တင်စေရန် အတွက် ၂၀၁၆-၂၀၁၈ မဟာ ဗျူဟာကိုမူကြမ်းကို ပြုစုခဲ့သည်။ ၄င်းကို အင်္ဂလိပ်  ၊ မြန်မာ နှစ်ဘာသာဖြင့် ရရှိနိုင်ပါသည်။ ထိုထဲတွင် ၂၀၁၄ခုနှစ်မှစ၍ MCRB လုပ်ဆောင်ထားသည့်  မသန်စွမ်းလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများကို အသေးစိပ်ဖော်ပြထားပါသည်။ စိတ်ဝင်စားသည့်  အစုအဖွဲ့များ က မဟာဗျူဟာတွင် ထပ်မံထည့်သွင်းလိုသည်များကိုကြိုဆိုပါသည်။ ထပ်မံတည့်သွင်းလိုသည်များကို [email protected]    သို့ ပေးပို့နိုင်ပါသည်။ MCRB ၏ အနာဂတ်လုပ်ငန်းများကို  ဌာန၏ နည်းဗျူဟာ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့်  Business Disability International (bdi) နှင့်တွဲဖက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထပ်မံသိရှိလိုပါက အသေးစိပ်အချက်များကို တွင် ဖတ်ရှုနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပြတ်ဝန်းကျင်သက်ရောက်မှုအား ဆန်းစစ်ခြင်း( EIA) ဖွင့်ဟခြင်း

 

မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ၄င်း၏  ဖွင့်ဟခြင်းဆိုင်ရာ သုတေသန   ကို အချိန်နှင့်တပြေးညီ (update) ပြုလုပ်သည့်အနေဖြင့် ၂၀၁၆ ဧပြီလက  ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၏ ပတ်ဝန်းကျင်သက်ရောက်မှုအား ဆန်းစစ်ခြင်း( EIA)နှင့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ဖွင့်ဟခြင်း သတေသနကို များကို ထပ်မံပြုလုပ်ခဲ့သည်။ ၄င်းသုတေသနအရ ၂၀၁၃ခုနှစ်ကတည်းက  လုပ်ကိုင်ခွင့်ချပေးထားခဲ့သောရေနံနှင့်သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက် ၂၀ထဲမှ ၁၄ခု (၇၀)ရာခိုင်နှုန်း သည် ၄င်းတို့၏ IEE/EIA ထုတ်ပြန်ထားကြသည်။ ပထမအကြိမ်သုတေသနပြုလုပ်စဉ် မတ်လက ၅၈ ရာခိုင်နှုန်းသာရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။  ကုန်းတွင်းလုပ်ကွက်များတွင်မူ  ၁၅ခုအနက်မှ ၇ခုက ထုတ်ပြန်လာပြီး ရာခိုင်နှုန်းအားဖြင့် ၄၇ ဖြစ်သည်။ မူလ၂၆ရာခိုင်နှုန်းရှိရာမှ တိုးတက်လာခြင်းဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဒာတ်ငွေ့ကဏ္ဍသည် ဖွင့်ဟခြင်းတွင် ခေါင်းဆောင်နေသည်ဆိုသော်လည်း တိုးတက်ပြောင်းလဲခြင်းမှာ လိုအပ်နေသေးသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်ချထားခြင်းနှင့် EIA လုပ်ငန်းအတွက် ဥပဒေဘောပိုင်းဆိုင်ရာ မကြာသေးမီအချိန်က ပြပြင်ပြောင်းလဲတိုးတက်မှုများနှင့် ထပ်မံသိရှိလိုသည်များကို ဤတွင်လေ့လာဖတ်ရှု နိုင်ပါသည်။

 
 
 
 
 
 
 
facebook linkedin googleplus