Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သတင်း
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 

UNGC အတွက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ပထမဆုံး ပါဝင်ပတ်သက်ဆက်နွယ်မှုနှင့် ပတ်သက်သည့် သတင်းပေးပို့ချက် ပေးပို့

 

မြန်မာစီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ပါဝင်ပတ်သက်ဆက်နွယ်မှုနှင့် ပတ်သက်သည့် သတင်းပေးပို့ချက် (CoE)သည် အဖွဲ့အစည်းတွင်း စီမံခန့်ခွဲမှုနှင့် ပြင်ပ ပတ်သက်ဆက်နွယ်မူ တို့တွင် UNGC၏ မူဝါဒ ၁၀ချက် ကို အထောက်အပံ့ ပေးသည့် လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြထားပါသည်။ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးမြင့်လာသည်ကို MCRB ၏အလုပ်ရုံဆွေးနွေးပွဲများတွင် တွေ့မြင်ရပါသည်။ ကျွန်ုပ်တို့သည် လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြုပြင်၍ပြန်လည်သုံးစွဲခြင်း(Reduce၊ Reuse ၊Recycle )အပိုင်းတွင် ပလပ်စတစ်အိတ်ကို လျှော့ချသုံးစွဲခြင်းဖြင့် ကတိကဝတ်ကို တည်မြဲစေပါသည်။ ဥပမာအားဖြင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ရေသန့်ဘူးများသုံးစွဲခြင်း အစား ရေကရားများသာ သုံးစွဲခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရန်လည်း ကြိုဆိုပါသည်။ အစီရင်ခံစာကို ဤနေရာတွင် ရရှိနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ ပြည်တွင်း အကြံပေးများ စွမ်းရည်ပိုမိုလာစေရန် ပျိုးထောင်ပေးခြင်း

 

Heinrich-Böll Stiftung ပံ့ပိုးမှု၊ သယံဇာယတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် MCRB နှင့် Vermont Law School (VLS) တို့သည် ၂၀၁၆ခုနှစ် သြဂုတ်လ ၁၂ရက်က ရန်ကုန်မြို့တွင် သင်တန်းတစ်ခုပြုလုပ်ခဲ့သည်။ ၂၀၁၅ ဒီဇင်ဘာ ၂၉ တွင်ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အခြေခံပြီး ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် သင်တန်းပေးခြင်း ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ တင်ပြချက် ( presentation) များကို ဤနေရာတွင် ရရှိနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
ကုမ္ပဏီနှင့် ရပ်ရွာလူထုအကြား နှစ်ဘက်ဆွေးနွေးခြင်း၊ ပြေလည်မှုရအောင် ဖြန်ဖြေခြင်း ဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ MCRBနှင့် PeaceNexusတို့ ပူးပေါင်း ကျင်းပ
 

MCRBနှင့် PeaceNexusတို့သည် သြဂုတ်လ ၂၉ရက်နှင့် ၃၀ရက်တို့တွင် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆွေးနွေးသည့် ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့သည်။ ယင်းသည် စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြဿနာများတွင် နှစ်ဘက် ဆွေးနွေးခြင်း၊ ပြေလည်မှုရအောင် ဖြန်ဖြေခြင်း များဆောင်ရွက်ရန် အတွက်စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို စွမ်းရည်မြင့်ပျိုးထောင်ပေးနိုင်ရန် လိုအပ်ချက်များ၊ ပုံဖော်ဆောင်ရွက်မည့်ပုံစံများ၊ ဖြစ်နိုင်ခြေရှိသည့် ကနဦး လုပ်ဆောင်မှုများလုပ်ကိုင်နိုင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရှေ့နေများ၊ ဥပဒေ ပညာရပ်နားလည်သူများ၊ရင်းနှီးမြှုပ်နှံမှုကြောင့် ထိခိုက်မှုများခံစားရသည့် ရပ်ရွာလူထုနှင့် ထိတွေ့ဆက် ဆံနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံခြားနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့စည်းများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ မှ ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း၅၀ဦးခန့်တက်ရောက်ခဲ့သည်။ ဤနေရာတွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB နှင့် Business Disability International (bdi)တို့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်

 

