Myanmar Centre for Responsible Business
 
Myanmar Centre for Responsible Business
 
 
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ သတင်းများ

စာဖတ်သူအပေါင်း ပျော်စရာနှစ်သစ်နှင့်လုံခြုံ စိတ်ချရသော သင်္ကြန်ပွဲတော်ကို ရရှိပါစေဟု MCRB က ဆန္ဒပြုပါသည်။
 
ကျွန်ုပ်တို့ ဝက်ဆိုဒ်ကို လေ့လာပါ။
 
 
 
 
 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ
 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပ
 
မတ်လ ၁၆ရက်က MCRBသည် ASEAN CSR Network နှင့်ပူးပေါင်းပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်သူများက ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးဘဝများတွင် လာဘ်ပေးရန်တောင်းဆိုခံရမှု အတွေ့အကြုံများကို အီလက်ထရောနစ် စနစ်ဖြင့် မဲပေးခဲ့သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
သုတေသနအရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)ထုတ်ပြန်ကြေညာမှု မပြည့်စုံသည်ကို တွေ့ရှိရ
 
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်(EIA)ထုတ်ပြန်ကြေညာမှု
 
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)နှင့် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE) ထုတ်ပြန်ကြေညာမှု မည်မျှရှိသည်ကို လေ့လာထားသော စစ်တမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။ ၄င်းစစ်တမ်းသည် မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်နောက်ပိုင်း ရေနံနှင့် သဘာဓာတ်ငွေ့တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများကို ဦးတည်လေ့လာခဲ့သည်။ စစ်တမ်းအရ ကမ်းလွန်လုပ်ကွက် ၁၉ခုအနက် ၁၁ခု (၅၈ရာခိုင်နှုန်း)၊ ကုန်းတွင်းလုပ်ကွက် ၁၅ခုအနက် ၄ခု (၂၆ ရာခိုင်နှုန်း) ကသာ ၄င်းတို့၏ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)နှင့် ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE) တို့ကို အင်တာနက်တွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

စစ်တမ်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)၊ ကနဦး ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် (IEE) နှင့် ထုတ်ပြန်ကြေညာမှုအတွက် လိုအပ်ချက်အသစ်များကို လိုက်နာဆောင်ရွက်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ဆန်းစစ်လေ့လာထားပြီး မည်သို့ဖြေရှင်းရမည်ကိုလည်း အကြံပြုထားပါသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့ (Action Labor Rights-ALR)၏ ကိုရီးယားပိုင်အထည်ချုပ်စက်ရုံအလုပ်သမားများ အကြောင်း သုတေသန
 
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့ (Action Labor Rights-ALR)၏ ကိုရီးယားပိုင်အထည်ချုပ်စက်ရုံအလုပ်သမားများ အကြောင်း သုတေသန
 
မြန်မာ့စီးပွားရေးကဏ္ဍတာယန်ယူမှုရှိရေးအထောက်အကူပြုဌာန က မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၏အရည်အသွေးကို မြှင့်တင်ပေးသည့်အနေဖြင့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများအဖွဲ့၏ “ဖိအားများအောက်မှ”အမည်ရ အစီရင်ခံစာအတွက် ဘဏ္ဍာရေးထောက်ပံ့မှုများ ပြုလုပ်ထား ပါသည်။၎င်းအစီရင်ခံစာသည် ကိုရီးယားပိုင်နှင့် ကိုရီးယားဖက်စပ်အထည်ချုပ် စက်ရုံ အချို့မှအလုပ်သမားများ၏ အခြေအနေများကို အစီရင်ခံထားခြင်းဖြစ်ပါသည်။ အစီရင်ခံစာအတွက် ကွင်းဆင်းသုတေသနများကို ၂၀၁၅ခုနှစ် နှစ်လည်ခန့်က ပြုလုပ်ထားပြီး လုပ်ငန်းခွင် အခြေအနေများသည် မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့်ဥပဒေပါအချက်များနှင့်ကိုက်ညီမှုရှိမရှိကို နှိုင်းယှဉ် ပြထားပါသည်။ ၄င်းသုတေသနအရ စက်ရုံအများစုမှာ အထူးသဖြင့် အလုပ်ချိန်နှင့် အချိန်ပိုကိစ္စ များတွင် ဥပဒေအတိုင်းလိုက်နာခြင်း မရှိသည်ကို တွေ့ရှိရသည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နယ်ပယ်အသီးသီးမှ အကျိုးစီးပွားသက်ဆိုင်သူများနှင့် ငပလီတွင် ဆွေးနွေးရန်စီစဉ်ထားခြင်း
 
ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နယ်ပယ်အသီးသီးမှ အကျိုးစီးပွားသက်ဆိုင်သူများနှင့် ငပလီတွင် ဆွေးနွေးရန်စီစဉ်ထားခြင်း
 
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနနှင့် Hanns Seidel Foundation တို့ပူးပေါင်းပြီး တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းဖြစ်ပေါ်စေရေးအတွက် နယ်ပယ်အသီးသီးမှ အကျိုးစီးပွားသက်ဆိုင်သူများနှင့် ငပလီတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် စီစဉ်ထားပါသည်။ ၄င်းသည် အထက်ပါအဖွဲ့အစည်း၂ခုက ၂၀၁၅ ခုနှစ်အတွင်း ပူးပေါင်းကျင်းပထားသော -“ခရီးသွားလုပ်ငန်းနှင့် လူ့အခွင့်အရေး” နှင့် “ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်း”စသည့် အလုပ်ရုံဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလည်း ဖြစ်သည်။ ၄င်းတို့၂ခုလုံးက ခရီးသွားလုပ်ငန်း ဒေသသစ်များ ဖော်ထုတ်ရာတွင် ဒေသခံများ၏ ဆန္ဒနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆန္ဒတို့ တိုက်ဆိုင်မှုမရှိဟု မီးမောင်းထိုးပြသွားခဲ့သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
မြန်မာစီးပွားရေးဖိုရမ် ဝက်ဆိုဒ်လွှင့်တင်
 
မြန်မာစီးပွားရေးဖိုရမ် ဝက်ဆိုဒ်လွှင့်တင်
 
စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲမြှင့်တင်ခြင်းဖြင့် စီးပွားရေးပတ်ဝန်ကျင်ကောင်းအဖြစ်တိုးတက်လာစေရန်ရည်ရွယ်ပြီး အစိုးရ ကဏ္ဍ နှင့် ပုဂ္ဂလိက ကဏ္ဍတို့ အပြန်အလှန် ဆွေးနွေးနိုင်မည့် နေရာ တစ်ခု ဖော်ဆောင်ရန် အတွက် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ကမြန်မာစီးပွားရေးဖိုရမ်ကို ထောက်ပံ့ထားပါသည်။ ၄င်းမြန်မာစီးပွားရေးဖိုရမ်က ဝက်ဆိုဒ်တစ်ခုလွှင့်တင်ခဲ့ရာ အင်္ဂလိပ် ဘာသာ နှင့်ရော မြန်မာဘာသာ နှင့်ပါ ဖတ်ရှုနိုင်ပါသည်။ ၄င်းတွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လေ့လာထားမှုများနှင့် ထောက်ခံအကြံပြုတင်ပြချက်များ ဆိုင်ရာ စာတမ်းများပါဝင်ပါသည်။ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် သဘာဝသယံဇာတနှင့် မြေယာအပါအဝင် မြန်မာစီးပွားရေးဖိုရမ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး လုံခြုံစိတ်ချရရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ထည့်ဝင်မှုများ ပြုလုပ် ခဲ့သည်။
 
ဆက်လက်ဖတ်ရှုလိုပါက
 
 
 
 
 
 
facebook linkedin googleplus