Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သတင်း
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
 
သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်သည် ငပလီဒေသ အရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းအတွက် အဓိကအရေးပါသည့် ကိစ္စရပ်ဖြစ်
 
မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြု ဌာန (MCRB) သည် Hanns Seidel Foundation နှင့် အတူတကွ ပူးပေါင်း၍ ခရီးသွားကဏ္ဍ ပါဝင်ပတ်သက် ဆက်နွယ်သက်ဆိုင်သူများ နှင့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား ငပလီမြို့ တွင် မေလ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲ အစီရင်ခံစာ ကို မကြာမီ ထုတ်ဝေဖြန့်ချီ သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ယခုတွင် ပါဝင်သက်ဆိုင်သူများ ၏ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ နှင့် ခရီးသွားဒေသအလိုက် စီမံခန့်ခွဲမူများ နှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မူများကို
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
ပွင့်သစ်စ ကုမ္ပဏီများနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များအပေါ် အကြံတောင်းခံခြင်း
 
သြဂုတ်လတွင် ထုတ်ဝေမည့် တတိယအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ အတွက် မြန်မာ့စီးပွားရေး လုပ်ငန်းများအပေါ် ပွင့်လင်းမြင်သာမူ ရှိ/မရှိ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ ကို သုတေသန ပြုလုပ်လျက် ဖြစ်ပါသည်။ အစီရင်ခံစာမှာ ကုမ္ပဏီများမှ ၎င်းတို့ ဝဘ်ဆိုဒ်ပေါ်တွင် တင်ထားသော အချက်အလက်များ ကို ကြည့်ရှုပါသည်။ ကုမ္ပဏီအနေဖြင့် အများပြည်သူလူထုအပေါ် ၄င်းတို့ ပေးထားသော ကတိကဝတ်အတိုင်း လုပ်ဆောင်မူ ရှိ မရှိ ဆိုသည့် အချက်အပေါ် အခြား သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများ ၏ တုန့်ပြန်အကြံပြုချက်များကို လည်း ကျွန်ုပ်တို့ လက်ခံရရှိရန် မျှော်လင့်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
မြန်မာနိုင်ငံရှိ ကုမ္ပဏီများအတွက် စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်သစ် အွန်လိုင်းတွင်ရရှိပြီဖြစ်
 
ကျွန်ုပ်တို့သည် စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် စာအုပ်အား ပြင်ဆင်တည်းဖြတ် နေပါသည်။ ထို့အတူ ကုမ္ပဏီများ သို့မပာုတ် မြန်မာနိုင်ငံတွင်း သက်ဆိုင်ရာ အစိုးရမပာုတ်သော အဖွဲ့အစည်း များ ၏ လုပ်ဆောက်လျက် ရှိသော လုပ်ငန်းများမှ ကောင်းသော လူ့အခွင့်အရေး လေးစားလိုက်နာမှူ အလေ့အကျင့်ကောင်းများ အားလည်း ထည့်သွင်းရန် ရှာဖွေနေပါသည်။ ထည့်သွင်းဖော်ရန် ဥပမာရှိပါက ဒေါ်နှင်းဝတ်ရည် [email protected] သို့ ဆက်သွယ်ပေးပါ ရန်။
 
ဆက်လက်ဖတ်ရှုလိုပါကd
 
 
 
 
 
 
Myanmar Mining Sector-Wide Impact Assessment (SWIA)
 
သတ္တုတွင်းကဏ္ဍ ၏ သက်ရောက်မူများ အား လေ့လာဆန်းစစ်နေသော အဖွဲ့သည် ၎င်းတို့၏ လေးကြိမ်မြောက် နှင့် နောက်ဆုံးအကြိမ်ဖြစ်သော ကွင်းဆင်းလေ့လာမူအား မော်ချီး နှင့် ထားဝယ်ဒေသရှိ ခဲမဖြု တူးဖော်သော လုပ်ငန်းများအားလေ့လာနေပါသည်။ ၎င်း တို့ ၏ တွေ့ရှိချက်များအား သက်ရောက်မူ ဆန်းစစ်လေ့လာချက် အစီရင်ခဲစာမူကြမ်းတွင် ထည့်သွင်းမည် ဖြစ်ပါသည်။ အဆိုပါအစီရင်ခံစာမူကြမ်းအား လာမည့် စက်တင်ဘာလတွင် သက်ဆိုင်သူများနှင့် အကြံပြုဆွေးနွေးရန် စီစဉ်ထားပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
Investment and Respect for Indigenous People's Rights in Myanmar
 