MCRB နှင့် Business Disability International (bdi)တို့သည် မဟာဗျူဟာကျကျ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ ၄င်းသည် MCRB၏ လုပ်ဆောင်ဆဲနှင့် လုပ်ဆောင်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို မသန်စွမ်းသူများဆိုင်ရာ ကနဦး အသိပညာပေးမှု လုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျှင် Guide on CSR and Disability (CSR-D) for Companies in Myanmar’ကို The Deaf Resources Centre ပူးပေါင်းထုတ်ဝေခြင်းမျိုးဖြစ်သည်။ MCRB နှင့် bdi တို့သည် မသန်စွမ်းသူများ ယုံကြည်မှုရှိစေမည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် နှင့် ရွှေ့လျားစီးပွားရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရန် ဥပဒေပြဌာန်း ခြင်းများ၊စနစ်တကျ ပြုပြင်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ရန်အတွက် တူညီသည့် ရည်မှန်း ချက်များကို ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။ထိုမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကမ္ဘာတွင် ကျင့်သုံးနေသည့် စီးပွားရေးနှင့် မသန်စွမ်းအခွင့်အရေး ဆိုင်ရာဥပဒေရေးရာကိစ္စရပ်များကို MCRB က နားလည်သဘောပေါက်ခွင့် ရရှိစေနိုင်ပါသည်။ ထို့အပြင်မြန်မာနိုင်ငံရှိ အကျိုးစီးပွားပါဝင် ပတ်သက်ဆက်နွယ်သူများကိုလည်း ပြန်လည်မျှဝေနိုင်မည် ဖြစ်သည်။ ဆက်လက်ဖတ်ရှုလိုပါက

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

MCRB ၏ မီဒီယာတွင် ပါဝင်မှု

 

MCRB၏ သတင်းအချက်အလက်၊ဆက်သွယ်ရေးနှင့် နည်းပညာနှင့် လူ့အခွင့်အရေးကိစ္စ အကြံပေး လူစီပါဒန်သည် ၂၀၁၅ခုနှစ်က ထုတ်ဝေခဲ့သည့် သတင်းအချက်အလက်၊ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ၏ ကဏ္ဍအလိုက်သက်ရောက်မှု ကို လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာမှ အမုန်းစကား လေ့လာမှုကို ဆောက်တည်ခြင်းကို အခြေခံပြီး -အမုန်းစကားတိုက်ဖျက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ -ဆောင်းပါးကို မြန်မာတိုင်မ်း စာစောင်တွင် ရေးသားခဲ့သည်။ China Dialogue ကလည်း ဗစ်ကီဘိုမန်ရေးသားသည့် အသစ်ထုတ်ပြန်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး ဥပဒေများက တရုတ်နှင့် အခြားရင်းနှီးမြှုပ်နှံသူများ ကိုမည်သို့ဖြစ်စေသနည်း ဆိုသည် ကို တရုတ်ဘာသာ၊နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ဝေခဲ့သည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

အရပ်ဘက်လူ့အဖွဲ့အစည်းများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲများ

 

မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် ဆိုင်ရာလုပ်ငန်းစဉ်အတွင်းမှ မဟာဗျူဟာကျသော အရေးကိစ္စများနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ ကို ဆွေးနွေးမည့် နေ့ဝက်ကြာ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ရက် တနင်္လာနေ့တွင် ရန်ကုန်မြို့၌ အပြည်ပြည်ဆိုင်ရာ sustainability consultancy ဖြစ်သည့် ERM နှင့် တွဲဖက် ကျင်းပမည်ဖြစ်သည်။ ၄င်းသည် အစိုးရမဟုတ်သော အဖွဲအစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် မေးခွန်းများမေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို သိနိုင်ရန် နှင့် တတိယအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို သိနိုင်မည့် အခွင့်အရေးပင်ဖြစ်ပါသည်။ ERMသည် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်များ ဆောင်ရွက်နေသည်။ တက်ရောက်လိုပါက စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများက တက်ရောက်ရန် စိတ်ဝင်စားပါက [email protected] သို့စာရင်းပေးသွင်းနိုင်ပါသည်။

 
 
 
 
 
 
 

တယ်လီကွန်းကဏ္ဍမှ လုံခြုံစိတ်ချရရေးနှင့် အလုပ်သမားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ။ အောက်တိုဘာ ၇ရက်။