ပြီးခဲ့သည့် မေလက လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ဗစ်ကီဘိုမင်သည် MCRB က ပြုစုထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံ ရှိ ဌာနေတိုင်းရင်းသားများ ၏ ရပိုင်ခွင့်များ နှင့် စီးပွားရေးလုပ်ငန်းများ အနှစ်ချုပ်စာလွှာမှ အချက်အလက်များကို အခြေခံ၍ ဌာနေတိုင်းရင်းသား ကိစ္စရပ်များနှင့် နှင့် ရင်းနှီးမြှပ်နှံမူ စာချုပ်များဆိုင်ရာကိစ္စရပ်များ၊ ထို့အပြင် မြစ်ဆုံဆည်အကြောင်း ဆွေးနွေးခဲ့ ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
Companies Discuss the Challenges of Doing Business Responsibly in SouthEast Myanmar
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန သည် မကြာသေးမီ အချိန်ကပင် ပြည်တွင်း အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်များ အတွက် တာဝန်ယူမူရှိသော စီးပွားရေးလုပ်ငန်း ဆိုင်ရာ သိသင့်သည့် အချက်အလက်များ နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဘားအံမြို့ နှင့် တောင်ငူ မြို့တွင် Kawlah Foundation/Peace Nexus တို့ နှင့် အတူပြုလုပ်ပေးခဲ့ပါသည်။ မော်လမြိုင်တွင် National Enlightenment Institute နှင့် အတူ ထို့အပြင် Irrawaddy Green Towers နှင့် အတူလည်း ချိတ်ဆက်ပြုလုပ်ပေးခဲ့ပါသည်။ အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်၍ မော်နီကာ ဆုမြတ်နွယ် [email protected] သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
Creating Shared Value in Myanmar
 
ဇူလိုင်လ တွင် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ နှင့် တာဝါတိုင်၊ ဖိုင်ဘာ နှင့် ဆောက်လုပ်ရေးလုပ်ငန်း ပိုင်းဆိုင်ရာ ကုမ္ပဏီများ နှင့် ၎င်းတို့၏ အလုပ်သမား၊ လုံခြုံရေး နှင့် ဒေသခံများ နှင့် ပူးပေါင်းဆောင်ရွက်မူဆိုင်ရာ ကိစ္စရပ်များ တွင် ၎င်းတို့ ကြုံတွေ့ခဲ့ရသော အခက်အခဲများအား ပြန်လည်ဝေမျှသော အလုပ်ရုံဆွေးနွေးပွဲအား မကြာမီ ပြုလုပ်မည် ဖြစ်ပါသည်။ အကျိးအမြတ်ကိုအများနှင့် မျှဝေနိုင်ရေး တွန်းအားပေးသည့် အစီအမံများ (Incentivising Shared Value) နှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန မှ ပူးတွဲတာဝန်ယူထားသည့် သြစတြေးလျ - မြန်မာ ကုန်သည်ကြီးများအသင်း တာဝန်ယူမူ ရှိသော ရင်းနှီးမြှပ်နှံမူ လုပ်ငန်းအဖွဲ့ (the Australia-Myanmar Chamber of Commerce) ၏ ရပ်တည်ချက် စာတမ်း ကိုလဲ မျှဝေသွားမည် ဖြစ်ပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
New Role for MCRB’s Deputy Director
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမူရှိရေး အထောက်အကူပြုဌာန (MCRB) သည် သုတေသနနှင့် ဆက်ဆံရေး မန်နေဂျာ နှင်းဝတ်ရည် သူမ၏ မီးဖွားခွင့် ကုန်ဆုံးချိန်တွင် ပြန်ရောက် လာသဖြင့် ကြိုဆိုအပ် ပါသည်။ Deputy Director အဖြစ် လုပ်ကိုင်ပြီး Asia International Compliance Group ၏ MD အဖြစ် တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားသော Rosie Zhang အားလဲ ဆုမွန်ကောင်းတောင်းပေးပါသည်။
 
 
 
 
 
 
 
facebook linkedin googleplus