 

MCRBသည် မိုဘိုင်းကွန်ယက်အော်ပရေတာ အဖွဲ့အ ချင်းချင်း ၊အဆင့်၁ နှင့် အဆင့်၂ တဆင့်ခံ ဆက်သွယ် လုပ်ကိုင်သူများ ပါဝင်သည့် လုပ်ငန်းတူ အဖွဲ့အချင်းချင်းအတွက် အစည်းအဝေးတွင် အဆင်ပြေအောင် ကူညီ (facilitating) ပြုလုပ်ပေးမည် ဖြစ်သည်။မြန်မာ့ တယ်လီကွန်း ကွန်ယက်အတွင်းရှိ offline human rights များဖြစ်သည့် ကျန်းမာရေး၊လုံခြုံစိတ်ချရရေး၊ အလုပ်သမား၊ မြေယာနှင့် ဒေသဆိုင်ရာကိစ္စရပ်များ ကို ဖြေရှင်းမှု အတွေ့အကြုံများ၊ အလေ့ကျင့်ကောင်းများကို ဖော်ထုတ်တင်ပြကြမည် ဖြစ်ပါသည်။ ပိုမို သိရှိလိုပါက [email protected] ကို ဆက်သွယ်နိုင်ပါသည်။

 
 
 
 
 
 
 

အစီအစဉ် တာဝန်ခံသစ် ခန့်အပ်ရန် လတ်တလော အလုပ်ခေါ်ယူမှု

 

MCRB သည် ရာထူးသစ်တစ်ခုဖြစ်သည့် အစီအစဉ် တာဝန်ခံ ရာထူးကို ခန့်အပ်နိုင်ရန် ရှာဖွေနေပါသည်။ အလှူရှင်များကို အစီရင်ခံစာပေးပို့ခြင်းနှင့် အင်္ဂလိပ်ဘာသာရပ်ဖြင့် ဆက်သွယ်ခြင်း အပါအဝင် MCRB ၏ သုံးနှစ်စာ အစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အစီအစဉ်များ ကို ကူညီဆောက်ရွက်ရန် အတွက် ဖြစ်သလို MCRB ၏ အကျိုးစီးပွားဆက်နွယ် ပတ်သက်သူများ အားလုံးကို ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်သည်။ လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာ ၁၅ရက်ဖြစ်သည်။ ဆက်လက်ဖတ်ရှုလိုပါက

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 

သဘာဝဘေးအန္တရာယ်ပြန်လည် ထူထောင်ရေးတွင် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှု

 

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် နိုင်ငံခြားကုမ္ပဏီများ၊ မြန်မာကုမ္ပဏီများသည် ကုလ သမဂ္ဂအေဂျင်စီများ ဖြစ်ကြသော ကုလဖွံ့ဖြိုးမှု အစီအစဉ်( UNDP) နှင့် OCHA တို့နှင့် ပူးပေါင်းပြီး (ရေကြီးမှု၊ ငလျင်အစရှိသည့် ) သဘာဝဘေးများ ဖြစ်ပေါ်လာပါက တုန့်ပြန်နိုင်ရန်အတွက် ကုလသမဂ္ဂ၊NGOများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အတွင်း ပူးပေါင်းမှု ပိုမိုဆောင်ရွက်မှုကြပါသည်။ လုပ်ငန်းဆောင်ရွက်မည့်အဓိကအဖွဲ့ကို ဖွဲ့စည်းထားပြီး အခြေခံလုပ်ငန်းစဉ် (ToR) မှာ ဥပမာအားဖြင့် ဖိလစ်ပိုင်နိုင်ငံကဲ့သို့ ကုဂ္ဂလိက ကဏ္ဍ ကွန်ယက်ဖွဲ့နိုင်ရေးအတွက် ဖြစ်ပါသည်။ သင်၏ ကုမ္ပဏိ သို့မဟုတ် ဖောင်ဒေးရှင်းက ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားလျှင် ကျေးဇူးပြု၍ နှင့် မအေးအေးခိုင်([email protected]) သို့ မဟုတ် Mr. Eyram Dzitrie ([email protected]) ထံသို့ဆက်သွယ်နိုင်ပါသည်။

 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus